ရန္ကုန္သို႔ ေတာလမ္းမွဝင္ရန္ ႀကိဳးစားသည့္ ဘဂၤါလီ (၅)ဦးအား ပုသိမ္ - မံုရြာကားလမ္းေဘးတြင္ ဖမ္းဆီးရမိ

ရန္ကုန္သို႔ ေတာလမ္းမွဝင္ရန္ ႀကိဳးစားသည့္ ဘဂၤါလီ (၅)ဦးအား ပုသိမ္ - မံုရြာကားလမ္းေဘးတြင္ ဖမ္းဆီးရမိ
မတ် 1, 2018
By Tachileik News Agency

ရန္ကုန္ၿမိဳ႕သို႔ သြားေရာက္ရန္ ေတာလမ္းခရီးအတိုင္း (၇) ရက္ၾကာ ခရီးႏွင္လာခဲ့သည့္ ဘဂၤါလီ(၅)ဦးအား ပိတ္ဆို႔ရွာေဖြစစ္ေဆးေရးအဖဲြ႔က မေကြးတိုင္းေဒသႀကီး ပုသိမ္ - မံုရြာ ကားလမ္းေဘး၌ မတ္လ(၁)ရက္ နံနက္ (၁၁) နာရီ (၁၅) မိနစ္အခ်ိန္ခန္႔တြင္ ေတြ႔ရိွ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ေရနံမ နယ္ေျမရဲစခန္းမွ သိရသည္။

မတ္လ(၁)ရက္ နံနက္ (၂) နာရီ (၁၅) မိနစ္အခ်ိန္ခန္႔တြင္ အမာခံသတင္းေပးမွ ေရနံမနယ္ေျမရဲစခန္း အပိုင္အတြင္း ဘဂၤါလီမ်ား ေရာက္ရိွေနေၾကာင္း သတင္းေပးခ်က္အရ ေရနံမ နယ္ေျမရဲစခန္းမွဴး ဦးစီးအဖဲြ႔ႏွင္႔ သရက္ခရိုင္ မႈခင္းႏိွမ္နင္းေရးအဖဲြ႔က ပုသိမ္ - မံုရြာကားလမ္းေပၚရိွ ကန္တုတ္ေက်းရြာလမ္းဆံု တြင္ လည္းေကာင္း၊ လက္ပံတံခါးရဲကင္းစခန္းမွဴး ဦးစီးအဖဲြ႔က လက္ပံတံခါးေက်းရြာလမ္းခဲြ၊ ယုဇနလမ္းေပါက္တြင္ လည္းေကာင္း၊ ရွမ္းတပ္ရဲကင္းမွဴး ဦးစီးအဖဲြ႔က ဘန္႔ျပင္ေက်းရြာလမ္းဆံုတြင္ လည္းေကာင္း၊ ေရႊေခ်ာင္းရဲကင္းမွဴး ဦးစီးအဖဲြ႔က ၿမိဳ႕သစ္ေက်းရြာ လမ္းေပါက္တြင္ လည္းေကာင္း ယာဥ္အဝင္၊ အထြက္ႏွင့္ လူသြားလူလာမ်ားအား ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၾကျခင္ းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပိတ္ဆို႔ရွာေဖြစစ္ေဆးၾကစဥ္ မတ္လ (၁)ရက္ နံနက္ (၁၁) နာ၇ီ (၁၅) မိနစ္အခ်ိန္ခန္႔တြင္ ေရနံမ နယ္ေျမရဲစခန္း၏ အေနာက္ေတာင္ဘက္ မိုင္(၃၀)ခန္႔အကြာရိွ ပုသိမ္ - မံုရြာကားလမ္းေဘး၌ မသကၤာဖြယ္ရာ အမ်ိဳးသား(၅)ဦးအား ရွမ္းတပ္ရဲကင္းမွဴး ရဲအုပ္သက္ႏိုင္ဦး ဦးစီးအဖဲြ႔နွင္႔ ေရႊေခ်ာင္း ရဲကင္းမွဴး ဒုရဲအုပ္ တင္ေအာင္စန္း ဦးစီးအဖဲြ႔က ေတြ႔ရိွစစ္ေဆးရာ ဘဂၤါလီမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

၎တို႔၏ ေဖာ္ထုတ္ဝန္ခံခ်က္အရ ရန္ကုန္ၿမိဳ႕သို႔ သြားေရာက္အလုပ္ လုပ္ကိုင္ရန္အတြက္ လြန္ခဲ့သည့္(၇) ရက္ခန္႔က ရခိုင္ျပည္နယ္ဘက္မွ ေတာလမ္းခရီးအတိုင္း ေျခက်င္ထြက္ခြာလာခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘဂၤါလီ(၅)ဦးအား ၿမိဳ႕နယ္ လဝက အဖဲြ႔က ၁၉၄၉ခုႏွစ္ ျမန္မာႏိုင္ငံ အတြင္းေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မအရ အေရးယူရန္ ေဆာင္ရြက္္ေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓါတ္ပံု # ေရနံမနယ္ေျမရဲစခန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့သို့ သွားရောက်ရန် တောလမ်းခရီးအတိုင်း (၇) ရက်ကြာ ခရီးနှင်လာခဲ့သည့် ဘင်္ဂါလီ(၅)ဦးအား ပိတ်ဆို့ရှာဖွေစစ်ဆေးရေးအဖွဲ့က မကွေးတိုင်းဒေသကြီး ပုသိမ် - မုံရွာ ကားလမ်းဘေး၌ မတ်လ(၁)ရက် နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။

မတ်လ(၁)ရက် နံနက် (၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် အမာခံသတင်းပေးမှ ရေနံမနယ်မြေရဲစခန်း အပိုင်အတွင်း ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ရေနံမ နယ်မြေရဲစခန်းမှူး ဦးစီးအဖွဲ့နှင့် သရက်ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က ပုသိမ် - မုံရွာကားလမ်းပေါ်ရှိ ကန်တုတ်ကျေးရွာလမ်းဆုံ တွင် လည်းကောင်း၊ လက်ပံတံခါးရဲကင်းစခန်းမှူး ဦးစီးအဖွဲ့က လက်ပံတံခါးကျေးရွာလမ်းခွဲ၊ ယုဇနလမ်းပေါက်တွင် လည်းကောင်း၊ ရှမ်းတပ်ရဲကင်းမှူး ဦးစီးအဖွဲ့က ဘန့်ပြင်ကျေးရွာလမ်းဆုံတွင် လည်းကောင်း၊ ရွှေချောင်းရဲကင်းမှူး ဦးစီးအဖွဲ့က မြို့သစ်ကျေးရွာ လမ်းပေါက်တွင် လည်းကောင်း ယာဉ်အဝင်၊ အထွက်နှင့် လူသွားလူလာများအား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိတ်ဆို့ရှာဖွေစစ်ဆေးကြစဉ် မတ်လ (၁)ရက် နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ရေနံမ နယ်မြေရဲစခန်း၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်အကွာရှိ ပုသိမ် - မုံရွာကားလမ်းဘေး၌ မသင်္ကာဖွယ်ရာ အမျိုးသား(၅)ဦးအား ရှမ်းတပ်ရဲကင်းမှူး ရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့နှင့် ရွှေချောင်း ရဲကင်းမှူး ဒုရဲအုပ် တင်အောင်စန်း ဦးစီးအဖွဲ့က တွေ့ရှိစစ်ဆေးရာ ဘင်္ဂါလီများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

၎င်းတို့၏ ဖော်ထုတ်ဝန်ခံချက်အရ ရန်ကုန်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်ရန်အတွက် လွန်ခဲ့သည့်(၇) ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ တောလမ်းခရီးအတိုင်း ခြေကျင်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ(၅)ဦးအား မြို့နယ် လဝက အဖွဲ့က ၁၉၄၉ခုနှစ် မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ # ရေနံမနယ်မြေရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~