ကခ်င္ျပည္နယ္ႏွင့္ ယူနန္ျပည္နယ္အၾကား ဆက္ဆံေရးအတြက္ ျမန္မာ - တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံး ျမစ္ႀကီးနားတြင္ ဖြင့္လွစ္

ကခ်င္ျပည္နယ္ႏွင့္ ယူနန္ျပည္နယ္အၾကား ဆက္ဆံေရးအတြက္ ျမန္မာ - တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံး ျမစ္ႀကီးနားတြင္ ဖြင့္လွစ္
မတ် 6, 2018
By Tachileik News Agency

ျမန္မာနိုင္ငံ ကခ်င္ျပည္နယ္ႏွင့္ တ႐ုတ္နိုင္ငံ ယူနန္ ျပည္နယ္တို႔အၾကား နိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား တားဆီး ႏွိမ္နင္းေရး ပိုမိုျမႇင့္တင္ ေဆာင္ရြက္နိုင္ေရးအတြက္ ျမန္မာ-တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံးကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၆) ရက္ေန႔က ဖြင့္လွစ္ေၾကာင္း သိရသည္။

အဆိုပါ ရံုးဖြင့္ပြဲ အခမ္းအနားသို႔ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ႏွင့္ တ႐ုတ္နိုင္ငံ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးေကာ္မရွင္၊ အလုပ္အမႈေဆာင္ အတြင္းေရးမႉးခ်ဳပ္၊ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန၊ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဗ်ဴရို၊ ညႊန္ၾကားေရးမႉးခ်ဳပ္ Mr. Liang Yun ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕၀င္မ်ားႏွင့္ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕မွ တာ၀န္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား စုစုေပါင္း လူဦးေရ (၅၀) တက္ေရာက္ၾကေၾကာင္း သိရသည္။

နယ္စပ္ဆက္ဆံေရး႐ုံးဖြင့္ပြဲ က်င္းပၿပီးေနာက္ ျမန္မာ - တ႐ုတ္ ႏွစ္နိုင္ငံ နယ္စပ္ေဒသတရားဥပေဒစိုးမိုးေရး ပူးေပါင္းေဆာင္ရြက္မႈ အလုပ္သေဘာေတြ႕ဆုံေဆြးေႏြးမႈကို အဆိုပါ႐ုံး၌ ဆက္လက္က်င္းပရာ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းမႈ ပူးေပါင္းေဆာင္ရြက္ေရး၊ ႏွစ္နိုင္ငံ မႈခင္းသတင္း အခ်က္အလက္မ်ား အျပန္အလွန္ဖလွယ္ေရး၊ ႏွစ္နိုင္ငံနယ္စပ္ေဒသအတြင္း လုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရး ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးကိစၥရပ္မ်ားကို ေဆြးေႏြးၾကေၾကာင္း သိရသည္။

ျမန္မာ - တ႐ုတ္ နယ္စပ္ဆက္ဆံေရး႐ုံးမ်ားကို ျမန္မာနိုင္ငံတြင္ လြယ္ဂ်ယ္၊ ခ်င္းေရႊေဟာ္၊ ေလာက္ကိုင္ႏွင့္ မူဆယ္ တို႔တြင္လည္း ဖြင့္လွစ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီး နှိမ်နင်းရေး ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၆) ရက်နေ့က ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ ရုံးဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ အလုပ်အမှုဆောင် အတွင်းရေးမှူးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို၊ ညွှန်ကြားရေးမှူးချုပ် Mr. Liang Yun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ (၅၀) တက်ရောက်ကြကြောင်း သိရသည်။

နယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲ ကျင်းပပြီးနောက် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အလုပ်သဘောတွေ့ဆုံဆွေးနွေးမှုကို အဆိုပါရုံး၌ ဆက်လက်ကျင်းပရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ မှုခင်းသတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

မြန်မာ - တရုတ် နယ်စပ်ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံတွင် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်နှင့် မူဆယ် တို့တွင်လည်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~