အျပည္ျပည္ဆိုင္ရာ သစ္ေတာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ အသိပညာေပး ေဟာေျပာ

အျပည္ျပည္ဆိုင္ရာ သစ္ေတာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ အသိပညာေပး ေဟာေျပာ
မတ် 21, 2018
By Tachileik News Agency

မတ္လ(၂၁)ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ သစ္ေတာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ အသိပညာေပး ေဟာေျပာပြဲအား မတ္လ(၂၁)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္စိုးတင့္ မွ အဖြင့္အမွာစကား ေျပာၾကားၿပီး တက္ေရာက္လာသည့္ ရွမ္းတိုင္းရင္းသားမ်ားအား မိုင္းကိုးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ဦးစိုင္းပီးက ရွမ္းဘာသာစကားျဖင့္ ျပန္လည္ေျပာၾကားေပးၿပီးေနာက္ တာခ်ီလိတ္ခရိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္ က သစ္ေတာသစ္ပင္မ်ား ပ်က္စီး ျပဳန္းတီးရျခင္း အေၾကာင္းရင္းႏွင့္ သစ္ေတာသစ္ပင္မ်ားအား ၀ိုင္း၀န္းထိန္းသိမ္း ကာကြယ္ၾကရန္ ရွင္းလင္းေျပာၾကားသည္။

အခမ္းအနားသို႔ ဖိတ္ၾကားထားသူမ်ားႏွင့္ ေက်းရြာအုပ္စုတြင္းေန တိုင္းရင္းသားျပည္သူ စုစုေပါင္း (၁၆၀)၀န္းက်င္ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္ ၊ သစ္ေတာ



~~~~~~~~⊰❂ unicode ~~~~~~~~

မတ်လ(၂၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဟိုရမ်းပြည်သူ့စစ်စခန်းတွင် အသိပညာပေး ဟောပြောပွဲအား မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်စိုးတင့် မှ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားများအား မိုင်းကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုင်းပီးက ရှမ်းဘာသာစကားဖြင့် ပြန်လည်ပြောကြားပေးပြီးနောက် တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင် က သစ်တောသစ်ပင်များ ပျက်စီး ပြုန်းတီးရခြင်း အကြောင်းရင်းနှင့် သစ်တောသစ်ပင်များအား ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရန် ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူများနှင့် ကျေးရွာအုပ်စုတွင်းနေ တိုင်းရင်းသားပြည်သူ စုစုပေါင်း (၁၆၀)ဝန်းကျင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ သစ်တော

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~