တာခ်ီလိတ္ၿမိဳ႕တြင္ ခ်ဳံေတာထဲ၌ ပုပ္ပြေလာက္တက္ေနသည့္ အမည္မသိ အမ်ဳိးသားအေလာင္း ေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕တြင္ ခ်ဳံေတာထဲ၌ ပုပ္ပြေလာက္တက္ေနသည့္ အမည္မသိ အမ်ဳိးသားအေလာင္း ေတြ႔ရွိ
မတ် 14, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း(က)၊ အပိုင္း(စ) ဟုန္ပန္း၀က္ၿခံအနီး ေျမကြက္လပ္ ခ်ဳံေတာထဲတြင္ ပုပ္ပြေနသည့္ အမည္မသိ အမ်ဳိးသားအေလာင္း တစ္ေလာင္းအား မတ္လ(၁၄)ရက္ေန႔ ညပိုင္းက ေတြ႔ရွိရသည့္အတြက္ သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ေသဆံုးၿပီး ပုပ္ပြကာ ေလာက္မ်ားတြယ္ကပ္ေနသည့္ အမ်ဳိးသားသည္ ေသဆံုးေနသည္မွာ ၾကာျမင့္ေနသည့္ အေနအထားျဖစ္ေနၿပီး သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သယ္ယူကာ တာခ်ီလိတ္ေဆးရုံရွိ ရင္ခြဲရံုသို႔ ညတြင္းခ်င္း ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူသည္ မည္သူဆိုသည္ကို သိရွိႏိုင္ရန္ ႏွင့္ ေသဆံုးသည့္ ျဖစ္စဥ္အား သိရွိႏိုင္ရန္အတြက္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ ေနလ်က္ရွိေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁၁/၂၀၁၈ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - #စိုင္းေဇယ်ာ
ဓါတ္ပံု - #တာခ်ီလိတ္နာေရးကူညီမႈအသင္း





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)၊ အပိုင်း(စ) ဟုန်ပန်းဝက်ခြံအနီး မြေကွက်လပ် ချုံတောထဲတွင် ပုပ်ပွနေသည့် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား မတ်လ(၁၄)ရက်နေ့ ညပိုင်းက တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သေဆုံးပြီး ပုပ်ပွကာ လောက်များတွယ်ကပ်နေသည့် အမျိုးသားသည် သေဆုံးနေသည်မှာ ကြာမြင့်နေသည့် အနေအထားဖြစ်နပြေီး သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ သယ်ယူကာ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ညတွင်းချင်း ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူသည် မည်သူဆိုသည်ကို သိရှိနိုင်ရန် နှင့် သေဆုံးသည့် ဖြစ်စဉ်အား သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေလျက်ရှိကြောင်းနှင့် တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၈ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~