ဆိုင္ကယ္ျဖင့္ အလုပ္ျပန္လာသူမ်ားအား ဓါးျဖင့္ခုတ္သူ ေလးဦးအနက္ တစ္ဦး ဖမ္းဆီးရမိထား

ဆိုင္ကယ္ျဖင့္ အလုပ္ျပန္လာသူမ်ားအား ဓါးျဖင့္ခုတ္သူ ေလးဦးအနက္ တစ္ဦး ဖမ္းဆီးရမိထား
မတ် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕အထြက္ ျပည္ေထာင္စုလမ္းမႀကီးနံေဘးရွိ မယ္ဟန္ေက်းရြာအုပ္စု ခုိဆန္တန္ေက်းရြာအနီးတြင္ မတ္လ (၁၄) ရက္ေန႔ ညေနပိုင္းက ဆိုင္ကယ္ျဖင့္ အလုပ္မွျပန္လာသည့္ အမ်ိဳးသားႏွစ္ဦးအား ကားတစ္စီးေပၚပါ လူေလးဦးက ဓါးျဖင့္ဝိုင္းခုတ္ခဲ့သည့္ျဖစ္စဥ္မွ တစ္ဦးအား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မတ္လ (၁၄) ရက္ေန႔ ညေန (၃) နာရီေက်ာ္က အသက္ (၂၀) ႏွစ္ဝန္းက်င္ႏွင့္ (၂၁) ႏွစ္ဝန္းက်င္ ကုန္တင္ကုန္ခ်လုပ္သားႏွစ္ဦးသည္ လားရိႈးဘက္မွ မယ္ဟန္ေက်းရြာဘက္သို႔ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ ၎တို႔ စီးနင္းလာသည့္ ဆိုင္ကယ္၏အေနာက္မွ လိုက္လာေသာ KLUGER အျဖဴေရာင္ယာဥ္ေပၚမွ အမ်ိဳးသား (၄) ဦး ဆင္းလာၿပီး ဓါးျဖင့္ ဝိုင္းခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္စီးနင္းလာသူႏွစ္ဦးတြင္ ဝဲဘက္ဂ်ိဳေစာင္းျပတ္ရွ ဒဏ္ရာ၊ အသက္ ၂၁ ႏွစ္အရြယ္အမ်ိဳးသားတြင္ ဝဲဘက္လက္ျပင္ဒဏ္ရာ တစ္ခ်က္တို႔ကို ရရွိထားၿပီး လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

ဓါးခုတ္မႈ ျဖစ္စဥ္ပါ ေမာ္ေတာ္ယာဥ္အား လားရိႈးၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ပါဝင္သည့္အဖြဲ႔ျဖင့္ လိုက္လံ ရွာေဖြရာတြင္ လားရိႈးၿမိဳ႕ ရပ္ကြက္ (၂) သိန္းနီလမ္းရွိ ယုံေဟာ္စားေသာက္ဆိုင္အနီးတြင္ ေတြ႔ရွိရသည့္အတြက္ ၄င္းယာဥ္ေမာင္းျဖစ္သူ အသက္ (၁၈) ႏွစ္အရြယ္ ေအာင္စစ္မင္းအား စစ္ေဆးရာတြင္ လူေလးဦး ပါဝင္သည့္ ဓါးခုတ္မႈ ျဖစ္စဥ္တြင္ အသံုးျပဳခဲ့သည့္ ဓါးအား အတူ က်ဴးလြန္သူမ်ားက ယူေဆာင္သြားသည္ဟု စစ္ေဆးေတြ႔ရွိ ရေၾကာင္း သိရသည္။

အမ်ိဳးသားႏွစ္ဦးအား အေၾကာင္းမဲ့ ဓါးျဖင့္ဝိုင္းခုတ္သည့္ လူေလးဦးပါအဖြဲ႔အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ) ၉၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/ ၁၁၄ ျဖင့္ အမႈဖြင့္အေရးယူ စစ္ေဆးလ်က္ရွိကာ က်န္ရိွေနသည့္ သံုးဦးကို ဆက္လက္ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ( ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ အုပ္စုဖြဲ႔ကာ ဓါးျဖင့္ဝိုင္းခုတ္မႈ (၆) ခုထက္မနည္းျဖစ္ပြားခဲ့ၿပီး ၿမိဳ႕မရဲစခန္းတြင္ တိုင္တန္းအမႈဖြင့္ထားမႈ (၂) ခုသာရွိေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အထွက် ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ မယ်ဟန်ကျေးရွာအုပ်စု ခိုဆန်တန်ကျေးရွာအနီးတွင် မတ်လ (၁၄) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာသည့် အမျိုးသားနှစ်ဦးအား ကားတစ်စီးပေါ်ပါ လူလေးဦးက ဓားဖြင့်ဝိုင်းခုတ်ခဲ့သည့်ဖြစ်စဉ်မှ တစ်ဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

မတ်လ (၁၄) ရက်နေ့ ညနေ (၃) နာရီကျော်က အသက် (၂၀) နှစ်ဝန်းကျင်နှင့် (၂၁) နှစ်ဝန်းကျင် ကုန်တင်ကုန်ချလုပ်သားနှစ်ဦးသည် လားရှိုးဘက်မှ မယ်ဟန်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ်၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်၏အနောက်မှ လိုက်လာသော KLUGER အဖြူရောင်ယာဉ်ပေါ်မှ အမျိုးသား (၄) ဦး ဆင်းလာပြီး ဓားဖြင့် ဝိုင်းခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးတွင် ဝဲဘက်ဂျိုစောင်းပြတ်ရှ ဒဏ်ရာ၊ အသက် ၂၁ နှစ်အရွယ်အမျိုးသားတွင် ဝဲဘက်လက်ပြင်ဒဏ်ရာ တစ်ချက်တို့ကို ရရှိထားပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဓားခုတ်မှု ဖြစ်စဉ်ပါ မော်တော်ယာဉ်အား လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ပါဝင်သည့်အဖွဲ့ဖြင့် လိုက်လံ ရှာဖွေရာတွင် လားရှိုးမြို့ ရပ်ကွက် (၂) သိန်းနီလမ်းရှိ ယုံဟော်စားသောက်ဆိုင်အနီးတွင် တွေ့ရှိရသည့်အတွက် ၄င်းယာဉ်မောင်းဖြစ်သူ အသက် (၁၈) နှစ်အရွယ် အောင်စစ်မင်းအား စစ်ဆေးရာတွင် လူလေးဦး ပါဝင်သည့် ဓားခုတ်မှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ဓားအား အတူ ကျူးလွန်သူများက ယူဆောင်သွားသည်ဟု စစ်ဆေးတွေ့ရှိ ရကြောင်း သိရသည်။

အမျိုးသားနှစ်ဦးအား အကြောင်းမဲ့ ဓားဖြင့်ဝိုင်းခုတ်သည့် လူလေးဦးပါအဖွဲ့အား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကာ ကျန်ရှိနေသည့် သုံးဦးကို ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် ( မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အုပ်စုဖွဲ့ကာ ဓားဖြင့်ဝိုင်းခုတ်မှု (၆) ခုထက်မနည်းဖြစ်ပွားခဲ့ပြီး မြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ထားမှု (၂) ခုသာရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~