ရခိုင္၊ မေကြးႏွင့္ခ်င္းေဒသတို႔ ပူးေပါင္း၍ အေသးစား၊ အလတ္စား ဖံြ႔ၿဖိဳးတိုးတက္ေရး ကုန္စည္ျပပဲြႏွင့္ ထုတ္ကုန္ၿပိဳင္ပဲြႀကီး မေကြးၿမိဳ႕တြင္ က်င္းပမည္

ရခိုင္၊ မေကြးႏွင့္ခ်င္းေဒသတို႔ ပူးေပါင္း၍ အေသးစား၊ အလတ္စား ဖံြ႔ၿဖိဳးတိုးတက္ေရး ကုန္စည္ျပပဲြႏွင့္ ထုတ္ကုန္ၿပိဳင္ပဲြႀကီး မေကြးၿမိဳ႕တြင္ က်င္းပမည္
မတ် 1, 2018
By Tachileik News Agency

အေသးစား၊ အလတ္စား ဖံြ႔ၿဖိဳးတိုးတက္ေရးကုန္စည္ျပပဲြႏွင္႔ ထုတ္ကုန္ၿပိဳင္ပဲြအား မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕တြင္ မတ္လ(၂၃)မွ (၂၅)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး အစိုးရအဖဲြ႔ ရံုး တာဝန္ရိွသူထံမွ သိရသည္။

"မေကြးရယ္၊ ခ်င္းရယ္၊ ရခိုင္ရယ္ေပါင္းၿပီး ေဒသရဲ႕ အဓိကထြက္ကုန္ေတြကို ျပၾကမယ္႔ပဲြပါ။ မေကြးတိုင္း ထြက္ကုန္အေနနဲ႔ ဘယ္တိုင္းနဲ႔ ျပည္နယ္မွ ပါရိွမွာ မဟုတ္တဲ႔ ထန္းသားကို အသံုးအေဆာင္ပရိေဘာဂ ေတြလုပ္ထားတဲ႔ ပစၥည္းေတြပါရိွမွာျဖစ္လို႔ အင္မတန္ကို စိတ္ဝင္စားဖို႔ေကာင္းမွာပါ။ ဒီလိုပဲ ခ်င္းနဲ႔ ရခိုင္ေဒ သထြက္ကုန္ေတြလည္း ပူးေပါင္းျပသသြားမွာ ျဖစ္ပါတယ္"ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက ေဖေဖာ္ဝါရီ(၂၈)ရက္ေန႔က ျပဳလုပ္သည္႔ လုပ္ငန္းအႀကိဳညိႇႏိွဳင္းအစည္းအေဝးတြင္ ေျပာ ၾကားသည္။

အဆိုပါပဲြေတာ္သည္ ႏိုင္ငံေတာ္အစီအစဥ္ျဖင့္ က်င္းပမည့္ ပဲြေတာ္တစ္ခုျဖစ္ၿပီး တစ္ႏိုင္ငံလံုး အတိုင္းအတာ အရ ျပည္နယ္နွင္႔ တိုင္းေဒသႀကီးအသီးသီးရိွ ေနရာ(၆)ေနရာခန္႔တြင္ က်င္းပသြားရန္ စီစဥ္ထားေၾကာင္းႏွင္႔ မႏၱေလးတိုင္းေဒသႀကီးတြင္ ကခ်င္ႏွင္႔တဲြ၍ က်င္းပခဲ့ၿပီးျဖစ္၍ မေကြးတိုင္းေဒသ ႀကီးက ဒုတိယေျမာက္ က်င္းပမည့္ ပဲြေတာ္ျဖစ္ေၾကာင္း သိရသည္။

"မေကြး၊ ရခိုင္နဲ႔ ခ်င္း ေဒသေတြမွာရိွတဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြ တစ္ဦးနဲ႔တစ္ဦး အျမင္ခ်င္း ဖလွယ္ႏိုင္ေရး၊ ေစ်းကြက္မ်ားခဲ်႕ထြင္ႏိုင္ေရးနဲ႔ ထုတ္ကုန္ပစၥည္းေၾကာ္ျငာေရးတို႔ကို အဓိကရည္ရြယ္ၿပီး က်င္းပမွာ ျဖစ္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ စီမံကိန္း၊ ဘ႑ာေရးႏွင္႔ စည္ပင္သာယာေရး ဝန္ႀကီး ဦးေဇာ္မင္းက ေျပာသည္။

အဆိုပါ ကုန္စည္ပဲြေတာ္အား မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ရိွ  ၿမိဳ႕ေတာ္ခန္းမႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင္႔ စက္မႈလုပ္ငန္းျပခန္းမ်ားကို မေကြးၿမိဳ႕ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကးရုပ္ပန္းျခံတြင္ ျပသသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

အသေးစား၊ အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးကုန်စည်ပြပွဲနှင့် ထုတ်ကုန်ပြိုင်ပွဲအား မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မတ်လ(၂၃)မှ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး တာဝန်ရှိသူထံမှ သိရသည်။

"မကွေးရယ်၊ ချင်းရယ်၊ ရခိုင်ရယ်ပေါင်းပြီး ဒေသရဲ့ အဓိကထွက်ကုန်တွေကို ပြကြမယ့်ပွဲပါ။ မကွေးတိုင်း ထွက်ကုန်အနေနဲ့ ဘယ်တိုင်းနဲ့ ပြည်နယ်မှ ပါရှိမှာ မဟုတ်တဲ့ ထန်းသားကို အသုံးအဆောင်ပရိဘောဂ တွေလုပ်ထားတဲ့ ပစ္စည်းတွေပါရှိမှာဖြစ်လို့ အင်မတန်ကို စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဒီလိုပဲ ချင်းနဲ့ ရခိုင်ဒေ သထွက်ကုန်တွေလည်း ပူးပေါင်းပြသသွားမှာ ဖြစ်ပါတယ်"ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဖေဖော်ဝါရီ(၂၈)ရက်နေ့က ပြုလုပ်သည့် လုပ်ငန်းအကြိုညှိနှိုင်းအစည်းအဝေးတွင် ပြော ကြားသည်။

အဆိုပါပွဲတော်သည် နိုင်ငံတော်အစီအစဉ်ဖြင့် ကျင်းပမည့် ပွဲတော်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ နေရာ(၆)နေရာခန့်တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် ကချင်နှင့်တွဲ၍ ကျင်းပခဲ့ပြီးဖြစ်၍ မကွေးတိုင်းဒေသ ကြီးက ဒုတိယမြောက် ကျင်းပမည့် ပွဲတော်ဖြစ်ကြောင်း သိရသည်။

"မကွေး၊ ရခိုင်နဲ့ ချင်း ဒေသတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တစ်ဦးနဲ့တစ်ဦး အမြင်ချင်း ဖလှယ်နိုင်ရေး၊ ဈေးကွက်များချဲ့ထွင်နိုင်ရေးနဲ့ ထုတ်ကုန်ပစ္စည်းကြော်ငြာရေးတို့ကို အဓိကရည်ရွယ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

အဆိုပါ ကုန်စည်ပွဲတော်အား မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မြို့တော်ခန်းမနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းပြခန်းများကို မကွေးမြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပန်းခြံတွင် ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~