ကယားျပည္နယ္လံုးဆိုင္ရာ စုေပါင္းရိုးရာ ေက့ထိုးဘိုးပြဲေတာ္အား ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါတငူး(ေရွ႕)ရြာတြင္ (၆)ရက္ၾကာက်င္းပမည္

ကယားျပည္နယ္လံုးဆိုင္ရာ စုေပါင္းရိုးရာ ေက့ထိုးဘိုးပြဲေတာ္အား ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါတငူး(ေရွ႕)ရြာတြင္ (၆)ရက္ၾကာက်င္းပမည္
မတ် 11, 2018
By Tachileik News Agency

ကယားျပည္နယ္ ဒီးေမာ့ဆုိၿမိဳ႕နယ္၊ ေဒါကေလာ္ဒူ ေက်းရြာအုပ္စု၊ ေဒါတငူး(ေရွ႕) ေက်းရြာတြင္ စုေပါင္းရုိးရာ ေက့ထုိးဘုိးပြဲေတာ္အား (၅)ရက္ၾကာ က်င္းပသြားရန္ ျပည္နယ္အစိုးရအဖြဲ႕က ပြဲက်င္းပေရး ေကာ္မတီျဖင့္ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္မွာ ၂၀၁၈ ခုႏွစ္တြင္ ႏွစ္ (၆၀)ေျမာက္ပြဲေတာ္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လ (၁၇) ရက္ေန႕မွ (၂၁) ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရအဖြဲ႕က ျပည္နယ္တြင္းမွ တုိင္းရင္းသားလူမ်ိဳးမ်ား၏ အေမြအႏွစ္မ်ား၊ ရုိးရာပြဲေတာ္မ်ား ျပန္လည္ ေဖာ္ထုတ္ႏုိင္ေရး အစီအစဥ္အရ ကယားျပည္နယ္အစုိးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္က ျပည္နယ္အစိုးရအဖြဲ႕ဝင္ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ၀န္ႀကီး၊ စုေပါင္းရုိးရာ ေက့ထုိးဘုိးရုိးရာ ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီမွ တာ၀န္ရွိသူမ်ားက ပြဲက်င္းပေရး ညိႇႏိႈင္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ပြဲေတာ္က်င္းပေရးအတြက္ ကယားျပည္နယ္အစုိးရအဖြဲ႔က ေငြက်ပ္ သိန္း(၃၀) ႏွင့္ သက္ဆုိင္ရာ ဌာနမ်ားက ပူးေပါင္းကူညီမႈမ်ားျဖင့္ ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(၆၀) ႀကိမ္ေျမာက္ ေက့ထုိးဘုိးပြဲေတာ္သည္ ေဒါတငူး(ေရွ႕)ေက်းရြာတြင္ ဒုတိယ အႀကိမ္ေျမာက္ က်င္းပျခင္းျဖစ္ၿပီး အဆိုပါ ေက်းရြာတြင္ ပထမဆုံးအႀကိမ္က်င္းပသည့္ ၁၉၅၈ ခုႏွစ္က ႏုိင္ငံေတာ္ ၀န္ႀကီးခ်ဳပ္ ဦးႏု တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း #အင္မုိင္ခ
ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူ ကျေးရွာအုပ်စု၊ ဒေါတငူး(ရှေ့) ကျေးရွာတွင် စုပေါင်းရိုးရာ ကေ့ထိုးဘိုးပွဲတော်အား (၅)ရက်ကြာ ကျင်းပသွားရန် ပြည်နယ်အစိုးရအဖွဲ့က ပွဲကျင်းပရေး ကော်မတီဖြင့် စီစဉ်နေကြောင်း သိရသည်။

အဆိုပါပွဲတော်မှာ ၂၀၁၈ ခုနှစ်တွင် နှစ် (၆၀)မြောက်ပွဲတော်ဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်းမှ တိုင်းရင်းသားလူမျိုးများ၏ အမွေအနှစ်များ၊ ရိုးရာပွဲတော်များ ပြန်လည် ဖော်ထုတ်နိုင်ရေး အစီအစဉ်အရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စုပေါင်းရိုးရာ ကေ့ထိုးဘိုးရိုးရာ ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများက ပွဲကျင်းပရေး ညှိနှိုင်းဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်ကျင်းပရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် သိန်း(၃၀) နှင့် သက်ဆိုင်ရာ ဌာနများက ပူးပေါင်းကူညီမှုများဖြင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

(၆၀) ကြိမ်မြောက် ကေ့ထိုးဘိုးပွဲတော်သည် ဒေါတငူး(ရှေ့)ကျေးရွာတွင် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ၁၉၅၈ ခုနှစ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~