မိုင္းျဖတ္ၿမိဳ႕ရွိ နမ့္ယြန္းျပည္သူ႔စစ္တပ္ဖြဲ႔ ဖြဲ႔စည္းျခင္း (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ ဂုဏ္ျပဳျခင္း ႏွင့္အတူ ေက်းဇူးေတာ္ခ်ီးမြမ္း

မိုင္းျဖတ္ၿမိဳ႕ရွိ နမ့္ယြန္းျပည္သူ႔စစ္တပ္ဖြဲ႔ ဖြဲ႔စည္းျခင္း (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ ဂုဏ္ျပဳျခင္း ႏွင့္အတူ ေက်းဇူးေတာ္ခ်ီးမြမ္း
မတ် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္းရွိ နမ့္ယြန္းျပည္သူ႔စစ္(ဌာနအဖြဲ႔)၏ တပ္ဖြဲ႔ ဖြဲ႔စည္းျခင္း (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားတြင္ ယခင္က တိုက္ပြဲတြင္း ထူးခြ်န္ ခဲ့သူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားအား ၂၀၁၈ခုႏွစ္ မတ္လ(၂၄)ရက္ေန႔ နံနက္ပိုင္းက နမ့္ယြန္းေက်းရြာတြင္ က်င္းပ ျပဳလုပ္ျခင္း ျဖစ္ၿပီး က်ဆံုးသူမ်ား ႏွင့္ လက္ရွိ တာ၀န္ထမ္းေဆာင္ေနသူ တပ္ဖြဲ႔၀င္မ်ား အတြက္ ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္းျဖင့္ ဆုေတာင္းပြဲပါ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္(မိုင္းျဖတ္)မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ စိုးတင့္ ႏွင့္ တပ္မေတာ္အရာရွိမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ နမ့္ယြန္းျပည္သူ႔စစ္ေခါင္းေဆာင္ ဦးဝင္းဇာနည္ေမြ ႏွင့္ တပ္ဖြဲ႔ဝင္မ်ားအပါအ၀င္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ လာခဲ့ၾကေၾကာင္း သိရသည္။

နမ့္ယြန္းျပည္သူ႔စစ္(ဌာနအဖြဲ႔)၏ (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားတြင္ ယခင္က တိုက္ပြဲမ်ား အတြင္း ထူးခြ်န္ခဲ့သူမ်ားကို ဂုဏ္ျပဳမွတ္တမ္းမ်ား ေပးအပ္ျခင္းအစီအစဥ္လည္း ပါ၀င္ေၾကာင္း ႏွင့္ နမ့္ယြန္းျပည္သူ႔စစ္တပ္ဖြ႔ဲသည္ ယခုအခ်ိန္တြင္ တပ္ဖြဲ႔၀င္ အင္အား (၆၅၀)ရွိေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ နမ့္ယြန္းျပည္သူ႔စစ္(ဌာေနအဖြဲ႔)အေနနဲ႔ (၁၉၇၃)ခုႏွစ္မွာ ဦးက်စိုးဘို ေခါင္းေဆာင္ၿပီးေတာ့ တပ္ဖြဲ႔ဝင္ (၁၀)ဦးနဲ႔ ဖြဲ႔စည္းခဲ့ပါတယ္၊ ယခုအခါ ဦးဝင္းဇာနည္ေမြ ေခါင္းေဆာင္ၿပီး အင္အား(၆၅၀)ဦးနဲ႔ ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္၊ ယခင္က တိုက္ပြဲမွာ ထူးခြ်န္ခဲ့သူမ်ားကို ဂုဏ္ျပဳ မွတ္တမ္းမ်ား ေပးအပ္ျခင္းနဲ႔ အတူ က်ဆံုးသူမ်ားနဲ႔ ခုလက္ရွိ တာဝန္ထမ္းေဆာင္ေနတဲ့ တပ္ဖြဲ႔ဝင္မ်ား အတြက္ ခရစ္ယာန္ ဘာသာ ထံုးတမ္းစဥ္လာအရ ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္းနဲ႔ ဆုေတာင္းပြဲ ျပဳလုပ္တာ ျဖစ္ပါတယ္"ဟု နမ့္ယြန္း ျပည္သူ႔စစ္တပ္ဖြဲ႔မွ ဒုတိယေခါင္းေဆာင္ ဦးတင္ကိုကို က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ယြန္းေက်းရြာအုပ္စုရွိ နမ့္ယြန္းေက်းရြာအား ရြာအျဖစ္ တည္ေထာင္ ခဲ့သည္မွာ ႏွစ္ေပါင္း (၅၀)ျပည့္ခဲ့သည့္ အတြက္ ၂၀၁၈ခုႏွစ္ မတ္လ(၂၃)ရက္ေန႔က ႏွစ္(၅၀)ျပည့္ ေရႊရတု အထိမ္းအမွတ္ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း အခမ္းအနားအား လားဟူတိုင္းရင္းသား ႏွစ္ျခင္းခရစ္ယာန္ အသင္းေတာ္ႀကီးမွဴး၍  က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်းရှိ နမ့်ယွန်းပြည်သူ့စစ်(ဌာနအဖွဲ့)၏ တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၄၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ယခင်က တိုက်ပွဲတွင်း ထူးချွန် ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား ၂၀၁၈ခုနှစ် မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက နမ့်ယွန်းကျေးရွာတွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ကျဆုံးသူများ နှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူ တပ်ဖွဲ့ဝင်များ အတွက် ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် ဆုတောင်းပွဲပါ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မိုင်းဖြတ်)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့် နှင့် တပ်မတော်အရာရှိများ၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းဇာနည်မွေ နှင့် တပ်ဖွဲ့ဝင်များအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် လာခဲ့ကြကြောင်း သိရသည်။

နမ့်ယွန်းပြည်သူ့စစ်(ဌာနအဖွဲ့)၏ (၄၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ယခင်က တိုက်ပွဲများ အတွင်း ထူးချွန်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းအစီအစဉ်လည်း ပါဝင်ကြောင်း နှင့် နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့သည် ယခုအချိန်တွင် တပ်ဖွဲ့ဝင် အင်အား (၆၅၀)ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ နမ့်ယွန်းပြည်သူ့စစ်(ဌာနေအဖွဲ့)အနေနဲ့ (၁၉၇၃)ခုနှစ်မှာ ဦးကျစိုးဘို ခေါင်းဆောင်ပြီးတော့ တပ်ဖွဲ့ဝင် (၁၀)ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်၊ ယခုအခါ ဦးဝင်းဇာနည်မွေ ခေါင်းဆောင်ပြီး အင်အား(၆၅၀)ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်၊ ယခင်က တိုက်ပွဲမှာ ထူးချွန်ခဲ့သူများကို ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခြင်းနဲ့ အတူ ကျဆုံးသူများနဲ့ ခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်များ အတွက် ခရစ်ယာန် ဘာသာ ထုံးတမ်းစဉ်လာအရ ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ ဆုတောင်းပွဲ ပြုလုပ်တာ ဖြစ်ပါတယ်"ဟု နမ့်ယွန်း ပြည်သူ့စစ်တပ်ဖွဲ့မှ ဒုတိယခေါင်းဆောင် ဦးတင်ကိုကို က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စုရှိ နမ့်ယွန်းကျေးရွာအား ရွာအဖြစ် တည်ထောင် ခဲ့သည်မှာ နှစ်ပေါင်း (၅၀)ပြည့်ခဲ့သည့် အတွက် ၂၀၁၈ခုနှစ် မတ်လ(၂၃)ရက်နေ့က နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားအား လားဟူတိုင်းရင်းသား နှစ်ခြင်းခရစ်ယာန် အသင်းတော်ကြီးမှူး၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~