ကျေးသီးမြို့နယ်အတွင်း တပ်သိမ်းမြေထဲမှ နမ့်ကုံးရေဝေရေလဲဧရိယာ ၃၁ ဧက ပြန်လည်စွန့်လွှတ်မည်

ကျေးသီးမြို့နယ်အတွင်း တပ်သိမ်းမြေထဲမှ နမ့်ကုံးရေဝေရေလဲဧရိယာ ၃၁ ဧက ပြန်လည်စွန့်လွှတ်မည်
မတျ 13, 2018
By Tachileik News Agency


“ပြည်သူများ အသုံးပြုလျက်ရှိသည့် သဘာဝရေများ ထွက်ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ (၃၁) ဧကအား မြို့နယ် အတွင်းရှိ ပြည်သူလူထု၊ ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘော ဆန္ဒအတိုင်း အများပြည်သူ လူထုပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ စိုက်ခင်းမြေ (၁၆၅) ဧကသည် တပ်မြေသိမ်းယူစဉ်က ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့သော ရွှေ့ပြောင်းတောင်ယာမြေ၊ သုသာန်မြေ၊ မြေလွတ်မြေလပ် အမျိုးအစားဖြစ်ပြီး သုသာန်မြေကိုလည်း မြေနေရာအသစ်သို့ ရွှေ့ပြောင်း ထားပြီးဖြစ်သောကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက် အထားတစ်စုံတစ်ရာမရှိခြင်း၊ တပ်ရင်း၏အဆောက်အဦ၊ စက်ပစ်ကွင်းများနှင့် နီးကပ်စွာတည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း”ဟု ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်က ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ (၃၁) ဧကနှင့် တောင်သူများ၏ စိုက်ခင်း (၁၆၅) ဧကအား ပြည်သူပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း #ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းက တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ (၃၁) ဧကအား ပြန်လည် စွန့်လွှတ်မည်ဖြစ်ပြီး တောင်သူများ၏ စိုက်ခင်း (၁၆၅) ဧကအတွက် မြေနေရာ အစားထိုး ပေးထားသည့် အပြင် လက်ရှိ စက်ပစ်ကွင်းနှင့် နီးကပ်နေ၍ စွန့်လွှတ်ရန်မရှိကြောင်း သိရသည်။

“ပြည်သူများ အသုံးပြုလျက်ရှိသည့် သဘာဝရေများ ထွက်ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ (၃၁) ဧကအား မြို့နယ် အတွင်းရှိ ပြည်သူလူထု၊ ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘော ဆန္ဒအတိုင်း အများပြည်သူ လူထုပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ စိုက်ခင်းမြေ (၁၆၅) ဧကသည် တပ်မြေသိမ်းယူစဉ်က ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့သော ရွှေ့ပြောင်းတောင်ယာမြေ၊ သုသာန်မြေ၊ မြေလွတ်မြေလပ် အမျိုးအစားဖြစ်ပြီး သုသာန်မြေကိုလည်း မြေနေရာအသစ်သို့ ရွှေ့ပြောင်း ထားပြီးဖြစ်သောကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက် အထားတစ်စုံတစ်ရာမရှိခြင်း၊ တပ်ရင်း၏အဆောက်အဦ၊ စက်ပစ်ကွင်းများနှင့် နီးကပ်စွာတည်ရှိနခြေင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း”ဟု ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြကြေားခဲ့သည်။

မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်က ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ (၃၁) ဧကနှင့် တောင်သူများ၏ စိုက်ခင်း (၁၆၅) ဧကအား ပြည်သူပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~