မိုင္းယုဘက္မွ သယ္ေဆာင္လာသည့္ လိုင္စင္မဲ့ ဘီယာ အဖာ(၁၁၃၀)ေက်ာ္ မိုင္းေယာင္းၿမိဳ႕အ၀င္တြင္ သိမ္းဆည္းရမိ

မိုင္းယုဘက္မွ သယ္ေဆာင္လာသည့္ လိုင္စင္မဲ့ ဘီယာ အဖာ(၁၁၃၀)ေက်ာ္ မိုင္းေယာင္းၿမိဳ႕အ၀င္တြင္ သိမ္းဆည္းရမိ
မတ် 2, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕ဘက္မွ (၁၂)ဘီးယာဥ္ျဖင့္ သယ္ေဆာင္လာေသာ Leo တံဆိပ္ပါ ဘီယာ အဖာ(၁၁၃၀)ေက်ာ္အား တရားမ၀င္သယ္ေဆာင္လာမႈျဖင့္ မိုင္းေယာင္းၿမိဳ႕အ၀င္ ဘီးခြန္ေကာက္ခံေရးစခန္းတြင္ မတ္လ(၁)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕အ၀င္ ဘီးခြန္ေကာက္ခံေရး စခန္းတြင္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္း အဖြဲ႔ျဖင့္ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းယုဘက္မွ မိုင္းေယာင္းဘက္သို႔ ေမာင္းႏွင္လာေသာ (၁၂)ဘီးယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ တစ္ဖာလွ်င္ (၂၄)ဘူးပါရွိသည့္ Leo အမွတ္တံဆိပ္ပါ လိုင္စင္မဲ့ ဘီယာ(၁၁၃၄)ဖာအား ေတြ႔ရွိရာ စုစုေပါင္း ဘီယာဘူး (၂၇၂၁၆)ဘူးပါ၀င္ၿပီး အဆိုပါ ဘီယာမ်ားအား ရွာေဖြပံုစံျဖင့္ သိမ္းဆည္းလိုက္ေၾကာင္း သိရသည္။

အဆိုပါ ဘီယာမ်ားႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ား ေဆာင္ရြက္ရာတြင္ ဘီယာပိုင္ရွင္မွာ က်ဳိင္းတံုမွ ျဖစ္ေၾကာင္း သိရွိရၿပီး ၎အမႈႏွင့္ ပတ္သက္၍ မိုင္းေယာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ရတုဆက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ဘက်မှ (၁၂)ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော Leo တံဆိပ်ပါ ဘီယာ အဖာ(၁၁၃၀)ကျော်အား တရားမဝင်သယ်ဆောင်လာမှုဖြင့် မိုင်းယောင်းမြို့အဝင် ဘီးခွန်ကောက်ခံရေးစခန်းတွင် မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းယောင်းမြို့အဝင် ဘီးခွန်ကောက်ခံရေး စခန်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းယုဘက်မှ မိုင်းယောင်းဘက်သို့ မောင်းနှင်လာသော (၁၂)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ တစ်ဖာလျှင် (၂၄)ဘူး ပါရှိသည့် Leo အမှတ်တံဆိပ်ပါ လိုင်စင်မဲ့ ဘီယာ(၁၁၃၄)ဖာအား တွေ့ရှိရာ စုစုပေါင်း ဘီယာဘူး(၂၇၂၁၆)ဘူးပါဝင်ပြီး အဆိုပါ ဘီယာများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဘီယာများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘီယာပိုင်ရှင်မှာ ကျိုင်းတုံမှ ဖြစ်ကြောင်း သိရှိရပြီး၎င်းအမှုနှင့် ပတ်သက်၍ မိုင်းယောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - ရတုဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~