မင္းဘူးတြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း မက်င္းပႏိုင္ခဲ့သည့္ ဟိႏၵဴဘာသာေရးမီးနင္းပဲြေတာ္ ျပန္လည္က်င္းပ

မင္းဘူးတြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း မက်င္းပႏိုင္ခဲ့သည့္ ဟိႏၵဴဘာသာေရးမီးနင္းပဲြေတာ္ ျပန္လည္က်င္းပ
မတ် 19, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕တြင္ ႏွစ္ေပါင္း(၂၀)ေက်ာ္ မက်င္းပႏိုင္ခဲ့သည့္ ဟိႏၵဴဘာသာေရး မီးနင္းပဲြေတာ္ကို ၂၀၁၈ ခုႏွစ္ မတ္လ(၁၈) ရက္ေန႔တြင္ ျပန္လည္က်င္းပေၾကာင္း သိရသည္။

အဆိုပါ မီးနင္းပဲြေတာ္အား မင္းဘူးၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရိွ ဦးၾသဘာသခန္းမအနီး စရီစူဠာမဏိဘုရား ရိွခိုးေက်ာင္းတြင္ ျပဳလုပ္က်င္းပျခင္းျဖစ္ၿပီး မတ္လ(၁၇)ရက္ေန႔တြင္ နတ္ဝင္သည္၊ မီးနင္းမည္႔သူမ်ားက မင္းဘူးၿမိဳ႕အတြင္း လွည္႔လည္အပူေဇာ္ခံကာ မတ္လ(၁၈)ရက္ နံနက္(၉)နာရီအခ်ိန္ တြင္ နတ္ဝင္သည္မ်ားက အပ္ထိုး၊ အပ္စိုက္ၾက၍ ၿမိဳ႕တြင္းသို႔ ထပ္မံလွည္႔လည္အပူေဇာ္ခံခဲ႔ၾကၿပီး မြန္းလဲြ (၁)နာရီခန္႔အခ်ိန္တြင္ မီးနင္းကြင္းျပင္တြင္ မီးနင္းပူေဇာ္ျခင္း ဓားေလွကားတက္ျခင္းတို႔ ျပဳလုပ္ၾကေၾကာင္း သိရသည္။

"မီးနင္းပဲြေတာ္ကို အခုလိုစည္ကားသိုက္ၿမိဳက္စြာ မက်င္းပႏိုင္ခဲ႔တာ နွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ၾကာခဲ႔ပါၿပီ။ မတ္လ (၁၆) ရက္ကေန (၁၈) ရက္အထိ သံုးရက္တိုင္တိုင္ လူမ်ိဳး ဘာသာမေရြး သက္သတ္လြတ္ ထမင္း၊ဟင္းနဲ႔ စတုဒီသာေကၽြးေမြးပါတယ္"ဟု စရီစူဠာမဏိဘုရားရိွခိုးေက်ာင္းေဂါပကအဖဲြ႔ဝင္ ဦးဖိုးစိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

မီးနင္းမည္႔ပုဂၢိဳလ္မ်ားသည္ ပဲြမတိုင္မီသက္သတ္လြတ္စား၍ ဘုရားေက်ာင္းတြင္ (၁၅) ရက္မွ (၁) လအထိ ဥပုသ္သီလေဆာက္တည္ရၿပီး မြန္းလဲြ(၁)နာရီအခ်ိန္ ပူျပင္းသည္႔ ေနေရာင္ေအာက္တြင္ မီးက်ီးခဲမ်ား ေပၚသို႔ နင္းျဖတ္ပူေဇာ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

မီးနင္းပဲြေတာ္သို႔ ရန္ကုန္၊ေတာင္တြင္း၊ နတ္ေမာက္၊ ေရနံေခ်ာင္း၊ ေခ်ာက္၊ မိတၳီလာ ၿမိဳ႕တို႔မွ ဘာသာေရး ဆရာမ်ားႏွင္႔ မီးနင္း၊ အပ္စိုက္၊ ဓားနင္းဖူးသူ မ်ားကိုဖိတ္ေခၚ၍ နတ္ဝင္သည္ မီးနင္းသူ(၁၅)ဦး က မီးနင္းပူေဇာ္ခဲ႔ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် နှစ်ပေါင်း(၂၀)ကျော် မကျင်းပနိုင်ခဲ့သည့် ဟိန္ဒူဘာသာရေး မီးနင်းပွဲတော်ကို ၂၀၁၈ ခုနှစ် မတ်လ(၁၈) ရက်နေ့တွင် ပြန်လည်ကျင်းပကြောင်း သိရသည်။

အဆိုပါ မီးနင်းပွဲတော်အား မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးသြဘာသခန်းမအနီး စရီစူဠာမဏိဘုရား ရှိခိုးကျောင်းတွင် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး မတ်လ(၁၇)ရက်နေ့တွင် နတ်ဝင်သည်၊ မီးနင်းမည့်သူများက မင်းဘူးမြို့အတွင်း လှည့်လည်အပူဇော်ခံကာ မတ်လ(၁၈)ရက် နံနက်(၉)နာရီအချိန် တွင် နတ်ဝင်သည်များက အပ်ထိုး၊ အပ်စိုက်ကြ၍ မြို့တွင်းသို့ ထပ်မံလှည့်လည်အပူဇော်ခံခဲ့ကြပြီး မွန်းလွဲ (၁)နာရီခန့်အချိန်တွင် မီးနင်းကွင်းပြင်တွင် မီးနင်းပူဇော်ခြင်း ဓားလှေကားတက်ခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

"မီးနင်းပွဲတော်ကို အခုလိုစည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပါပြီ။ မတ်လ (၁၆) ရက်ကနေ (၁၈) ရက်အထိ သုံးရက်တိုင်တိုင် လူမျိုး ဘာသာမရွေး သက်သတ်လွတ် ထမင်း၊ဟင်းနဲ့ စတုဒီသာကျွေးမွေးပါတယ်"ဟု စရီစူဠာမဏိဘုရားရှိခိုးကျောင်းဂေါပကအဖွဲ့ဝင် ဦးဖိုးစိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မီးနင်းမည့်ပုဂ္ဂိုလ်များသည် ပွဲမတိုင်မီသက်သတ်လွတ်စား၍ ဘုရားကျောင်းတွင် (၁၅) ရက်မှ (၁) လအထိ ဥပုသ်သီလဆောက်တည်ရပြီး မွန်းလွဲ(၁)နာရီအချိန် ပူပြင်းသည့် နေရောင်အောက်တွင် မီးကျီးခဲများ ပေါ်သို့ နင်းဖြတ်ပူဇော်ရခြင်းဖြစ်ကြောင်း သိရသည်။

မီးနင်းပွဲတော်သို့ ရန်ကုန်၊တောင်တွင်း၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ မိတ္ထီလာ မြို့တို့မှ ဘာသာရေး ဆရာများနှင့် မီးနင်း၊ အပ်စိုက်၊ ဓားနင်းဖူးသူ များကိုဖိတ်ခေါ်၍ နတ်ဝင်သည် မီးနင်းသူ(၁၅)ဦး က မီးနင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~