တာချီလိတ်တွင် ကျင်းပမည့် Miss Tess Water ပြိုင်ပွဲသို့ ရှမ်း(ရှေ့)မှ မိန်းကလေးငယ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး မတ်လ(၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် ကျင်းပမည့် Miss Tess Water ပြိုင်ပွဲသို့ ရှမ်း(ရှေ့)မှ မိန်းကလေးငယ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး မတ်လ(၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
မတျ 12, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်(၃)ခုမှ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် Miss Tess Water ပြိုင်ပွဲအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက ကြီးမှူး၍ ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်သည့် အတွက် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် မတ်လ(၂၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းတွင် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ ည(၆)နာရီခွဲက စတင်၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက် ကြည့်ရှုသူများ အနေဖြင့် အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် အဆိုတော်များဖြင့် သီဆိုဖျော်ဖြေမှု ထည့်သွင်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီလီမိတက်မှ အထိမ်းအမှတ်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုချီးမြှင့်မှုအနေဖြင့် ဆု(၅)ဆု ချီးမြှင့်ရန် သတ်မှတ်ထားကြောင်း သိရသည်။

ဆုများအနေဖြင့် ပထမဆုရရှိသူအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းမှ နေအိမ်တွင် ရေမီတာ(၁)လုံး တပ်ဆင်ပေးပြီး (၆)လစာ ရေအခမဲ့ သုံးခွင့်ရရှိမည်ဖြစ်ကြောင်း နှင့် အဆိုပါ ဆုအစား ဆုငွေအဖြင့် ထိုင်းဘတ်ငွေ (၁၂၀၀၀)ဘတ်ကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဆု အနေဖြင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၃)လစာ ရေအခမဲ့အဖြစ် အသုံးပြု နိုင်မည်ဖြစ်ပြီး အဆိုပါ ဆုအစား ဆုငွေအဖြစ် ထိုင်းဘတ်ငွေ(၁၀၀၀၀)ကို လဲလှယ်ရယူနိုင်ကြောင်း နှင့် တတိယဆုအနေဖြင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၁)လစာ ရေအခမဲ့အဖြစ် အသုံးပြုနိုင်မည် ဖြစ်ကာ အဆိုပါ ဆုအစား ဆုငွေအဖြစ် ဘတ်(၈၀၀၀)ကို ရယူနိုင်မည်ဖြစ်ကြောင်း အပြင် miss popular award နှင့် miss traditional dress award တို့အတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အသက်(၁၅)နှစ်မှ အသက်(၂၅)နှစ်အတွင်း ဖြစ်ရပြီး၊ အရပ်(၅)ပေ(၂)လက်မအထက် ရှိရပြီး အိမ်ထောင်မရှိ အပျိုဖြစ်ရမည်ဖြစ်ကြောင်း နှင့် Miss ပြိုင်ပွဲ အတွေ့အကြုံရှိထားသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သော်လည်း ဆုရရှိခဲ့ထားသူများ အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း နှင့် ပညာအရည်အချင်းအနေဖြင့် ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။


ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး လူတွေ့စစ်ဆေးပြီးနောက် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသူများထဲမှ ပြိုင်ပွဲဝင်များအနက် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက ရွေးချယ်၍ ၎င်းတို့ လုပ်ငန်းအတွက် ကြော်ငြာဓါတ်ပုံများ၊ လုပ်ငန်းအတွက် ကိုယ်စားလှယ်များအဖြင့် သီးခြားရွေးချယ်မှုများ ပြုလုပ်ကာ အလုပ်အကိုင်ပေးသွားရန်အတွက်လည်း လျာထားကြောင်း သိရသည်။

ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် မဧရာဝတီထွန်း ( မြန်မာဖုန်း - 09261725577 ၊ 09964519486 )၊ မနန်းလီလီ ( မြန်မာဖုန်း - 09796488255 ) နှင့် ကိုမင်းမင်းထွန်း @ မိုးနတ်သား ( မြန်မာဖုန်း - 09428221746 )သို့ ဆက်သွယ်၍ ဖြစ်စေ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ်ရှိ တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက် ရုံးသို့ လာရောက်၍ ဖြစ်စေ ဆက်သွယ် အသေးစိတ် မေးမြန်းစုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

  

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်(၃)ခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် Miss Tess Water ပြိုင်ပွဲအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးလုပ်ငန်းက ကြီးမှူး၍ ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်သည့် အတွက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနဖြေင့် မတ်လ(၂၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းတွင် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ ည(၆)နာရီခွဲက စတင်၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက် ကြည့်ရှုသူများ အနဖြေင့် အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် အဆိုတော်များဖြင့် သီဆိုဖျော်ဖြေမှု ထည့်သွင်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

ပြိုင်ပွဲသို့ အသက်(၁၅)နှစ်မှ အသက်(၂၅)နှစ်အတွင်း အမျိုးသမီးငယ်များ ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ တာချီလိတ်ခရိုင် အပါအဝင် ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင် တို့မှလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီလီမိတက်မှ အထိမ်းအမှတ်အနဖြေင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုချီးမြှင့်မှုအနဖြေင့် ဆု(၅)ဆု ချီးမြှင့်ရန် သတ်မှတ်ထားကြောင်း သိရသည်။

ဆုများအနဖြေင့် ပထမဆုရရှိသူအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးလုပ်ငန်းမှ နေအိမ်တွင် ရေမီတာ(၁)လုံး တပ်ဆင်ပေးပြီး (၆)လစာ ရေအခမဲ့ သုံးခွင့်ရရှိမည်ဖြစ်ကြောင်း နှင့် အဆိုပါ ဆုအစား ဆုငွေအဖြင့် ထိုင်းဘတ်ငွေ (၁၂၀၀၀)ဘတ်ကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဆု အနဖြေင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၃)လစာ ရေအခမဲ့အဖြစ် အသုံးပြု နိုင်မည်ဖြစ်ပြီး အဆိုပါ ဆုအစား ဆုငွေအဖြစ် ထိုင်းဘတ်ငွေ(၁၀၀၀၀)ကို လဲလှယ်ရယူနိုင်ကြောင်း နှင့် တတိယဆုအနဖြေင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၁)လစာ ရေအခမဲ့အဖြစ် အသုံးပြုနိုင်မည် ဖြစ်ကာ အဆိုပါ ဆုအစား ဆုငွေအဖြစ် ဘတ်(၈၀၀၀)ကို ရယူနိုင်မည်ဖြစ်ကြောင်း အပြင် miss popular award နှင့် miss traditional dress award တို့အတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနဖြေင့် အသက်(၁၅)နှစ်မှ အသက်(၂၅)နှစ်အတွင်း ဖြစ်ရပြီး၊ အရပ်(၅)ပေ(၂)လက်မအထက် ရှိရပြီး အိမ်ထောင်မရှိ အပျိုဖြစ်ရမည်ဖြစ်ကြောင်း နှင့် Miss ပြိုင်ပွဲ အတွေ့အကြုံရှိထားသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သော်လည်း ဆုရရှိခဲ့ထားသူများ အနဖြေင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း နှင့် ပညာအရည်အချင်းအနဖြေင့် ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုကို မတ်လ(၁၃)ရက်နေ့တွင် စတင်ကာ လက်ခံသွားမည်ဖြစ်ပြီး မတ်လ(၂၀)ရက်နေ့တွင် စာရင်းပိတ်ကာ မတ်လ(၂၁)ရက်နေ့၌ လူတွေ့စစ်ဆေးမှုများ ပြုလုပ်ကာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသူများကို လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး လူတွေ့စစ်ဆေးပြီးနောက် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသူများထဲမှ ပြိုင်ပွဲဝင်များအနက် တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးလုပ်ငန်းက ရွေးချယ်၍၎င်းတို့ လုပ်ငန်းအတွက် ကြော်ငြာဓာတ်ပုံများ၊ လုပ်ငန်းအတွက် ကိုယ်စားလှယ်များအဖြင့် သီးခြားရွေးချယ်မှုများ ပြုလုပ်ကာ အလုပ်အကိုင်ပေးသွားရန်အတွက်လည်း လျာထားကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနဖြေင့် မဧရာဝတီထွန်း ( မြန်မာဖုန်း - 09261725577၊ 09964519486 )၊ မနန်းလီလီ ( မြန်မာဖုန်း - 09796488255 ) နှင့် ကိုမင်းမင်းထွန်း @ မိုးနတ်သား ( မြန်မာဖုန်း - 09428221746 )သို့ ဆက်သွယ်၍ ဖြစ်စေ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ်ရှိ တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက် ရုံးသို့ လာရောက်၍ ဖြစ်စေ ဆက်သွယ် အသေးစိတ် မေးမြန်းစုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~