လိြဳင္လင္ခရိုင္အတြင္း ၿမိဳ႕နယ္ (၇)ခုတြင္ MFF က ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားေရြးခ်ယ္ ဖြဲ႕စည္းမည္

လိြဳင္လင္ခရိုင္အတြင္း ၿမိဳ႕နယ္ (၇)ခုတြင္ MFF က ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားေရြးခ်ယ္ ဖြဲ႕စည္းမည္
မတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပို္င္း) လိြဳင္လင္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္(၇)ခုတြင္ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ( MFF )က  ၿမိဳ ႔နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္မ်ား ေရြးခ်ယ္ဖြဲ႕စည္းျခင္းကို မတ္လ (၁၇)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ ၿမိဳ႕နယ္မ်ားအလုိက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လြဳိင္လင္ခရိုင္အတြင္း MFF က ပို႔ထားတဲ့ စာရင္းအရဆိုရင္ လိြဳင္လင္၊ ပင္လုံ၊ လဲခ်ား၊ မုိင္းကိုင္၊ ကြမ္ဟိန္း၊ မိုင္းရႈးနဲ႔ နမ့္စန္ (၇)ၿမိဳ႕နယ္အတြက္ ဖြဲ႕စည္းမွာပါ။ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ေတြဖြဲ႕စည္းေရးအတြက္ ကၽြန္မတို႔ ခရိုင္၊ၿမိဳ႕နယ္ အား/ကာေတြကို ျပည္နယ္အစိုးရကေန ေဖေဖၚဝါရီလ (၉)ရက္ေန႔မွာ ေတြ႔ဆံု ခဲ့တယ္။ MFF က တာဝန္ရိွသူေတြနဲ႔ ေတြ႔တယ္ေပါ့။ အဲဒီမွာ သူတို႔က လိြဳင္ေကာ္မွာ ဖြဲ႕စည္းတဲ့ ပံုစံေတြနဲ႔ျပၿပီးေတာ့ ဒီလိုပံုစံမ်ိဳး ဖြဲ႕စည္းမယ္ဆိုတာ ရွင္းျပတယ္။ ကၽြန္မတို႔ မိုင္းရႈးၿမိဳ႕နယ္မွာကေတာ့ သူတို႔ျပတဲ့ နမူနာပံုစံအတုိင္းပဲ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔က ဖြဲ႕စည္းထားလုိက္တယ္။ ေနာက္မွ သူတုိ႔က (MFF)က ကိုယ္တိုင္ကြင္းဆင္းလာၿပီးေတာ့ ဖြဲ႕စည္းေပးမယ္ဆိုေတာ့ ကၽြန္မတို႔က နယ္ေျမအလိုက္ စည္းရံုးေပးထားတာေပါ့။ သူတို႔လာဖြဲ႕ရင္ အဆင္သင့္ျဖစ္ေနေအာင္ စည္းရံုးေဆာင္ရြက္ျခင္းေတြ လုပ္ေဆာင္ ထားပါတယ္”ဟု လိြဳင္လင္ခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒၚညိဳညိဳခင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လိြဳင္လင္ခရိုင္အတြင္း ၿမိဳ ႔နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ေရြးခ်ယ္ျခင္းကို မိုင္းရႈးၿမိဳ႕နယ္တြင္ ဖြဲ႕စည္း ေဆာင္ရြက္ၿပီးျဖစ္ရာ က်န္ၿမိဳ႕နယ္ (၆)ခုတြင္ ဆက္လက္ေရြးခ်ယ္ဖြဲ႕စည္းမည္ျဖစ္ၿပီး မတ္လ (၁၇)ရက္ေန႔တြင္ လိြဳင္လင္ၿမိဳ႕နယ္အတြက္ လိြဳင္လင္ၿမိဳ႕တြင္ နံနက္ ( ၈ ) နာရီ၊ ပင္လံုၿမိဳ႕နယ္အတြက္ ပင္လံုၿမိဳ႕တြင္ နံနက္ (၁၀) နာရီႏွင့္ နမ့္စန္ၿမိဳ႕နယ္အတြက္ နမ့္စန္ၿမိဳ႕တြင္ ေန႔လည္ ( ၂ ) နာရီ၊ မတ္လ (၁၈)ရက္ေန႔တြင္ လဲခ်ားၿမိဳ႕နယ္အတြက္ လဲခ်ားၿမိဳ႕တြင္ နံနက္ ( ၉ ) နာရီႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္အတြက္ မိုင္းကိုင္ၿမိဳ႕တြင္ ေန႔လယ္ ( ၂ ) နာရီ၊ မတ္လ (၁၉)ရက္ေန႔တြင္ ကြန္ဟိန္းၿမိဳ႕နယ္အတြက္ ကြန္ဟိန္းၿမိဳ႕တြင္ နံနက္ ( ၉ ) နာရီ တို႔၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕နယ္အလိုက္ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားတြင္ အားကစားသမားေဟာင္း အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားလည္း ပညာရွင္အစုအဖြဲ႕တြင္ ပါဝင္ႏုိင္ၿပီး မိမိတို႔ၿမိဳ႕နယ္အလုိက္ ေဘာလံုး အားကစားဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ေဆာင္လိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ေဘာလုံးနည္းျပမ်ား၊ အားကစား သမားေဟာင္းမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ေဘာလုံးဝါသနာရွင္မ်ား ပါဝင္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပို်င်း) လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်(၇)ခုတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ( MFF )က မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ရွေးချယ်ဖွဲ့စည်းခြင်းကို မတ်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ မြို့နယ်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လွိုင်လင်ခရိုင်အတွင်း MFF က ပို့ထားတဲ့ စာရင်းအရဆိုရင် လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကွမ်ဟိန်း၊ မိုင်းရှုးနဲ့ နမ့်စန် (၇)မြို့နယ်အတွက် ဖွဲ့စည်းမှာပါ။ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေဖွဲ့စည်းရေးအတွက် ကျွန်မတို့ ခရိုင်၊မြို့နယ် အား/ကာတွေကို ပြည်နယ်အစိုးရကနေ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ တွေ့ဆုံ ခဲ့တယ်။ MFF က တာဝန်ရှိသူတွေနဲ့ တွေ့တယ်ပေါ့။ အဲဒီမှာ သူတို့က လွိုင်ကော်မှာ ဖွဲ့စည်းတဲ့ ပုံစံတွေနဲ့ပြပြီးတော့ ဒီလိုပုံစံမျိုး ဖွဲ့စည်းမယ်ဆိုတာ ရှင်းပြတယ်။ ကျွန်မတို့ မိုင်းရှုးမြို့နယ်မှာကတော့ သူတို့ပြတဲ့ နမူနာပုံစံအတိုင်းပဲ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ဖွဲ့စည်းထားလိုက်တယ်။ နောက်မှ သူတို့က (MFF)က ကိုယ်တိုင်ကွင်းဆင်းလာပြီးတော့ ဖွဲ့စည်းပေးမယ်ဆိုတော့ ကျွန်မတို့က နယ်မြေအလိုက် စည်းရုံးပေးထားတာပေါ့။ သူတို့လာဖွဲ့ရင် အဆင်သင့်ဖြစ်နေအောင် စည်းရုံးဆောင်ရွက်ခြင်းတွေ လုပ်ဆောင် ထားပါတယ်”ဟု လွိုင်လင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်လင်ခရိုင်အတွင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ရွေးချယ်ခြင်းကို မိုင်းရှုးမြို့နယ်တွင် ဖွဲ့စည်း ဆောင်ရွက်ပြီးဖြစ်ရာ ကျန်မြို့နယ် (၆)ခုတွင် ဆက်လက်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ပြီး မတ်လ (၁၇)ရက်နေ့တွင် လွိုင်လင်မြို့နယ်အတွက် လွိုင်လင်မြို့တွင် နံနက် ( ၈ ) နာရီ၊ ပင်လုံမြို့နယ်အတွက် ပင်လုံမြို့တွင် နံနက် (၁၀) နာရီနှင့် နမ့်စန်မြို့နယ်အတွက် နမ့်စန်မြို့တွင် နေ့လည် ( ၂ ) နာရီ၊ မတ်လ (၁၈)ရက်နေ့တွင် လဲချားမြို့နယ်အတွက် လဲချားမြို့တွင် နံနက် ( ၉ ) နာရီနှင့် မိုင်းကိုင်မြို့နယ်အတွက် မိုင်းကိုင်မြို့တွင် နေ့လယ် ( ၂ ) နာရီ၊ မတ်လ (၁၉)ရက်နေ့တွင် ကွန်ဟိန်းမြို့နယ်အတွက် ကွန်ဟိန်းမြို့တွင် နံနက် ( ၉ ) နာရီ တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များတွင် အားကစားသမားဟောင်း အမျိုးသား၊ အမျိုးသမီးများလည်း ပညာရှင်အစုအဖွဲ့တွင် ပါဝင်နိုင်ပြီး မိမိတို့မြို့နယ်အလိုက် ဘောလုံး အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးနည်းပြများ၊ အားကစား သမားဟောင်းများ၊ လုပ်ငန်းရှင်များနှင့် ဘောလုံးဝါသနာရှင်များ ပါဝင်နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~