အႀကိမ္(၆၀)ေျမာက္ ကယားျပည္နယ္လုံးဆုိင္ရာ စုေပါင္းရိုးရာ ေက့ထ်ဳိးဘုိး ပြဲေတာ္ က်င္းပၿပီးစီး

အႀကိမ္(၆၀)ေျမာက္ ကယားျပည္နယ္လုံးဆုိင္ရာ စုေပါင္းရိုးရာ ေက့ထ်ဳိးဘုိး ပြဲေတာ္ က်င္းပၿပီးစီး
မတ် 21, 2018
By Tachileik News Agency

မတ္လ(၁၇)ရက္ေန႔က စတင္၍ က်င္းပခဲ့သည့္ အႀကိမ္(၆၀)ေျမာက္ ကယားျပည္နယ္လံုးဆိုင္ရာ စုေပါင္း႐ိုးရာ ေက့ထ်ဳိးဘိုးပြဲေတာ္ အၿပီး မတ္လ(၂၁)ရက္ေန႔တြင္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါတငူး(ေရွ႕)ေက်းရြာရွိ တံခြန္တိုင္၀န္းအတြင္း တံခြန္တိုင္ေတာ္ စိုက္ထူျခင္း အခမ္းအနားအား က်င္းပေၾကာင္း သိရသည္။

အႀကိမ္(၆၀)ေျမာက္ ကယားျပည္နယ္လံုးဆိုင္ရာ စုေပါင္း႐ိုးရာ ေက့ထ်ဳိးဘိုးပြဲေတာ္ ကာလအတြင္း ႐ုိးရာယဥ္ေက်းမႈ အကၿပိဳင္ပြဲမ်ား၊ ႐ုိးရာအက ေဖ်ာ္ေျဖေရးမ်ား၊ အားကစားၿပိဳင္ပြဲမ်ား ပါဝင္ခဲ့ၿပီး တံခြန္တိုင္ေတာ္ ခုတ္ယူျခင္းႏွင့္ သြားေရာက္ သယ္ေဆာင္ျခင္း အဆင့္ဆင့္ ျပဳလုပ္က်င္းပခဲ့ၾကျပီး မတ္လ ၂၁ ရက္ေန႔တြင္ အခမ္းအနားႏွင့္ အတူ ႐ုိးရာ ေက့ထ်ိဳးဘိုး တံခြန္တိုင္ေတာ္အား ဒီးေမာ့ဆုိၿမိဳ႕နယ္၊ ေဒါတငူး(ေရွ႕) ေက်းရြာ တံခြန္တုိင္၀န္းတြင္ စုေပါင္းစိုက္ထူခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ အခမ္းအနားသို႔ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ႏွင့္ အစိုးရအဖြဲ႔၀င္မ်ား ၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ မ်ိဳးႏြယ္စုေခါင္းေဆာင္မ်ားႏွင့္ ၿမိဳ႕နယ္အသီးသီးမွ ကရင္နီမိ်ဳးႏြယ္စုတိုင္း ရင္းသားမ်ား တက္ေရာက္ခဲ့ၾကသည္။

ကရင္နီမ်ိဳးႏြယ္စုမ်ားထဲမွ ေက့ထ်ိဳးဘိုး ႐ိုးရာအား ကိုးကြယ္ယုံၾကည္ၾကသည့္ မ်ိဳးႏြယ္စုမ်ား၏ ပြဲေတာ္တစ္ခုျဖစ္သည့္ ရုိးရာေက့ထ်ဳိးဘုိးပြဲေတာ္ကို  ႏွစ္စဥ္ တန္ခူးလဆန္းတြင္ စတင္က်င္းပ ျပဳလုပ္ျမဲျဖစ္ၿပီး ပြဲေတာ္ ျပဳလုပ္ရျခင္းမွာ ေရာဂါဘယ ကင္းရွင္းပေပ်ာက္ေရး၊ မုိးေလ၀သမွန္ကန္ေရး၊ စုိက္ပ်ဳိးသီးႏွံမ်ား ေအာင္ျမင္ ျဖစ္ထြန္းေရး၊ သဘာ၀ေဘးအႏၱရာယ္ အမ်ဳိးမ်ဳိးမွ ကင္းေ၀း လြတ္ေျမာက္ေရးႏွင့္ တုိင္းျပည္ စည္ပင္သာယာ ၀ေျပာေရး စသည့္ ယုံၾကည္ခ်က္ျဖင့္ က်င္းပ ျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ေက့ထ်ိဳးဘုိး တုိင္ေတာ္အား မတ္လ (၁၇)ေန႔တြင္ ဒီးေမာ့ဆုိၿမဳိ႕နယ္၊ တဖုိေက်းရြာ အေရွ႕ဘက္မွ ခုတ္ယူခဲ့ၾကၿပီး ယခုလို ရုိးရာေက့ထ်ဳိးဘုိး တုိင္ေတာ္အား ခုတ္ယူရာတြင္ ေက့ထ်ဳိးဘုိး ဗ်ာစယ္မွ ၾကက္ရုိး ေဗဒင္ ေမးယူ၍ ခုတ္ယူရကာ အမ်ိဳးသမီးမ်ား လိုက္ပါခြင့္မ႐ွိဘဲ အမ်ိဳးသားမ်ားသာ သြားေရာက္ခုတ္ယူရၿပီး တိုင္ေတာ္ကိုလည္း လူအင္အားျဖင့္သာ ခုတ္ယူသည့္ေနရာမွ စိုက္ထူမည့္ေနရာထိ ႀကိဳးမ်ားျဖင့္ဆြဲ၍  ယူလာရကာ အမ်ိဳးသမီးမ်ားမွ ရြာအဝင္တြင္ သေျပပန္းႏွင့္ ေရပက္ဖ်န္းႀကဳိဆုိၾကရျခင္းျဖစ္သည္။

" ေယာက်္ားေလးေတြ ပဲ အကုန္သြားၾကတယ္ ။ ၾကက္႐ုိးထိုးၿပီးရင္ တိုင္ခုတ္တယ္ ။ ၿပီးတာနဲ႔ ႀကိဳးေတြနဲ႔ဆြဲၿပီး စိုက္မယ့္ေနရာထိ ဗုံေမာင္းေတြ တီးတယ္ ၊ ကၾကတယ္ ၊ ကလိုက္တီးလိုက္ ဝိုင္းဆြဲလိုက္နဲ႔ အကုန္ဝိုင္းဆြဲၾကတာေပါ့ ။ မိန္းကေလးေတြကေတာ့ ရြာထိပ္ေရာက္ရင္ တံခြန္တိုင္ကို ေရနဲ႔ပက္တယ္၊ လူေတြလဲပက္ၾကေပါ့။ ေပ်ာ္ေပ်ာ္ပါးပါးပဲ ဆြဲလာၾကတာေပါ့ ။ ဒါက က်ေနာ္တို႔ တံခြန္တိုင္ ယုံၾကည္သူေတြ ကိုးကြယ္ ၾကတဲ့ ႏွစ္စဥ္ အစဥ္အလာမပ်က္ က်င္းပၾကတဲ့ ပြဲေတာ္ ကိုးကြယ္ယုံၾကည္မႈေပါ့ ။ ဒါက စုေပါင္းပြဲေပါ့ ။ ၿပီးရင္ တံခြန္တိုင္ကိုးကြယ္ ယုံၾကည္တဲ့ရြာေတြ မွာ တစ္ရြာၿပီးတစ္ရြာ တံခြန္တိုင္ပြဲေတြ ကိုယ့္ရြာအလိုက္ ျပန္လုပ္ၾကတယ္ ။ သိတဲ့သူပဲျဖစ္ျဖစ္ မသိတဲ့ဧည့္သည္ပဲျဖစ္ျဖစ္ လာလည္လို႔ရပါတယ္ "ဟု တံခြန္တိုင္ခုတ္ယူရာတြင္ ပါဝင္သူ ကိုစိုးရယ္က ေျပာသည္။

ယခု ေက့ထ်ိဳးဘုိး တုိင္ေတာ္ ဆြဲျပန္ ခရီးစဥ္တြင္ တဖုိ၊ ဘုိးလ်ား၊ ေဒါေလာခူ၊ ေဒါလ်ားခူေက်းရြာမ်ား အား ျဖတ္သန္း သယ္ေဆာင္လာခဲ့ၿပီး တံခြန္တုိင္ေတာ္ႀကီး ခုတ္ယူရာတြင္ (၇) လံ႐ွိၿပီး ရွည္လ်ား၍ ေကာင္းမြန္ ေျဖာင့္ျဖဴးေသာ ကြၽန္းပင္ႀကီး ျဖစ္ေသာေၾကာင့္ ယခုႏွစ္တြင္ ရာသီဥတု ေကာင္းမြန္မည္၊ ေနထြက္ရာ အရပ္မွ လွဲက်မွဳေၾကာင့္ တုိင္းျပည္ ေအးခ်မ္း ေကာင္းမြန္မည္ျဖစ္ေၾကာင္း ေက့ထ်ိဳးဘိုး႐ုိးရာ ေဂါပက အဖဲြ႔ခ်ဳပ္မွ တာဝန္႐ွိသူတစ္ဦးထံက သိရသည္။

ပထမအႀကိမ္ စုေပါင္းေက့ထ်ိဳးဘိုး ႐ုိးရာပြဲေတာ္အား ၁၉၅၈ ခုႏွစ္တြင္ ဒီးေမာ့ဆိုၿမိဳ႕ ၊ေဒါတငူး(ေ႐ွ႕) ေက်းရြာ၌ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစဝ္ဝဏၰက ဦးေဆာင္က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဦးႏု တက္ေရာက္ခဲ့ကာ  ယခုအခါ (၆၀)ႀကိမ္ေျမာက္ ကယားျပည္နယ္လုံးဆိုင္ရာ စုေပါင္းရိုးရာ ေက့ထ်ဳိးဘုိး ပြဲေတာ္အား တတိယအႀကိမ္ အဆိုပါေက်းရြာတြင္ ျပန္လည္က်င္းပခြင့္ ရ႐ွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မတ်လ(၁၇)ရက်နေ့က စတင်၍ ကျင်းပခဲ့သည့် အကြိမ်(၆၀)မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် အပြီး မတ်လ(၂၁)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတငူး(ရှေ့)ကျေးရွာရှိ တံခွန်တိုင်ဝန်းအတွင်း တံခွန်တိုင်တော် စိုက်ထူခြင်း အခမ်းအနားအား ကျင်းပကြောင်း သိရသည်။

အကြိမ်(၆၀)မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် ကာလအတွင်း ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲများ၊ ရိုးရာအက ဖျော်ဖြေရေးများ၊ အားကစားပြိုင်ပွဲများ ပါဝင်ခဲ့ပြီး တံခွန်တိုင်တော် ခုတ်ယူခြင်းနှင့် သွားရောက် သယ်ဆောင်ခြင်း အဆင့်ဆင့် ပြုလုပ်ကျင်းပခဲ့ကြပြီး မတ်လ ၂၁ ရက်နေ့တွင် အခမ်းအနားနှင့် အတူ ရိုးရာ ကေ့ထျိုးဘိုး တံခွန်တိုင်တော်အား ဒီးမော့ဆိုမြို့နယ်၊ ဒေါတငူး(ရှေ့) ကျေးရွာ တံခွန်တိုင်ဝန်းတွင် စုပေါင်းစိုက်ထူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မျိုးနွယ်စုခေါင်းဆောင်များနှင့် မြို့နယ်အသီးသီးမှ ကရင်နီမျိုးနွယ်စုတိုင်း ရင်းသားများ တက်ရောက်ခဲ့ကြသည်။

ကရင်နီမျိုးနွယ်စုများထဲမှ ကေ့ထျိုးဘိုး ရိုးရာအား ကိုးကွယ်ယုံကြည်ကြသည့် မျိုးနွယ်စုများ၏ ပွဲတော်တစ်ခုဖြစ်သည့် ရိုးရာကေ့ထျိုးဘိုးပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်းတွင် စတင်ကျင်းပ ပြုလုပ်မြဲဖြစ်ပြီး ပွဲတော် ပြုလုပ်ရခြင်းမှာ ရောဂါဘယ ကင်းရှင်းပပျောက်ရေး၊ မိုးလေဝသမှန်ကန်ရေး၊ စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေး၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းေဝး လွတ်မြောက်ရေးနှင့် တိုင်းပြည် စည်ပင်သာယာ ဝပြောရေး စသည့် ယုံကြည်ချက်ဖြင့် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကေ့ထျိုးဘိုး တိုင်တော်အား မတ်လ (၁၇)နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ တဖိုကျေးရွာ အရှေ့ဘက်မှ ခုတ်ယူခဲ့ကြပြီး ယခုလို ရိုးရာကေ့ထျိုးဘိုး တိုင်တော်အား ခုတ်ယူရာတွင် ကေ့ထျိုးဘိုး ဗျာစယ်မှ ကြက်ရိုး ဗေဒင် မေးယူ၍ ခုတ်ယူရကာ အမျိုးသမီးများ လိုက်ပါခွင့်မရှိဘဲ အမျိုးသားများသာ သွားရောက်ခုတ်ယူရပြီး တိုင်တော်ကိုလည်း လူအင်အားဖြင့်သာ ခုတ်ယူသည့်နေရာမှ စိုက်ထူမည့်နေရာထိ ကြိုးများဖြင့်ဆွဲ၍ ယူလာရကာ အမျိုးသမီးများမှ ရွာအဝင်တွင် သပြေပန်းနှင့် ရေပက်ဖျန်းကြိုဆိုကြရခြင်းဖြစ်သည်။

" ယောကျာ်းလေးတွေ ပဲ အကုန်သွားကြတယ်။ ကြက်ရိုးထိုးပြီးရင် တိုင်ခုတ်တယ်။ ပြီးတာနဲ့ ကြိုးတွေနဲ့ဆွဲပြီး စိုက်မယ့်နေရာထိ ဗုံမောင်းတွေ တီးတယ်၊ ကကြတယ်၊ ကလိုက်တီးလိုက် ဝိုင်းဆွဲလိုက်နဲ့ အကုန်ဝိုင်းဆွဲကြတာပေါ့။ မိန်းကလေးတွေကတော့ ရွာထိပ်ရောက်ရင် တံခွန်တိုင်ကို ရေနဲ့ပက်တယ်၊ လူတွေလဲပက်ကြပေါ့။ ပျော်ပျော်ပါးပါးပဲ ဆွဲလာကြတာပေါ့။ ဒါက ကျနော်တို့ တံခွန်တိုင် ယုံကြည်သူတွေ ကိုးကွယ် ကြတဲ့ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပကြတဲ့ ပွဲတော် ကိုးကွယ်ယုံကြည်မှုပေါ့။ ဒါက စုပေါင်းပွဲပေါ့။ ပြီးရင် တံခွန်တိုင်ကိုးကွယ် ယုံကြည်တဲ့ရွာတွေ မှာ တစ်ရွာပြီးတစ်ရွာ တံခွန်တိုင်ပွဲတွေ ကိုယ့်ရွာအလိုက် ပြန်လုပ်ကြတယ်။ သိတဲ့သူပဲဖြစ်ဖြစ် မသိတဲ့ဧည့်သည်ပဲဖြစ်ဖြစ် လာလည်လို့ရပါတယ် "ဟု တံခွန်တိုင်ခုတ်ယူရာတွင် ပါဝင်သူ ကိုစိုးရယ်က ပြောသည်။

ယခု ကေ့ထျိုးဘိုး တိုင်တော် ဆွဲပြန် ခရီးစဉ်တွင် တဖို၊ ဘိုးလျား၊ ဒေါလောခူ၊ ဒေါလျားခူကျေးရွာများ အား ဖြတ်သန်း သယ်ဆောင်လာခဲ့ပြီး တံခွန်တိုင်တော်ကြီး ခုတ်ယူရာတွင် (၇) လံရှိပြီး ရှည်လျား၍ ကောင်းမွန် ဖြောင့်ဖြူးသော ကျွန်းပင်ကြီး ဖြစ်သောကြောင့် ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်မည်၊ နေထွက်ရာ အရပ်မှ လှဲကျမှုကြောင့် တိုင်းပြည် အေးချမ်း ကောင်းမွန်မည်ဖြစ်ကြောင်း ကေ့ထျိုးဘိုးရိုးရာ ဂေါပက အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ပထမအကြိမ် စုပေါင်းကေ့ထျိုးဘိုး ရိုးရာပွဲတော်အား ၁၉၅၈ ခုနှစ်တွင် ဒီးမော့ဆိုမြို့၊ဒေါတငူး(ရှေ့) ကျေးရွာ၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်ဝဏ္ဏက ဦးဆောင်ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့ကာ ယခုအခါ (၆၀)ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းရိုးရာ ကေ့ထျိုးဘိုး ပွဲတော်အား တတိယအကြိမ် အဆိုပါကျေးရွာတွင် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~