ျမဝတီၿမိဳ႕နယ္၌ တရားမဝင္ ဝင္ေရာက္လာသည့္ အင္ဒိုနီးရွားႏုိင္ငံသားတစ္ဦး ဖမ္းဆီးရမိ

ျမဝတီၿမိဳ႕နယ္၌ တရားမဝင္ ဝင္ေရာက္လာသည့္ အင္ဒိုနီးရွားႏုိင္ငံသားတစ္ဦး ဖမ္းဆီးရမိ
မတ် 13, 2018
By Tachileik News Agency

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ သဃၤန္းညီေနာင္ေက်း႐ြာရွိ ပူးေပါင္းစစ္ေဆးေရးဂိတ္၌ ျမဝတီၿမိဳ႕ဘက္မွ ေကာ့ကရိတ္ၿမိဳ႕ဘက္သို႔ လမ္းေလွ်ာက္ဝင္လာသည့္ အင္ဒိုနီးရွားႏုိင္ငံသားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲအုပ္ မ်ိဳးေက်ာ္ ဦးစီးပူးေပါင္းအဖြဲ႕က အဆိုပါ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ တာဝန္ထမ္းေဆာင္ေနစဥ္ ျမဝတီမွ ေကာ့ကရိတ္ၿမိဳ႕သို႔ လမ္းေလွ်ာက္ဝင္လာသည့္ အမ်ိဳးသားတစ္ဦးအား မတ္လ (၁၂)ရက္ေန႔ ည (၇)နာရီခြဲ အခ်ိန္ခန္႔တြင္ ေတြ႔ရသျဖင့္ စစ္ေဆးရာ အင္ဒိုနီးရွားႏုိင္ငံသားျဖစ္ေနသည္ကို စစ္ေဆး ေတြ႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အင္ဒိုနီးရွားႏုိင္ငံသားအား ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက စစ္ေဆးခဲ့ရာ ၎မွာ အင္ဒိုနီးရွားႏုိင္ငံသား အာရစ္မိုဟာမန္ ဆိုသူျဖစ္ေၾကာင္း သိရၿပီး ၎ထံမွ ေတြ႔ရသည့္ အင္ဒိုနီးရွား ႏုိင္ငံကူးလက္မွတ္စာအုပ္တြင္ ၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွ ၁၉ ရက္ေန႔ထိ ထိုင္းႏိုင္ငံ ျပည္ဝင္ခြင့္ တံဆိပ္တုံးထုေပးထားသည္ကို ေတြ႔ရသျဖင့္ အာရစ္မိုဟာမန္အား အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ လမ်းလျှောက်ဝင်လာသည့် အင်ဒိုနီးရှားနိုင်ငံသားအား ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲအုပ် မျိုးကျော် ဦးစီးပူးပေါင်းအဖွဲ့က အဆိုပါ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် မြဝတီမှ ကော့ကရိတ်မြို့သို့ လမ်းလျှောက်ဝင်လာသည့် အမျိုးသားတစ်ဦးအား မတ်လ (၁၂)ရက်နေ့ ည (၇)နာရီခွဲ အချိန်ခန့်တွင် တွေ့ရသဖြင့် စစ်ဆေးရာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်နေသည်ကို စစ်ဆေး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးခဲ့ရာ၎င်းမှာ အင်ဒိုနီးရှားနိုင်ငံသား အာရစ်မိုဟာမန် ဆိုသူဖြစ်ကြောင်း သိရပြီး၎င်းထံမှ တွေ့ရသည့် အင်ဒိုနီးရှား နိုင်ငံကူးလက်မှတ်စာအုပ်တွင် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် တံဆိပ်တုံးထုပေးထားသည်ကို တွေ့ရသဖြင့် အာရစ်မိုဟာမန်အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~