မိုင်းဖြတ်မြို့တွင် မတ်လ(၅)ရက်နှင့်(၆)ရက်နေ့များ၌ လိုင်စင်မဲ့ဆိုင်ကယ်များ တစ်နေရာထဲ အပြီးအစီး လိုင်စင်ထုတ်ပေးခြင်းအား ကညနမှ ဆောင်ရွက်ပေးမည်ဖြစ်ရာ မိုင်းယောင်းနှင့် မိုင်းယုမြို့များမှ လည်း လာရောက် ဆောင်ရွက်နိုင်

မိုင်းဖြတ်မြို့တွင် မတ်လ(၅)ရက်နှင့်(၆)ရက်နေ့များ၌ လိုင်စင်မဲ့ဆိုင်ကယ်များ တစ်နေရာထဲ အပြီးအစီး လိုင်စင်ထုတ်ပေးခြင်းအား ကညနမှ ဆောင်ရွက်ပေးမည်ဖြစ်ရာ မိုင်းယောင်းနှင့် မိုင်းယုမြို့များမှ လည်း လာရောက် ဆောင်ရွက်နိုင်
မတျ 2, 2018
By Tachileik News Agency




ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လအတွင်းမှ စတင် ဆောင်ရွက်ပေးခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေးမှာ ဒေသခံများအတွက် မြင့်မားနေခြင်းကြောင့် လျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မတ်လမှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ထားပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အပြီးအစီး (one stop service)ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်တင်ဘာလမှစ၍ ပုံမှန်လိုင်စင်လျှောက်ထားမှုအတိုင်း နေ့စဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းထားသည့် ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံ လုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ် သက်သေခံလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း  - အင်မိုင်ခ





















~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ၂၀၁၈ခုနှစ် မတ်လ (၅)ရက်နှင့် (၆)ရက်နေ့များ၌ လိုင်စင်မဲ့ဆိုင်ကယ်များအား မှတ်ပုံတင်ခြင်းကို One Stop Service ဖြင့် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက လာရောက် လုပ်ဆောင် ပေးမည်ဖြစ်ရာ မိုင်းဖြတ် အပါအဝင် မိုင်းယောင်း နှင့် မိုင်းယုမြို့မှ လည်း လာရောက်၍ ပြုလုပ်နိုင်ကြောင်း သိရသည်။

“နောက်ဆုံး သုံးပုံနှစ်ပုံထိ လျှော့ချပေးလိုက်တဲ့ ဒဏ်ကြေးအတိုင်း တစ်နေရာထဲမှာ အပြီးအစီး လိုင်စင် ထုတ်ပေးခြင်းကို လုပ်ဆောင်ပေးသွားမှာပါ။ လောလောဆယ်တော့ ပြည်နယ်အစိုးရညွှန်ကြားချက်မှာ မိုင်းဖြတ်ပဲ ပါတဲ့ အတွက် မိုင်းဖြတ်မှာ လုပ်ဆောင်ပေးသွားမှာပါ။ တစ်ခြားမြို့တွေကို ထပ်ပြီး ညွှန်ကြားရင်လည်း သွားရောက်လုပ်ဆောင်ပေးမှာပါ။ တာချီလိတ်က ကညနရုံးမှာလည်း နေ့စဉ် လိုင်စင် လျှောက်ထားခြင်းကို လုပ်ဆောင်ပေးနေပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒဏ်ကြေးသတ်မှတ်နှုန်းထားကို သုံးပုံနှစ်ပုံအထိ လျှော့ချလိုက်သည့် နှုန်းထားအသစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လအတွင်းမှ စတင် ဆောင်ရွက်ပေးခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေးမှာ ဒေသခံများအတွက် မြင့်မားနခြေင်းကြောင့် လျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မတ်လမှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ထားပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အပြီးအစီး (one stop service)ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်တင်ဘာလမှစ၍ ပုံမှန်လိုင်စင်လျှောက်ထားမှုအတိုင်း နေ့စဉ်ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းထားသည့် ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံ လုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ် သက်သေခံလက်မှတ်များ ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~