ညီအစ္မၿမိဳ႕ေတာ္မ်ားျဖစ္သည့္ လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ နယ္စပ္ကုန္သြယ္ေရးလမ္း အျမန္ဆံုးၿပီးစီးေရး လုပ္ေဆာင္ေန

ညီအစ္မၿမိဳ႕ေတာ္မ်ားျဖစ္သည့္ လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ နယ္စပ္ကုန္သြယ္ေရးလမ္း အျမန္ဆံုးၿပီးစီးေရး လုပ္ေဆာင္ေန
မတ် 29, 2018
By Tachileik News Agency

ညီအစ္မၿမိဳ႕ေတာ္အျဖစ္ နားလည္မႈ စာခၽြန္လႊာေရးထိုးထားသည့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ ထိုင္းႏုိင္ငံ၊ မယ္ေဟာင္ေဆာင္ၿမိဳ႕တို႔ၾကား နယ္စပ္ကုန္သြယ္ေရးလမ္းအား အျမန္ဆံုးၿပီးစီးေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာ ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းသံအမတ္ႀကီး HE.Mr.Jukr Boom-Long ၊ မယ္ေဟာင္ေဆာင္ခ႐ုိင္ဝန္တို႔ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕တို႔က ၂၀၁၈ ခုႏွစ္ မတ္လ (၂၇) ရက္ေန႔တြင္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၌ နားလည္မႈစာခၽြန္လႊာေရးထိုးရာ ထိုင္း -ကယား နယ္စပ္ကုန္သြယ္ေရးလမ္းတြင္ မယ္ေဟာင္ေဆာင္ဖက္ျခမ္းရွိ အဆင့္ျမႇင့္တင္ရန္ က်န္ရွိေနေသာ ေျမသားလမ္း (၉.၇) ကီလိုမီတာအား အျမန္ေဆာင္ရြက္ေပးေစလုိေၾကာင္း ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေတာင္းဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ေဟာင္ေဆာင္ဖက္ျခမ္းရိွ လမ္းပိုင္းမွ ေျမသားလမ္းအား (၄၅)ရက္အတြင္း အဆင့္ျမႇင့္တင္သြားမည္ ျဖစ္ေၾကာင္းႏွင့္ အဆုိပါလမ္းအား ႏုိင္ငံတကာအဆင့္မီ ေဆာင္ရြက္ႏုိင္ေရးအတြက္ ထုိင္းႏုိင္ငံအေနျဖင့္ သစ္ေတာဧရိယာမွ ပယ္ဖ်က္ရန္လိုအပ္ေနျခင္းျဖစ္ေၾကာင္း မယ္ေဟာင္ေဆာင္ခ႐ိုင္ဝန္ Mr. Suebsak Eaimvijarn က ျပည္နယ္ဝန္ႀကီးခ်ဳပ္အား ျပန္လည္ရွင္းလင္းခဲ့သည္။

ညီအစ္မၿမိဳ႕ေတာ္မ်ားအျဖစ္ သတ္မွတ္ထားၿပီးျဖစ္ရာ ႏွစ္ႏုိင္ငံမွ ေမာ္ေတာ္ယာဥ္ အဝင္၊အထြက္သြားလာမႈႏွင့္ အျပန္အလွန္ ေလးစားလုိက္နာရမည့္ စည္းကမ္းမ်ား ညွႇိႏွိဳင္းသတ္မွတ္ေရး၊ တရားမဝင္ကုန္သြယ္မႈမ်ားအား ႏွစ္ႏုိင္ငံပူးတြဲေျဖရွင္းေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး



~~~~~~~~⊰❂ unicode ~~~~~~~~


ညီအစ်မမြို့တော်အဖြစ် နားလည်မှု စာချွန်လွှာရေးထိုးထားသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့တို့ကြား နယ်စပ်ကုန်သွယ်ရေးလမ်းအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး HE.Mr.Jukr Boom-Long၊ မယ်ဟောင်ဆောင်ခရိုင်ဝန်တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့က ၂၀၁၈ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ နားလည်မှုစာချွန်လွှာရေးထိုးရာ ထိုင်း -ကယား နယ်စပ်ကုန်သွယ်ရေးလမ်းတွင် မယ်ဟောင်ဆောင်ဖက်ခြမ်းရှိ အဆင့်မြှင့်တင်ရန် ကျန်ရှိနေသော မြေသားလမ်း (၉.၇) ကီလိုမီတာအား အမြန်ဆောင်ရွက်ပေးစေလိုကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဟောင်ဆောင်ဖက်ခြမ်းရှိ လမ်းပိုင်းမှ မြေသားလမ်းအား (၄၅)ရက်အတွင်း အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါလမ်းအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံအနဖြေင့် သစ်တောဧရိယာမှ ပယ်ဖျက်ရန်လိုအပ်နခြေင်းဖြစ်ကြောင်း မယ်ဟောင်ဆောင်ခရိုင်ဝန် Mr. Suebsak Eaimvijarn က ပြည်နယ်ဝန်ကြီးချုပ်အား ပြန်လည်ရှင်းလင်းခဲ့သည်။

ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ နှစ်နိုင်ငံမှ မော်တော်ယာဉ် အဝင်၊အထွက်သွားလာမှုနှင့် အပြန်အလှန် လေးစားလိုက်နာရမည့် စည်းကမ်းများ ညှိနှိုင်းသတ်မှတ်ရေး၊ တရားမဝင်ကုန်သွယ်မှုများအား နှစ်နိုင်ငံပူးတွဲဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~