မောက်မယ်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း ၃ ခုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရန်ပုံငွေများဖြင့် အဆင့်မြှင့်မည်

မောက်မယ်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း ၃ ခုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရန်ပုံငွေများဖြင့် အဆင့်မြှင့်မည်
မတျ 7, 2018
By Tachileik News Agency



မောက်မယ်မြို့နယ် အတွင်းရှိ ဟိုနမ့်-ထီဟန်းခြွီး(ပွန်ချောင်း-ပင်ငို-ထီဟန်းခြွီး)လမ်းနှင့်‌ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်လမ်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ (၁၂) လ ရန်ပုံငွေတွင် လည်းကောင်း၊ ရွာသစ် -နောင်ခမ်း လမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာ‌ရေးနှစ် (၁၂) လ ပြည်ထောင်စု ရန်ပုံငွေ တွင် လည်းကောင်း ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေ ရရှိမှုပေါ် မူတည်ပြီး လမ်းလုပ်ငန်းများကို အဆင့်‌မြှင့်‌ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်အတွင်း ဟိုနမ့် - ထီဟန်းခြွီး (ပွန်ချောင်း-ပင်ငို-ထီဟန်းခြွီး)လမ်း၊ ဟိုနမ့် - ပြင်သာယာ - ပုန်းအောင်း - ထီပျဉ်လမ်းနှင့် ရွာသစ် -နောင်ခမ်း လမ်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် ပြည်ထောင်စု ရန်ပုံငွေများဖြင့် အဆင့်မြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက် လမ်းများမှာ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းပိုင်းများ ဖြစ်ကြရာ လမ်းများအား အဆင့်မြှင့်ခြင်း လုပ်ငန်းများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိကို မတ်လ (၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မောက်မယ်မြို့နယ် အတွင်းရှိ ဟိုနမ့်-ထီဟန်းခြွီး(ပွန်ချောင်း-ပင်ငို-ထီဟန်းခြွီး)လမ်းနှင်‌့ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်လမ်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ (၁၂) လ ရန်ပုံငွေတွင် လည်းကောင်း၊ ရွာသစ် -နောင်ခမ်း လမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာ‌ရေးနှစ် (၁၂) လ ပြည်ထောင်စု ရန်ပုံငွေ တွင် လည်းကောင်း ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေ ရရှိမှုပေါ် မူတည်ပြီး လမ်းလုပ်ငန်းများကို အဆင်‌့မြှင်‌့ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~