တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းအတြင္း အမ်ဳိးသားအေလာင္း တစ္ေလာင္း ေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းအတြင္း အမ်ဳိးသားအေလာင္း တစ္ေလာင္း ေတြ႔ရွိ
မတ် 14, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေရနစ္ေသဆံုးေနသည့္ အမ်ဳိးသားတစ္ဦး၏ အေလာင္းအား မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ေတြ႔ရွိရေၾကာင္း သိရသည္။

ေသဆံုးသူသည္ မတ္လ(၁၂)ရက္ေန႔ ညပိုင္းက ေနအိမ္မွ ထြက္သြားၿပီး ေပ်ာက္ဆံုးေနသူျဖစ္ကာ အသက္(၆၀)၀န္းက်င္ရွိ ဦးလံုးစြတ္ျဖစ္ၿပီး၊ ၎သည္ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာတြင္ ေနထိုင္သူ ျဖစ္ေၾကာင္း ႏွင့္ စိတ္မႏွံ႔သူျဖစ္ေၾကာင္း အျပင္ ေနအိမ္မွ ေပ်ာက္ဆံုးေနမႈႏွင့္ ပတ္သက္၍ ဖန္မင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ မတ္လ(၁၃)ရက္ေန႔က အေၾကာင္းၾကားထားေၾကာင္း သိရသည္။

မတ္လ(၁၂)ရက္ေန႔ ညပိုင္းက စ၍ ေပ်ာက္ဆံုးေနသည့္ ကိစၥႏွင့္ ပတ္သက္၍ မတ္လ(၁၃)ရက္ေန႔က ၎အား ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ မေတြ႕ရွိရဘဲ၊ မယ္ဟုတ္တံတားအနီးရွိ ေခ်ာင္းနံေဘးကမ္းစပ္တြင္ ၎စီးေသာ ဖိနပ္ႏွင့္ အ၀တ္အထည္တို႔အား ေတြ႔ရွိရာ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ထပ္မံ အေၾကာင္းၾကားကာ ဆက္လက္ရွာေဖြမႈမ်ား ျပဳလုပ္ရာမွ မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္း အေလာင္းအား မယ္ဟုတ္ေခ်ာင္းအတြင္း၌ ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

"အရင္ကလည္းအခုလိုပဲ ေနအိမ္ကေန ခဏခဏ ထြက္ထြက္သြားတာ၊ (၂)ရက္ (၃)ရက္ေလာက္ၾကာမွ သူ႔ေနအိမ္ကို ျပန္လည္ ေရာက္လာဖူးတယ္လို႔ ေျပာတယ္၊ စိတ္လည္းမႏွံ႔ဖူးလို႔ သိရပါတယ္"ဟု အေလာင္းအား ေရထဲမွ ဆယ္ေနစဥ္ သြားေရာက္ၾကသည္သူ အမ်ဳိးသားတစ္ဦးက ေျပာသည္။

မယ္ဟုတ္ေခ်ာင္းထဲတြင္ ေရနစ္ေသဆံုးေနလ်က္ျဖင့္ ေတြ႔ရွိရသည့္ အဆိုပါ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သြားေရာက္ ကူညီဆယ္ယူေပးၿပီး တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူသည် မတ်လ(၁၂)ရက်နေ့ ညပိုင်းက နေအိမ်မှ ထွက်သွားပြီး ပျောက်ဆုံးနေသူဖြစ်ကာ အသက်(၆၀)ဝန်းကျင်ရှိ ဦးလုံးစွတ်ဖြစ်ပြီး၊၎င်းသည် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း နှင့် စိတ်မနှံ့သူဖြစ်ကြောင်း အပြင် နေအိမ်မှ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် မတ်လ(၁၃)ရက်နေ့က အကြောင်းကြားထားကြောင်း သိရသည်။

မတ်လ(၁၂)ရက်နေ့ ညပိုင်းက စ၍ ပျောက်ဆုံးနေသည့် ကိစ္စနှင့် ပတ်သက်၍ မတ်လ(၁၃)ရက်နေ့က၎င်းအား ရှာဖွေမှုများ ပြုလုပ်ရာတွင် မတွေ့ရှိရဘဲ၊ မယ်ဟုတ်တံတားအနီးရှိ ချောင်းနံဘေးကမ်းစပ်တွင်၎င်းစီးသော ဖိနပ်နှင့် အဝတ်အထည်တို့အား တွေ့ရှိရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ထပ်မံ အကြောင်းကြားကာ ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရာမှ မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်း အလောင်းအား မယ်ဟုတ်ချောင်းအတွင်း၌ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"အရင်ကလည်းအခုလိုပဲ နေအိမ်ကနေ ခဏခဏ ထွက်ထွက်သွားတာ၊ (၂)ရက် (၃)ရက်လောက်ကြာမှ သူ့နေအိမ်ကို ပြန်လည် ရောက်လာဖူးတယ်လို့ ပြောတယ်၊ စိတ်လည်းမနှံ့ဖူးလို့ သိရပါတယ်"ဟု အလောင်းအား ရေထဲမှ ဆယ်နေစဉ် သွားရောက်ကြသည်သူ အမျိုးသားတစ်ဦးက ပြောသည်။

မယ်ဟုတ်ချောင်းထဲတွင် ရေနစ်သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည့် အဆိုပါ အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက် ကူညီဆယ်ယူပေးပြီး တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း  

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~