နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့မှ တာချီလိတ်မြို့ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းသို့ သွားရောက်

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့မှ တာချီလိတ်မြို့ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းသို့ သွားရောက်
မတျ 15, 2018
By Tachileik News Agency


နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း၌ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီမှ ဖော်ဆောင်နေသည့် တာချီလိတ်မြို့ရေပေးဝေဖြန့်ဖြူးရေးစီမံကိန်းသို့ ၂၀၁၈ခုနှစ် မတ်လ(၁၅)ရက်နေ့ ညနေပိုင်းက သွားရောက် ကြည့်ရှုရာ အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်အား ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်သို့ မတ်လ(၁၅)ရက်နေ့ ညနေ(၃)နာရီကျော်က ရောက်ရှိလာခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သို့ ပြန်လည်အပ်နှံသော သိမ်းဆည်းမြေများအား တာချီလိတ်မြို့နယ်အတွင်းရှိ မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်ပြီးနောက် တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေးစီမံကိန်းနေရာသို့ သွားရောက်ခြင်း ဖြစ်သည်။


ဓါတ်ပုံ - #ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း၌ တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီမှ ဖော်ဆောင်နေသည့် တာချီလိတ်မြို့ရေပေးဝဖြေန့်ဖြူးရေးစီမံကိန်းသို့ ၂၀၁၈ခုနှစ် မတ်လ(၁၅)ရက်နေ့ ညနေပိုင်းက သွားရောက် ကြည့်ရှုရာ အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်အား ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်သို့ မတ်လ(၁၅)ရက်နေ့ ညနေ(၃)နာရီကျော်က ရောက်ရှိလာခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သို့ ပြန်လည်အပ်နှံသော သိမ်းဆည်းမြေများအား တာချီလိတ်မြို့နယ်အတွင်းရှိ မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်ပြီးနောက် တာချီလိတ်မြို့ ရေပေးဝဖြေန့်ဖြူးရေးစီမံကိန်းနေရာသို့ သွားရောက်ခြင်း ဖြစ်သည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့၏ ရှမ်းပြည်နယ် ခရီးစဉ်တစ်လျှောက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် သက်ဆိုင်ရာ အကြီးအကဲများမှ လိုက်ပါလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~