နယ္စပ္အနီးမွ ေနရပ္စြန္႔ခြာမ်ားအေရးႏွင့္ ႏွစ္ႏုိင္ငံပူးေပါင္းလွည့္ကင္းအေရး ျမန္မာ-ဘဂၤလားေဒ့႐ွ္ႏွစ္ႏုိင္ငံ တပ္ရင္းမွဴးအဆင့္ ေတြ႔ဆုံေဆြးေႏြး

နယ္စပ္အနီးမွ ေနရပ္စြန္႔ခြာမ်ားအေရးႏွင့္ ႏွစ္ႏုိင္ငံပူးေပါင္းလွည့္ကင္းအေရး ျမန္မာ-ဘဂၤလားေဒ့႐ွ္ႏွစ္ႏုိင္ငံ တပ္ရင္းမွဴးအဆင့္ ေတြ႔ဆုံေဆြးေႏြး
မတ် 3, 2018
By 🌸
ျမန္မာ - ဘဂၤလားေဒ့႐ွ္ႏွစ္ႏုိင္ငံ တပ္ရင္းမွဴးအဆင့္ ေတြ႔ဆုံေဆြးေႏြးပြဲကုိ ဘဂၤလားေဒ့႐ွ္ႏုိင္ငံဘက္ျခမ္း ႏွစ္ႏုိင္ငံ နယ္စပ္မွတ္တုိင္ (၃၁/၁) ေဂါင္းဒုံ BGB စခန္း၌ မတ္လ (၂)ရက္ေန႔က က်င္းပေၾကာင္း information committee ၏ ေဖၚျပခ်က္အရ သိရသည္။

အဆိုပါေတြ႔ဆုံပြဲအား ၂၀၁၈ ခုႏွစ္ မတ္လ (၂ )ရက္ေန႔ ညေန (၄) နာရီမွစ၍ (၄) နာရီ (၅၅) မိနစ္အထိ လုပ္ေဆာင္ျခင္းျဖစ္ၿပီး  ႏွစ္ႏုိင္ငံ ယ္နိမိတ္မ်ဥ္းအနီး တရားမဝင္ ေနရပ္စြန္႔ခြာ ေနထုိင္သူမ်ားႏွင့္ ပတ္သက္၍ ကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံ ညႇိႏႈိင္း၍ လွည့္ကင္းေဆာင္ရြက္မည့္ အစီအမံမ်ား၊ ႏွစ္ႏုိင္ငံ နယ္စပ္တစ္ေလွ်ာက္တြင္ ျဖစ္ေပၚလာသည့္ ကိစၥရပ္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းညႇိႏႈိင္းဖလွယ္ႏုိင္ေရးတုိ႔ကုိ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲသုိ႔ အမွတ္(၁)နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ခြဲမွဴး ဒုတိယရဲမွဴးႀကီး ေစာေဇယ်ာလင္းႏွင့္အဖြဲ႔ဝင္ (၉) ဦး၊ ဘဂၤလားေဒ့႐ွ္ႏုိင္ငံမွ အမွတ္ (၃၄) BGB တပ္ရင္းမွဴး ဒုတိယဗုိလ္မွဴးႀကီး ေမာန္ဇူ႐ုပ္ဟာဆာန္ခါန္းႏွင့္ အဖြဲ႔ဝင္ (၆) ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။

Source :Information Committee

~~~~~~~~⊰❂ unicode ~~~~~~~~
နယ်စပ်အနီးမှ နေရပ်စွန့်ခွာများအရေးနှင့် နှစ်နိုင်ငံပူးပေါင်းလှည့်ကင်းအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး
*********
မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်း၌ မတ်လ (၂)ရက်နေ့က ကျင်းပကြောင်း information committee ၏ ဖေါ်ပြချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲအား ၂၀၁၈ ခုနှစ် မတ်လ (၂ )ရက်နေ့ ညနေ (၄) နာရီမှစ၍ (၄) နာရီ (၅၅) မိနစ်အထိ လုပ်ဆောင်ခြင်းဖြစ်ပြီး  နှစ်နိုင်ငံ ယ်နိမိတ်မျဉ်းအနီး တရားမဝင် နေရပ်စွန့်ခွာ နေထိုင်သူများနှင့် ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်မည့် အစီအမံများ၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့်အဖွဲ့ဝင် (၉) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနှင့် အဖွဲ့ဝင် (၆) ဦး တက်ရောက်ကြကြောင်း သိရသည်။

Source :Information Committee

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~