နမ့္စန္ၿမိဳ႕နယ္ အားကစားရံုႏွင့္ ၾကက္ေျခနီရံုးအတြက္ လိုအပ္သည့္ေျမေနရာကို လယ္ဆည္ထံမွ ထပ္မံညိႇႏိႈင္းေတာင္းဆိုေပးမည္

နမ့္စန္ၿမိဳ႕နယ္ အားကစားရံုႏွင့္ ၾကက္ေျခနီရံုးအတြက္ လိုအပ္သည့္ေျမေနရာကို လယ္ဆည္ထံမွ ထပ္မံညိႇႏိႈင္းေတာင္းဆိုေပးမည္
မတ် 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္တြင္ အားကစားရံုႏွင့္ ၾကက္ေျခနီရံုးတည္ေဆာက္ရန္ ေျမလြတ္ေျမလပ္ မရိွသျဖင့္ ၿမိဳ႕နယ္အတြင္း ေျမယာအမ်ားဆံုး ပိုင္ဆုိင္ထားသည့္ ဝန္ႀကီးဌာနျဖစ္သည့္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနထံမွ ဝန္ႀကီးဌာနခ်င္း ထပ္မံ ညိႇႏိႈင္းေတာင္းခံေပးမည္ ျဖစ္ေၾကာင္း သိရသည္။

“ဒီတစ္ရက္၊ ႏွစ္ရက္အတြင္းမွာပဲ ကၽြန္ေတာ္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ညိႇႏႈိင္းပါမယ္။ တစ္လက္စထဲမွာ ကၽြန္ေတာ္တုိ႔ ဝန္ႀကီးဌာနမွာလည္း ေျမေနရာ ရိွ/မရိွ ျပန္လည္စစ္ေဆးၿပီး ရိွတယ္ဆို ေပးပါမယ္”ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက မတ္လ (၇)ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာၾကားသည္။

နမ့္စန္ၿမိဳ႕နယ္ ေဘာလုံးကြင္းအနီးတြင္ အားကစား႐ုံ တည္ေဆာက္ရန္ႏွင့္ ၾကက္ေျခနီ႐ုံး တည္ေဆာက္ရန္ ေျမေနရာအတြက္ ဝန္ႀကီးဌာနအခ်င္းခ်င္း ျပန္လည္ညိႇႏိႈင္းေပးပါရန္ နမ့္စန္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဌးလြင္(ခ)ဦးဒီလုံးက ေမးျမန္းမႈအား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

“တစ္ၿမိဳ႕နယ္လံုးနီးပါး လယ္ယာနဲ႔ဆည္ေျမာင္းဦးစီးဌာနက ေျမအားလံုးနီးနီးကို ပိုင္တာပါ။ ရံုးဌာနေတြကိုလည္း သူတို႔ပဲ ေခတ္အဆက္ဆက္ စြန္႔လႊတ္ေပးခဲ့တာပါ။ အခုဝန္ႀကီးေျဖသြားတာထဲလည္း ပါ ပါတယ္။ အရင္က ေဆးရံုလည္း ဖြင့္လွစ္ခဲ့တယ္။ ေနာက္ၿပီးေတာ့ လဝကရံုးဖြင့္တယ္။ ဒီေနာက္မွာ လဝကရံုးကို ေနရာ သပ္သပ္ေပးၿပီးတဲ့အခါမွာ အခုက သူ႔ဝန္ထမ္းေတြခ်ည္းပဲ ေနထုိင္ေနတာပါ။ ကၽြန္ေတာ္တုိ႔ ဆီမွာ ဝန္ထမ္းအိမ္ရာေတြလည္း အမ်ားႀကီးရိွပါတယ္။ တေလာကပဲ ဆည္ေျမာင္း ဝန္ႀကီးဌာနနဲ႔ ဟိန္းထက္စံကုမၸဏီတို႔ အက်ိဳးတူဖက္စပ္ ေစ်းေဆာက္တဲ့ အခါမွာလည္း အစားထိုး အိမ္ေလးလံုးဆိုၿပီး ေဆာက္လုပ္ေပးထားတာလည္း ရိွပါတယ္။ ဒီဝန္ထမ္းေတြကို အဲဒီကိုေရႊ႕ေပးရင္လည္း အဆင္ေျပႏုိင္ပါတယ္။ ကၽြန္ေတာ္တုိ႔ၿမိဳ႕ အေနနဲ႔ ေျမရွာဖို႔ဆိုတာ ေျမလြတ္ေျမလပ္ကေတာ့ မရိွေတာ့ပါဘူး။ ေခတ္အဆက္ဆက္ကလည္း ဒီလယ္/ဆည္ဝန္ႀကီးဌာနကပဲ အၿမဲစြန္႔လႊတ္ေပးခဲ့တာပါ။ ဒီေနရာက ေဘာလံုးကြင္းနဲ႔လည္း နီးပါတယ္။ အားကစားရံုအတြက္လည္း အဆင္ေျပတဲ့အတြက္ ဝန္ႀကီးအေနနဲ႔ လယ္/ဆည္ဝန္ႀကီးနဲ႔ ျပန္လည္ညိႇႏိႈင္းမႈရိွ/မရိွကို ထပ္မံေမးျမန္းလိုပါတယ္”ဟု နမ့္စန္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးလြင္(ခ)ဦးဒီလုံးက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

နမ့္စန္ၿမိဳ႕နယ္ ေဘာလုံးကြင္း အနီးတြင္ အားကစား႐ုံ တည္ေဆာက္ရန္ႏွင့္ ၾကက္ေျခနီ႐ုံး တည္ေဆာက္ရန္ ေျမေနရာမရိွသည့္အတြက္ လက္ရိွေဘာလံုးကြင္း အနီးရိွ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန လက္ေအာက္မွ စက္မႈသီးႏွံဖြံ႕ၿဖိဳးတုိးတက္ေရးဦးစီးဌာနပိုင္ေျမမွ အားကစားရံုအတြက္ ေျမ (၀.၉၈) ဧကႏွင့္ ၾကက္ေျခနီရံုးအတြက္ (၀.၂၁၇) ဧကတုိ႔ကို လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔ခ်င္းညိႇႏိႈင္း၍ လႊဲေျပာင္း၍ေသာ္လည္းေကာင္း၊ ေရာင္းခ်၍ေသာ္လည္းေကာင္း ေဆာင္ရြက္ေပးႏုိင္ျခင္း ရိွ/မရိွကို လႊတ္ေတာ္တြင္ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

“ေဘာလံုးကြင္း တစ္ခုထဲသာရိွၿပီး အားကစားရံု မရိွေသးတဲ့အတြက္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ျပည္နယ္ အား/ကာမွဴးတို႔နဲ႔  ညိႇႏိႈင္းတဲ့အခါမွာ အားကစားရံုနဲ႔ ၾကက္ေျခနီရံုးအတြက္ ဘတ္ဂ်က္မွာ ထည့္သြင္း ေရးဆြဲမွာျဖစ္ၿပီးေတာ့ ေျမေနရာရွာေဖြေရးလုပ္ေဆာင္ရန္လို႔ ညိႇႏိႈင္းခဲ့ပါတယ္။ ဒီအတြက္ ၿမိဳ႕နယ္ေထြ/အုပ္ရံုးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ စီမံခန္႔ခြဲေရးေကာ္မတီေတြ၊ ဌာနဆိုင္ရာ၊ ၿမိဳ႕မိၿမိဳ႕ဖတို႔နဲ႔ အစည္းအေဝး ျပဳလုပ္ၿပီး ေျမေနရာရရိွေရး ညိႇႏိႈင္းခဲ့ပါတယ္။ အဲဒီလို ညိႇႏိႈင္းတဲ့အခါမွာ နမ့္စန္ၿမိဳ႕မွာ ေျမလြတ္ေျမလပ္မရိွဘဲ ဝန္ႀကီးဌာနပိုင္ေျမမ်ားသာ ရိွေနတဲ့အတြက္ လူထုေတာင္းဆိုခ်က္အရ ဒီဝန္ႀကီးဌာန အခ်င္းခ်င္း ညိႇႏိႈင္းေဆာင္ရြက္ေပးဖို႔ တင္ျပရျခင္းျဖစ္ပါတယ္”ဟု နမ့္စန္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးလြင္(ခ)ဦးဒီလုံးက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီးဌာန အေနျဖင့္ နမ့္စန္ၿမိဳ႕နယ္တြင္ လိုအပ္ေနသည့္ အားကစားရံုႏွင့္ ၾကက္ေျခနီရံုးတို႔အတြက္ ေျမေနရာရွာေဖြရရိွသည္ႏွင့္ ဘတ္ဂ်က္ ခ်ထားေပးသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ေျဖၾကားသည္။

 “နမ့္စန္ၿမိဳ႕နယ္ ေဘာလံုးကြင္းအနီးရိွ စက္မႈသီးႏွံဖြံ႕ၿဖိဳးတုိးတက္ေရးဦးစီးဌာနပိုင္ေျမကြက္ကို စံုစမ္းလိုက္တဲ့ အခါ ၂၁.၁.၂၀၁၈ မွာ ၿမိဳ႕နယ္ စီမံခန္႔ခြဲေရးေကာ္မတီ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတို႕မွ တာဝႏ္ရိွသူမ်ားနဲ႔ ေျမေနရာကို သြားတုိင္းတာရာမွာ ဒီေျမဟာ နမ့္စန္ၿမိဳ႕နယ္ စက္မႈသီးႏွံဖြံ႕ၿဖိဳး တုိးတက္ေရး ဦးစီးဌာနကေန စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဦးစီးဌာနကို ေျမေနရာ စြန္႔လႊတ္ေပးႏုိင္ျခင္း ရိွ/မရိွကို ေမးရာမွာ မစြန္႔ႏုိင္ပါဘူးတဲ့။ ဒီေနရာကို သူတို႔ကေန လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဝန္ထမ္းမိသားစုမ်ားအား လူေနထိုင္ခြင့္ ေပးထားပါတယ္တဲ့။ ဒီလိုေနထုိင္ခြင့္ေပးတာကို ဘယ္သူက ေပးထားတာလဲဆိုေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ အဖြဲ႕ဝင္ (၇)ဦးျဖင့္ ဖြဲ႕စည္းထားေသာ အိမ္ရာၾကီးၾကပ္ေရးေကာ္မတီက အသိအမွတ္ျပဳ ေနထိုင္ခြင့္ တရားဝင္ေပးထားတယ္လို႔ သိရပါတယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ကို အေၾကာင္းျပန္တာကေတာ့ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဦးစီးဌာနကေန ဒီေျမကို လႊဲေျပာင္းေပးျခင္း မျပဳႏုိင္ပါဘူးလုိ႔ အေၾကာင္းျပန္ပါတယ္။ ဒီအားကစားရံုေဆာက္ေပးဖို႔ကို ကၽြန္ေတာ္တုိ႔ ဌာန အေနနဲ႔ကေတာ့ ဝန္မေလးပါဘူး။ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္မွာ ဦးစားေပး အေနနဲ႔ ပါဝင္ေအာင္ ေဆာက္ပါမယ္။ ေျမရရိွေရးကေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးနဲ႔ ျပည္နယ္အစိုးရတို႔ ေနာက္ ရွမ္းျပည္နယ္က ျပည္နယ္မွဴး ညႊန္ၾကားေရးမွဴး အား/ကာတို႔နဲ႔ ေျမရွာပါမယ္။ ရတာနဲ႔ ခ်က္ခ်င္းေပးပါမယ္။ ကၽြန္ေတာ္တုိ႔ ဝန္ႀကီးဌာနရဲ႕ ေဆာင္ပုဒ္က လူမ်ား ကိုယ္လက္လႈပ္ရွားျခင္းအားျဖင့္ ေရာဂါဘယက်ေအာင္ လုပ္မယ့္အတြက္ အားကစားရံုကို မျဖစ္မေန ေဆာက္ပါမယ္။ ေျမရတာနဲ႔ ေပးပါမယ္”ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျဖၾကားျခင္းျဖစ္သည္။

လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအေနျဖင့္ အဆိုပါ ေျမေနရာအား စြန္႔လႊတ္ေပးရန္ မျဖစ္ႏုိ္င္ေၾကာင္း  နမ့္စန္ၿမိဳ႕နယ္အေနျဖင့္ အျခား ေျမလြတ္ေျမလပ္ရွာေဖြရန္ မျဖစ္ႏုိင္သျဖင့္ ဝန္ႀကီးဌာန အခ်င္းခ်င္း ထပ္မံညိႇႏိႈင္းေပးရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္က ထပ္မံေမးျမန္းခဲ့ျခင္းျဖစ္သည္။

သတင္း - ဇာႏွင္း



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် အားကစားရုံနှင့် ကြက်ခြေနီရုံးတည်ဆောက်ရန် မြေလွတ်မြေလပ် မရှိသဖြင့် မြို့နယ်အတွင်း မြေယာအများဆုံး ပိုင်ဆိုင်ထားသည့် ဝန်ကြီးဌာနဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ ဝန်ကြီးဌာနချင်း ထပ်မံ ညှိနှိုင်းတောင်းခံပေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ညှိနှိုင်းပါမယ်။ တစ်လက်စထဲမှာ ကျွန်တော်တို့ ဝန်ကြီးဌာနမှာလည်း မြေနေရာ ရှိ/မရှိ ပြန်လည်စစ်ဆေးပြီး ရှိတယ်ဆို ပေးပါမယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ (၇)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

နမ့်စန်မြို့နယ် ဘောလုံးကွင်းအနီးတွင် အားကစားရုံ တည်ဆောက်ရန်နှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာအတွက် ဝန်ကြီးဌာနအချင်းချင်း ပြန်လည်ညှိနှိုင်းပေးပါရန် နမ့်စန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်(ခ)ဦးဒီလုံးက မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းကဲ့သို့ ပြန်လည်ဖြကြေားခြင်းဖြစ်သည်။

“တစ်မြို့နယ်လုံးနီးပါး လယ်ယာနဲ့ဆည်မြောင်းဦးစီးဌာနက မြေအားလုံးနီးနီးကို ပိုင်တာပါ။ ရုံးဌာနတွေကိုလည်း သူတို့ပဲ ခေတ်အဆက်ဆက် စွန့်လွှတ်ပေးခဲ့တာပါ။ အခုဝန်ကြီးဖြေသွားတာထဲလည်း ပါ ပါတယ်။ အရင်က ဆေးရုံလည်း ဖွင့်လှစ်ခဲ့တယ်။ နောက်ပြီးတော့ လဝကရုံးဖွင့်တယ်။ ဒီနောက်မှာ လဝကရုံးကို နေရာ သပ်သပ်ပေးပြီးတဲ့အခါမှာ အခုက သူ့ဝန်ထမ်းတွေချည်းပဲ နေထိုင်နေတာပါ။ ကျွန်တော်တို့ ဆီမှာ ဝန်ထမ်းအိမ်ရာတွေလည်း အများကြီးရှိပါတယ်။ တလောကပဲ ဆည်မြောင်း ဝန်ကြီးဌာနနဲ့ ဟိန်းထက်စံကုမ္ပဏီတို့ အကျိုးတူဖက်စပ် ဈေးဆောက်တဲ့ အခါမှာလည်း အစားထိုး အိမ်လေးလုံးဆိုပြီး ဆောက်လုပ်ပေးထားတာလည်း ရှိပါတယ်။ ဒီဝန်ထမ်းတွေကို အဲဒီကိုရွှေ့ပေးရင်လည်း အဆင်ပြေနိုင်ပါတယ်။ ကျွန်တော်တို့မြို့ အနေနဲ့ မြေရှာဖို့ဆိုတာ မြေလွတ်မြေလပ်ကတော့ မရှိတော့ပါဘူး။ ခေတ်အဆက်ဆက်ကလည်း ဒီလယ်/ဆည်ဝန်ကြီးဌာနကပဲ အမြဲစွန့်လွှတ်ပေးခဲ့တာပါ။ ဒီနေရာက ဘောလုံးကွင်းနဲ့လည်း နီးပါတယ်။ အားကစားရုံအတွက်လည်း အဆင်ပြေတဲ့အတွက် ဝန်ကြီးအနေနဲ့ လယ်/ဆည်ဝန်ကြီးနဲ့ ပြန်လည်ညှိနှိုင်းမှုရှိ/မရှိကို ထပ်မံမေးမြန်းလိုပါတယ်”ဟု နမ့်စန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်(ခ)ဦးဒီလုံးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

နမ့်စန်မြို့နယ် ဘောလုံးကွင်း အနီးတွင် အားကစားရုံ တည်ဆောက်ရန်နှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာမရှိသည့်အတွက် လက်ရှိဘောလုံးကွင်း အနီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်မှ စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင်မြေမှ အားကစားရုံအတွက် မြေ (ဝ.၉၈) ဧကနှင့် ကြက်ခြေနီရုံးအတွက် (ဝ.၂၁၇) ဧကတို့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ချင်းညှိနှိုင်း၍ လွှဲပြောင်း၍သော်လည်းကောင်း၊ ရောင်းချ၍သော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဘောလုံးကွင်း တစ်ခုထဲသာရှိပြီး အားကစားရုံ မရှိသေးတဲ့အတွက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် အား/ကာမှူးတို့နဲ့ ညှိနှိုင်းတဲ့အခါမှာ အားကစားရုံနဲ့ ကြက်ခြေနီရုံးအတွက် ဘတ်ဂျက်မှာ ထည့်သွင်း ရေးဆွဲမှာဖြစ်ပြီးတော့ မြေနေရာရှာဖွေရေးလုပ်ဆောင်ရန်လို့ ညှိနှိုင်းခဲ့ပါတယ်။ ဒီအတွက် မြို့နယ်ထွေ/အုပ်ရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီမံခန့်ခွဲရေးကော်မတီတွေ၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖတို့နဲ့ အစည်းအဝေး ပြုလုပ်ပြီး မြေနေရာရရှိရေး ညှိနှိုင်းခဲ့ပါတယ်။ အဲဒီလို ညှိနှိုင်းတဲ့အခါမှာ နမ့်စန်မြို့မှာ မြေလွတ်မြေလပ်မရှိဘဲ ဝန်ကြီးဌာနပိုင်မြေများသာ ရှိနေတဲ့အတွက် လူထုတောင်းဆိုချက်အရ ဒီဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ တင်ပြရခြင်းဖြစ်ပါတယ်”ဟု နမ့်စန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်(ခ)ဦးဒီလုံးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီးဌာန အနဖြေင့် နမ့်စန်မြို့နယ်တွင် လိုအပ်နေသည့် အားကစားရုံနှင့် ကြက်ခြေနီရုံးတို့အတွက် မြေနေရာရှာဖွေရရှိသည်နှင့် ဘတ်ဂျက် ချထားပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြကြေားသည်။

 “နမ့်စန်မြို့နယ် ဘောလုံးကွင်းအနီးရှိ စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင်မြေကွက်ကို စုံစမ်းလိုက်တဲ့ အခါ ၂၁.၁.၂၀၁၈ မှာ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနဲ့ မြေနေရာကို သွားတိုင်းတာရာမှာ ဒီမြေဟာ နမ့်စန်မြို့နယ် စက်မှုသီးနှံဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကနေ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနကို မြေနေရာ စွန့်လွှတ်ပေးနိုင်ခြင်း ရှိ/မရှိကို မေးရာမှာ မစွန့်နိုင်ပါဘူးတဲ့။ ဒီနေရာကို သူတို့ကနေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းမိသားစုများအား လူနေထိုင်ခွင့် ပေးထားပါတယ်တဲ့။ ဒီလိုနေထိုင်ခွင့်ပေးတာကို ဘယ်သူက ပေးထားတာလဲဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းထားသော အိမ်ရာကြီးကြပ်ရေးကော်မတီက အသိအမှတ်ပြု နေထိုင်ခွင့် တရားဝင်ပေးထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို အကြောင်းပြန်တာကတော့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနကနေ ဒီမြေကို လွှဲပြောင်းပေးခြင်း မပြုနိုင်ပါဘူးလို့ အကြောင်းပြန်ပါတယ်။ ဒီအားကစားရုံဆောက်ပေးဖို့ကို ကျွန်တော်တို့ ဌာန အနေနဲ့ကတော့ ဝန်မလေးပါဘူး။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ဦးစားပေး အနေနဲ့ ပါဝင်အောင် ဆောက်ပါမယ်။ မြေရရှိရေးကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ ပြည်နယ်အစိုးရတို့ နောက် ရှမ်းပြည်နယ်က ပြည်နယ်မှူး ညွှန်ကြားရေးမှူး အား/ကာတို့နဲ့ မြေရှာပါမယ်။ ရတာနဲ့ ချက်ချင်းပေးပါမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်က လူများ ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် ရောဂါဘယကျအောင် လုပ်မယ့်အတွက် အားကစားရုံကို မဖြစ်မနေ ဆောက်ပါမယ်။ မြေရတာနဲ့ ပေးပါမယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြကြေားခြင်းဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနဖြေင့် အဆိုပါ မြေနေရာအား စွန့်လွှတ်ပေးရန် မဖြစ်နို်င်ကြောင်း နမ့်စန်မြို့နယ်အနဖြေင့် အခြား မြေလွတ်မြေလပ်ရှာဖွေရန် မဖြစ်နိုင်သဖြင့် ဝန်ကြီးဌာန အချင်းချင်း ထပ်မံညှိနှိုင်းပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ထပ်မံမေးမြန်းခဲ့ခြင်းဖြစ်သည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~