Update News

လားရိႈးၿမိဳ႕နယ္အတြင္း တုိက္ပြဲေၾကာင့္ လားရိႈး - နမၼတူခရီးစဥ္ယာဥ္လိုင္းမ်ား ရပ္နားထား

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ နားဆိုင္းေက်းရြာအနီးတြင္ မတ္လ (၁၂) ရက္ေန႔ နံနက္ပိုင္းက RCSS ႏွင့္ TNLA တပ္ဖြဲ႔တို႔ ထိေတြ႔ပစ္ခတ္မႈမ်ားရွိေန၍ လားရိႈး - နမၼတူေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္လိုင္းမ်ား မတ္လ (၁၃) ရက္ေန႔တြင္ ရပ္နားထားေၾကာင္း သိရသည္။

“ခရီးသည္တင္ကားေတြသြားတဲ့ လမ္းေၾကာင္းအနီးမွာ ျဖစ္ၾကတာဆိုေတာ့ တစ္ခ်ိဳ႕ယာဥ္လိုင္းေတြက ဒီေန႔ ကေနစၿပီး ခဏနားထားတယ္။ အရင္ေန႔ေတြက လက္မွတ္ျဖတ္ထားၿပီးသား ခရီးသည္တစ္ခ်ိဳ႕ကေတာ့ ဒီေန႔မနက္မွာ စုစုေပါင္းယာဥ္ (၄) စီးနဲ႔ သြားၾကတယ္။ ယာဥ္လုိင္းေတြကေတာ့ အေျခအေနၾကည့္ၿပီးမွ ျပန္ထြက္ရမယ္” ဟု လားရႈိး-နမၼတူ ခရီးသည္ယာဥ္လိုင္းတစ္ခုမွ ယာဥ္ေမာင္းတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈး-နမၼတူ လမ္းေၾကာင္းေပၚရွိ နားဆိုင္းေက်းရြာအနီးတြင္ မတ္လ (၁၂) ရက္ေန႔ နံနက္ (၁၁) နာရီ ဝန္းက်င္က ပစ္ခတ္မႈမ်ားရွိခဲ့သည့္ အတြက္ အခ်ိဳ႕ခရီးသည္တင္ယာဥ္မ်ားမွာ နမၼတူ-သီေပါ လမ္းေၾကာင္းမွတစ္ဆင့္ လားရိႈးသို႔ ျပန္လာခဲ့ရျခင္းျဖစ္ေၾကာင္း သိရၿပီး လားရိႈး-နမၼတူ ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္လိုင္း (၅)ခုက မတ္လ (၁၃) ရက္ေန႔ နံနက္ပိုင္းမွစတင္၍ ခရီးသည္တင္ယာဥ္မ်ား ေျပးဆြဲျခင္းအား ရပ္နားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ခရီးသည္တင္ယာဥ္မ်ား ျဖတ္သန္းရာလမ္းေၾကာင္းတြင္ ျဖစ္ပြားေနသည့္ တုိက္ပြဲအေျခအေနေၾကာင့္ လားရိႈး - နမၼတူယာဥ္လုိင္းခရီးစဥ္မွ  ႀကိဳတင္ဝယ္ယူထားသည့္ လက္မွတ္မ်ားကို ေငြျပန္အမ္း ေပးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နားဆိုင်းကျေးရွာအနီးတွင် မတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းက RCSS နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုများရှိနေ၍ လားရှိုး - နမ္မတူပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများ မတ်လ (၁၃) ရက်နေ့တွင် ရပ်နားထားကြောင်း သိရသည်။

“ခရီးသည်တင်ကားတွေသွားတဲ့ လမ်းကြောင်းအနီးမှာ ဖြစ်ကြတာဆိုတော့ တစ်ချို့ယာဉ်လိုင်းတွေက ဒီနေ့ ကနေစပြီး ခဏနားထားတယ်။ အရင်နေ့တွေက လက်မှတ်ဖြတ်ထားပြီးသား ခရီးသည်တစ်ချို့ကတော့ ဒီနေ့မနက်မှာ စုစုပေါင်းယာဉ် (၄) စီးနဲ့ သွားကြတယ်။ ယာဉ်လိုင်းတွေကတော့ အခြေအနကြေည့်ပြီးမှ ပြန်ထွက်ရမယ်” ဟု လားရှိုး-နမ္မတူ ခရီးသည်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး-နမ္မတူ လမ်းကြောင်းပေါ်ရှိ နားဆိုင်းကျေးရွာအနီးတွင် မတ်လ (၁၂) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်က ပစ်ခတ်မှုများရှိခဲ့သည့် အတွက် အချို့ခရီးသည်တင်ယာဉ်များမှာ နမ္မတူ-သီပေါ လမ်းကြောင်းမှတစ်ဆင့် လားရှိုးသို့ ပြန်လာခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး လားရှိုး-နမ္မတူ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း (၅)ခုက မတ်လ (၁၃) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းအား ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်များ ဖြတ်သန်းရာလမ်းကြောင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေကြောင့် လားရှိုး - နမ္မတူယာဉ်လိုင်းခရီးစဉ်မှ ကြိုတင်ဝယ်ယူထားသည့် လက်မှတ်များကို ငွပြေန်အမ်း ပေးနေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်


 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::