တာချီလိတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇၆)လုံး နှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန် ပျက်ဆီး

တာချီလိတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇၆)လုံး နှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန် ပျက်ဆီး
မတျ 12, 2018
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မတ်လ(၁၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စု အတွင်းမှ အိမ်(၇၆)လုံး နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း သွပ်အမိုးလန်ကာ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာ အုပ်စုအတွင်းမှ မွန်းမွန်း(ပလောင်ရွာ)တွင် သွပ်မိုးထားသည့် လူနေအိမ် (၉)လုံးမှာ အမိုးများလန်သွားခဲ့ပြီး သက်ကယ်အိမ်(၁)လုံးမှာ ပြိုကျသွားခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့နယ်တွင် မတ်လ(၁၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ရန်အောင်မြေရပ်ကွက်မှ စ၍ မြို့ပြင် ကျေးရွာအုပ်စုများအထိ လျှပ်စစ်များ ပြတ်တောက်သွားခဲ့ရကြောင်း မီးလင်းရေးရုံးမှ သိရသည်။



သတင်း - စိုင်းဇေယျာ



~~~~~~~~⊰

❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မတ်လ(၁၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က လပြေင်း တိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စု အတွင်းမှ အိမ်(၇၆)လုံး နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း သွပ်အမိုးလန်ကာ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လပြေင်းတိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာ အုပ်စုအတွင်းမှ မွန်းမွန်း(ပလောင်ရွာ)တွင် သွပ်မိုးထားသည့် လူနေအိမ် (၉)လုံးမှာ အမိုးများလန်သွားခဲ့ပြီး သက်ကယ်အိမ်(၁)လုံးမှာ ပြိုကျသွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် မနော်ရွာတွင် သွပ်မိုးအိမ်(၂)လုံး၊ မိုင်းဟိရွာတွင် သွပ်မိုးအိမ် (၂)လုံး၊ ကျတဲတိုဘိုရွာတွင် သွပ်မိုးအိမ် (၂၁)လုံး နှင့် ဘုန်းကြီးကျောင်းသွပ်မိုးကျောင်း (၁)ကျောင်း၊ မယ်ဖုံးလုံရွာတွင် သွပ်မိုးအိမ်(၆)လုံး စုစုပေါင်း သွပ်မိုးအိမ် (၄၁)လုံး နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း အမိုးများလန်သွားကြောင်း သိရသည်။

ထို့အတူ မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် သွပ်မိုးထားသည့် အဆောက်အဦး(၃၅)လုံး ပျက်ဆီးခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် မတ်လ(၁၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က လပြေင်း တိုက်ခတ်မှုကြောင့် ရန်အောင်မြေရပ်ကွက်မှ စ၍ မြို့ပြင် ကျေးရွာအုပ်စုများအထိ လျှပ်စစ်များ ပြတ်တောက်သွားခဲ့ရကြောင်း မီးလင်းရေးရုံးမှ သိရသည်။

"ညက လေအရမ်းပြင်းလို့ အိမ်က အမိုးတွေလန်ကုန်တာ အိပ်ယာတွေလည်း မိုးရေတွေကြောင့် စိုချွဲကုန်လို့ အိပ်လို့လည်း မရဘူး။ မီးတွေလည်း ပျက်သွားတယ်၊"ဟု ကျတဲတိုဘိုရွာမှ ရွာသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သဘာဘေးဒဏ်သင့်ခဲ့ရသည့် မိုင်းကိုင်းကျေးရွာအုပ်စုအတွင်းမှ အဆိုပါ ကျေးရွာများသို့ လိုအပ်သည့် အကူအညီများ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာများက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်/ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~