လား႐ႈိးတြင္ တကၠသိုလ္ဝင္စာေမးပြဲကာလ အတြင္း ခရိုင္ရဲတပ္ဖြဲ႕က ေန႔ည လံုၿခံဳေရးလွည့္ကင္းမ်ား တိုးျမႇင့္ေဆာင္ရြက္မည္

လား႐ႈိးတြင္ တကၠသိုလ္ဝင္စာေမးပြဲကာလ အတြင္း ခရိုင္ရဲတပ္ဖြဲ႕က ေန႔ည လံုၿခံဳေရးလွည့္ကင္းမ်ား တိုးျမႇင့္ေဆာင္ရြက္မည္
မတ် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမည့္ ကာလအတြင္း လားရိႈး ခရိုင္ရဲတပ္ဖြဲ႔မွ အင္အားျပည့္အသံုးျပဳကာ ေန႔၊ ည လံုၿခံဳေရးလွည့္ကင္း တိုးျမႇင့္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း လားရိႈးခရိုင္ရဲတပ္ဖြဲ႔မွဴးထံမွ သိရသည္။

“ေဖေဖၚဝါရီလ (၂၁)ရက္မွာ ျဖစ္စဥ္လည္း ျဖစ္ထားတယ္။ ဆယ္တန္းစာေမးပြဲကလည္း ရွိေနတာဆိုေတာ့ စာေမးပြဲေျဖမယ့္ ကေလးေတြ စိုးရိမ္မႈေတြရွိေနမယ္ဆိုရင္ သူတို႔အတြက္ နစ္နာမႈေတြရွိလာမွာ စုိးတယ္။ စိတ္ေအးခ်မ္းသာစြာရွိေနဖို႔အတြက္ အခုလိုေဆာင္ရြက္ေပးဖို႔စီစဥ္တာျဖစ္ပါတယ္” ဟု လားရိႈးခရိုင္ ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မတ္လ (၇) ရက္ေန႔မွ (၁၆) ရက္ေန႔အထိက်င္းပမည့္ ၂၀၁၈ တကၠသိုလ္ဝင္တန္းစာေမးပြဲ က်င္းပေနစဥ္ ကာလအတြင္း ခရိုင္ရဲတပ္ဖြဲ႔မွ အင္အား (၅၀) ေက်ာ္ အသံုးျပဳ၍ ယာဥ္တန္းျဖင့္ လွည့္ကင္းေဆာင္ရြက္ျခင္း၊ ေန႔ခင္းပိုင္း ရပ္ကင္းမ်ား ေဆာင္ရြက္ျခင္းတို႔ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

စာေမးပြဲကာလအတြင္း စီမံခ်က္ထားရွိေဆာင္ရြက္သြားမည္ျဖစ္ၿပီး စာေမးပြဲမတိုင္မီကာလ မတ္လ (၃) ရက္ေန႔ မွစတင္၍ လံုၿခံဳေရးႏွင့္ လွည့္ကင္းေဆာင္ရြက္ျခင္းတို႔ကို ႀကိဳတင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ဇန္နဝါရီလမွစတင္၍ လားရႈိးၿမိဳ႕အတြင္းရွိ လူစည္ကားရာေနရာမ်ားတြင္ ေန႔ခင္းပိုင္း ရပ္ကင္းမ်ား ထားရွွိျခင္း၊ ရပ္ကြက္တိုင္းတြင္ ကင္းပုန္းမ်ားထားရွိျခင္းႏွင့္ လွည့္ကင္းဝပ္ကင္းမ်ား ထားရွိခဲ့ေသာ္လည္း ေဖေဖၚဝါရီလ (၂၁)ရက္ေန႔က ရိုးမဘဏ္အနီး ဗံုးေပါက္ကြဲမႈျဖစ္စဥ္ ျဖစ္ပြားခဲ့သည့္ အတြက္ ရဲတပ္ဖြဲ႔၏ လံုၿခံဳေရးလုပ္ေဆာင္ခ်က္မ်ားကို အရွိန္တိုးျမွင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကာလအတွင်း လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှ အင်အားပြည့်အသုံးပြုကာ နေ့၊ ည လုံခြုံရေးလှည့်ကင်း တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“ဖေဖော်ဝါရီလ (၂၁)ရက်မှာ ဖြစ်စဉ်လည်း ဖြစ်ထားတယ်။ ဆယ်တန်းစာမေးပွဲကလည်း ရှိနေတာဆိုတော့ စာမေးပွဲဖြေမယ့် ကလေးတွေ စိုးရိမ်မှုတွေရှိနေမယ်ဆိုရင် သူတို့အတွက် နစ်နာမှုတွေရှိလာမှာ စိုးတယ်။ စိတ်အေးချမ်းသာစွာရှိနေဖို့အတွက် အခုလိုဆောင်ရွက်ပေးဖို့စီစဉ်တာဖြစ်ပါတယ်” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ (၇) ရက်နေ့မှ (၁၆) ရက်နေ့အထိကျင်းပမည့် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှ အင်အား (၅၀) ကျော် အသုံးပြု၍ ယာဉ်တန်းဖြင့် လှည့်ကင်းဆောင်ရွက်ခြင်း၊ နေ့ခင်းပိုင်း ရပ်ကင်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကာလအတွင်း စီမံချက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး စာမေးပွဲမတိုင်မီကာလ မတ်လ (၃) ရက်နေ့ မှစတင်၍ လုံခြုံရေးနှင့် လှည့်ကင်းဆောင်ရွက်ခြင်းတို့ကို ကြိုတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ဇန်နဝါရီလမှစတင်၍ လားရှိုးမြို့အတွင်းရှိ လူစည်ကားရာနေရာများတွင် နေ့ခင်းပိုင်း ရပ်ကင်းများ ထားရှိခြင်း၊ ရပ်ကွက်တိုင်းတွင် ကင်းပုန်းများထားရှိခြင်းနှင့် လှည့်ကင်းဝပ်ကင်းများ ထားရှိခဲ့သော်လည်း ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် အတွက် ရဲတပ်ဖွဲ့၏ လုံခြုံရေးလုပ်ဆောင်ချက်များကို အရှိန်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~