တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် လူသတ်ပြီး ချောင်းထဲမျှောလိုက်ကာ တိမ်းရှောင်နေသူအား ရဲတပ်ဖွဲ့မှ (၆)လကျော်အကြာတွင် ဖမ်းဆီးရမိ

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် လူသတ်ပြီး ချောင်းထဲမျှောလိုက်ကာ တိမ်းရှောင်နေသူအား ရဲတပ်ဖွဲ့မှ (၆)လကျော်အကြာတွင် ဖမ်းဆီးရမိ
မတျ 5, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ခင်းရွာအနီးတွင် ၂၀၁၇ ခုနှစ် စက်တင် ဘာလက ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ရဲတပ်ဖွဲ့က တာလေမြို့ တောင်သုံးလုံး ကျေးရွာ၌ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ ၂၀၁၈ခုနှစ် မတ်လ (၅)ရက်နေ့အကူး နံနက် (၁)နာရီမထိုးမီတွင် ဖမ်းဆီး ရမိကြောင်း သိရသည်။

မိုင်းပါလျှိုးနယ်မြေရဲစခန်းအပိုင် ကျိုင်းလပ်မြိုနမ့်ခမ်းရွာ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ နမ့်ခင်းချောင်း အတွင်း ဒိုက်ပင်များပေါက်သည့် သဲခုံပေါ်တွင် အမျိုးသားအလောင်းတစ်လောင်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ ညနေ(၃)နာရီခန့်က တွေ့ခဲ့ရသဖြင့် နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ နမ့်ခင်းပုံကျေးရွာမှ ဦးကျစော ဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အလောင်းအား တာလေပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ မိုင်းပါလျှိုးနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့် ကနဦး အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သေဆုံးသူ၏ နေအိမ်တွင် လယ်စာရင်းငှား လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အာယုဖောအား ရဲတပ်ဖွဲ့က သံသယရှိသဖြင့် စုံစမ်းနေစဉ် ၂၀၁၈ ခုနှစ် မတ်လ (၄)ရက်နေ့က တာလေမြို့ တောင်သုံးလုံး ကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်စိုးအောင် ဦးစီးအဖွဲ့၊ တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မိုင်းကိုးပြည်သူ့စစ်အဖွဲ့၊ ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့က တောင်သုံးလုံးကျေးရွာအား ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ မတ်လ (၅)ရက်နေ့အကူး နံနက်(၁)နာရီ မထိုးမီတွင် သံသယရှိသူ အာယုဖောအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - ဇာနှင်း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ခင်းရွာအနီးတွင် ၂၀၁၇ ခုနှစ် စက်တင် ဘာလက ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ရဲတပ်ဖွဲ့က တာလမြေို့ တောင်သုံးလုံး ကျေးရွာ၌ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ ၂၀၁၈ခုနှစ် မတ်လ (၅)ရက်နေ့အကူး နံနက် (၁)နာရီမထိုးမီတွင် ဖမ်းဆီး ရမိကြောင်း သိရသည်။

မိုင်းပါလျှိုးနယ်မြေရဲစခန်းအပိုင် ကျိုင်းလပ်မြိုနမ့်ခမ်းရွာ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ နမ့်ခင်းချောင်း အတွင်း ဒိုက်ပင်များပေါက်သည့် သဲခုံပေါ်တွင် အမျိုးသားအလောင်းတစ်လောင်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ ညနေ(၃)နာရီခန့်က တွေ့ခဲ့ရသဖြင့် နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ နမ့်ခင်းပုံကျေးရွာမှ ဦးကျစော ဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အလောင်းအား တာလပြေည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ မိုင်းပါလျှိုးနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့် ကနဦး အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆေးစာထင်မြင်ချက် ပြန်ကြားစာအရ သေဆုံးသူမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် သေမှုသေခင်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် (ပ)၆/၂၀၁၇ ဖြင့် အမှုပြောင်းလဲ ဖွင့်လှစ်ပြီး ဆက်လက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ နေအိမ်တွင် လယ်စာရင်းငှါး လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အာယုဖောအား ရဲတပ်ဖွဲ့က သံသယရှိသဖြင့် စုံစမ်းနေစဉ် ၂၀၁၈ ခုနှစ် မတ်လ (၄)ရက်နေ့က တာလမြေို့ တောင်သုံးလုံး ကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်စိုးအောင် ဦးစီးအဖွဲ့၊ တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မိုင်းကိုးပြည်သူ့စစ်အဖွဲ့၊ ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့က တောင်သုံးလုံးကျေးရွာအား ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ မတ်လ (၅)ရက်နေ့အကူး နံနက်(၁)နာရီ မထိုးမီတွင် သံသယရှိသူ အာယုဖောအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာယုဖောသည် သေဆုံးသူ ဦးကျစော၏ နေအိမ်တွင် လယ်စာရင်းငှါးအဖြစ် နေထိုင်ခဲ့စဉ် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် နမ့်ခင်းချောင်းဘေး တောင်ယာစောင်း၌ ဦးကျစောနှင့် စကားများ ရန်ဖြစ်ရာ ဝါးရင်းတုတ်ဖြင့် ရိုက်လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသည့် ဦးကျစောအား နမ့်ခင်းချောင်းအတွင်း မျောလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုမှ တရားခံဖမ်းဆီးရမိရေး အတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း၊
တာချီလိတ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုတို့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်နှင့် နယ်ထိန်း ဒုရဲအုပ် အောင်မြင့်မြတ် ပါဝင်သော တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်များမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ဒေသခံလူထုနှင့် ချိတ်ဆက်ကာ အမှုအား စုံစမ်း ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~