ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမ်ားတြင္ တာဝန္ထမ္းေဆာင္မည့္ လဝက ဝန္ထမ္းသစ္မ်ားအား လုပ္ငန္းခြင္ သင္တန္းဆင္း

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမ်ားတြင္ တာဝန္ထမ္းေဆာင္မည့္ လဝက ဝန္ထမ္းသစ္မ်ားအား လုပ္ငန္းခြင္ သင္တန္းဆင္း
မတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)  အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတြင္ တာဝန္ထမ္းေဆာင္မည့္ ဝန္ထမ္းအသစ္ (၄၄)ဦးအား က်ိဳင္းတံုၿမိဳ႕တြင္ အေျခခံရံုးလုပ္ငန္းခြင္ သင္တန္းပို႔ခ်ေပးခဲ့ရာ မတ္လ (၃၀)ရက္ေန႔တြင္ သင္တန္းဆင္းၿပီျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ လဝက ဌာနဆိုတာ ဘာမွန္းမသိဘဲ ဝင္ေရာက္ တာဝန္ထမ္းေဆာင္ဖို႔ ေရာက္လာခဲ့တာပါ။ ခုလို သင္တန္းတက္လိုက္ရေတာ့ လဝက ဌာနရဲ႕ ဥပေဒ လုပ္ထံုးလုပ္နည္းေတြကို သိလာခဲ့ရတဲ့အတြက္ လုပ္ငန္းလုပ္ရာမွာ အစစ အရာရာ အဆင္ေျပေအာင္ ေဆာင္ရြက္ႏိုင္မွာပါ” ဟု သင္တန္းသားတစ္ဦးက ေျပာသည္။

အဆိုပါ သင္တန္းတြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕နယ္မ်ားတြင္ ခန္႔အပ္ခံထားရသည့္ ဝန္ထမ္းသစ္မ်ားျဖစ္သည့္ သင္တန္းသား(၄၂)ဦးႏွင့္ သင္တန္းသူ(၂)ဦး စုစုေပါင္း(၄၄)ဦးအား  တက္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ခုမွ လဝက ဝန္ထမ္းစတင္ထမ္း ေဆာင္မယ့္္ ဝန္ထမ္းအသစ္ေတြကို သင္တန္းေပးၿပီးေတာ့ တာဝန္ထမ္းေဆာင္ေစေတာ့ ဌာနလုပ္ငန္းလုပ္တဲ့ေနရာမွာ ပိုၿပီး ေအာင္ျမင္ေအာင္ ရည္ရြယ္တာပါ။ အခုဆို ဒီကေလးေတြလည္း ဌာနလုပ္ငန္းကို သိသင့္သေလာက္ သိလိမ့္မယ္လို႔လည္း ယံုၾကည္ပါတယ္။ သင္တန္းသားေတြကိုလည္း သူတို႔တာဝန္ထမ္းေဆာင္တဲ့ ေဒသေတြမွာ ဆက္လက္ၿပီး လက္ေတြ႔ေလ့လာၾကဖို႔ မွာၾကားထားပါတယ္” ဟု ေခတၱဒုတိယျပည္နယ္ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းက ေျပာသည္။

အဆိုပါ သင္တန္းဆင္း အခမ္းအနားသို႔ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးႏွင့္ တပ္မေတာ္အရာရွိမ်ား၊ ျပည္နယ္ ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးမွဴး ၫႊန္ၾကားေရးမွဴး ဦးရဲႏိုင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား ဝန္ထမ္းမ်ား၊ ေခတၱဒုတိယျပည္နယ္ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ခ႐ိုင္/ၿမိဳ႕နယ္ဦးစီးမွဴးမ်ား၊ ႐ံုးဝန္ထမ္းမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ လဝက ဝန္ထမ္းအသစ္ေတြအေနနဲ႔ ခုလို သင္တန္းတက္ၿပီးမွ လုပ္ငန္းခြင္ကို ဝင္ေရာက္ရမွာဆိုေတာ့ ႏိုင္ငံေတာ္အတြက္နဲ႔ မိဘျပည္သူေတြအတြက္ လုပ္ငန္းလုပ္ေဆာင္ေပးရာမွာ ပိုၿပီးေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္”ဟု ဝန္ထမ္းသစ္ခန္႔ထားခံရသည့္ သင္တန္းသားတစ္ဦးက ေျပာသည္။

ႏွစ္ပတ္ၾကာ အဆိုပါသင္တန္းတြင္ ထူးခြ်န္သည့္ သင္တန္းသားမ်ားအား သင္တန္းထူးခြ်န္ဆုမ်ားလည္း ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းအသစ် (၄၄)ဦးအား ကျိုင်းတုံမြို့တွင် အခြေခံရုံးလုပ်ငန်းခွင် သင်တန်းပို့ချပေးခဲ့ရာ မတ်လ (၃၀)ရက်နေ့တွင် သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လဝက ဌာနဆိုတာ ဘာမှန်းမသိဘဲ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့တာပါ။ ခုလို သင်တန်းတက်လိုက်ရတော့ လဝက ဌာနရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို သိလာခဲ့ရတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ အစစ အရာရာ အဆင်ပြေအောင် ဆောင်ရွက်နိုင်မှာပါ” ဟု သင်တန်းသားတစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့နယ်များတွင် ခန့်အပ်ခံထားရသည့် ဝန်ထမ်းသစ်များဖြစ်သည့် သင်တန်းသား(၄၂)ဦးနှင့် သင်တန်းသူ(၂)ဦး စုစုပေါင်း(၄၄)ဦးအား တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ကတော့ ခုမှ လဝက ဝန်ထမ်းစတင်ထမ်း ဆောင်မယ့် ဝန်ထမ်းအသစ်တွေကို သင်တန်းပေးပြီးတော့ တာဝန်ထမ်းဆောင်စေတော့ ဌာနလုပ်ငန်းလုပ်တဲ့နေရာမှာ ပိုပြီး အောင်မြင်အောင် ရည်ရွယ်တာပါ။ အခုဆို ဒီကလေးတွေလည်း ဌာနလုပ်ငန်းကို သိသင့်သလောက် သိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ သင်တန်းသားတွေကိုလည်း သူတို့တာဝန်ထမ်းဆောင်တဲ့ ဒေသတွေမှာ ဆက်လက်ပြီး လက်တွေ့လေ့လာကြဖို့ မှာကြားထားပါတယ်” ဟု ခေတ္တဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောသည်။

အဆိုပါ သင်တန်းဆင်း အခမ်းအနားသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် တပ်မတော်အရာရှိများ၊ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးရဲနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ၊ ခေတ္တဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်ဦးစီးမှူးများ၊ ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ လဝက ဝန်ထမ်းအသစ်တွေအနေနဲ့ ခုလို သင်တန်းတက်ပြီးမှ လုပ်ငန်းခွင်ကို ဝင်ရောက်ရမှာဆိုတော့ နိုင်ငံတော်အတွက်နဲ့ မိဘပြည်သူတွေအတွက် လုပ်ငန်းလုပ်ဆောင်ပေးရာမှာ ပိုပြီးတော့ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဝန်ထမ်းသစ်ခန့်ထားခံရသည့် သင်တန်းသားတစ်ဦးက ပြောသည်။

နှစ်ပတ်ကြာ အဆိုပါသင်တန်းတွင် ထူးချွန်သည့် သင်တန်းသားများအား သင်တန်းထူးချွန်ဆုများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~