ကယားျပည္နယ္အတြင္း ေက်းရြာ (၁၃)ရြာတြင္ ပအုိဝ္းတုိင္းရင္းသားစာေပႏွင့္ ဗုဒၶဘာသာယဥ္ေက်းမႈ သင္တန္းမ်ား ဖြင့္လွစ္

ကယားျပည္နယ္အတြင္း ေက်းရြာ (၁၃)ရြာတြင္ ပအုိဝ္းတုိင္းရင္းသားစာေပႏွင့္ ဗုဒၶဘာသာယဥ္ေက်းမႈ သင္တန္းမ်ား ဖြင့္လွစ္
မတ် 17, 2018
By Tachileik News Agency

ကယားျပည္နယ္အတြင္း ပအိုဝ္းတုိင္းရင္းသားမ်ား ေနထုိင္ရာ ေက်းရြာ (၁၃)ရြာရိွ ဘုန္းေတာ္ႀကီး ေက်ာင္းႏွင့္ စာသင္ေက်ာင္းမ်ားတြင္ မတ္လ (၁၇)ရက္ေန႔မွစ၍ ပအုိ၀္းတုိင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈသင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမ်ားသို႔ တက္ေရာက္ေနသူ (၁၂၅၆)ဦး ရိွေနၿပီး အေျခခံပအုိဝ္းစာေပႏွင့္၊ ဗုဒၶဘာသာ စာေပတုိ႔အား (၁၀)ရက္ၾကာ သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

ပအိုဝ္းတိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈမ်ား၊ ဗုဒၶဘာသာဆုိင္ရာ စာေပတို႔အား သင္ၾကားမည့္ အဆိုပါ သင္တန္းမ်ား ဖြင့္လွစ္ႏုိင္ေရးအတြက္ ကယားျပည္နယ္အစုိးရအဖြဲ႕၊ ၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ေထာက္ပံ့ေငြက်ပ္ (၅) သိန္းေပးအပ္ လွဴဒါန္းေၾကာင္း သိရသည္။

ေဒသတြင္း ပအုိ၀္းတုိင္းရင္းသားစာေပႏွင့္ ဗုဒၶဘာသာယဥ္ေက်းမႈသင္တန္းဖြင့္ပြဲကို ျပည္နယ္ အစိုးရအဖြဲ႕လည္း တက္ေရာက္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ (၁၃)ရွာရှိ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင် မတ်လ (၁၇)ရက်နေ့မှစ၍ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ သင်တန်းများသို့ တက်ရောက်နေသူ (၁၂၅၆)ဦး ရှိနပြေီး အခြေခံပအိုဝ်းစာပေနှင့်၊ ဗုဒ္ဓဘာသာ စာပေတို့အား (၁၀)ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုများ၊ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတို့အား သင်ကြားမည့် အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ထောက်ပံ့ငွေကျပ် (၅) သိန်းပေးအပ် လှူဒါန်းကြောင်း သိရသည်။

ဒေသတွင်း ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ပြည်နယ် အစိုးရအဖွဲ့လည်း တက်ရောက်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~