သတ္တုလုပ်ကွက်အတွင်း အနက်ပေ(၁၅၀)၀န်းကျင်ရှိ တောင်အောက်သို့ မြေသယ်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံး

သတ္တုလုပ်ကွက်အတွင်း အနက်ပေ(၁၅၀)၀န်းကျင်ရှိ တောင်အောက်သို့ မြေသယ်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံး
မတျ 24, 2018
By Tachileik News Agency


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ဝဲ(အောက်)ကျေးရွာနှင့် (၃)မိုင်ဝန်းကျင် ကွာဝေးသည့် ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်(၄၃)တွင် အသက်(၃၆)နှစ် ၀န်းကျင်ရှိ ဦးထွန်းအောင်(ခ)ဦးနှုတ်ခမ်းမွှေး မောင်းသည့် မြေသည်ယာဉ်(၁)စီးသည် မတ်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က တောင်ပေါ်မှ တဆင့် အနက်ပေ(၁၅၀)၀န်းကျင်ရှိသည့် တောင်အောက်သို့ တိမ်းမှောက်လိမ့်ကျသွားမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြင့်စိုးအောင် နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မြင့်မြတ်နှင့် အဖွဲ့တို့က သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး တာလေမြို့ရှိ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့(တာလေ)မှ အလောင်းအား ကူညီသယ်ဆောင်ကာ ကျိုင်းလပ်ဆေးရုံသို့ ပို့ဆောင်ပေးပြီးနောက် ထိုမှ တဆင့် မိုင်းဖြတ်နေအိမ်သို့ သွားရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"သေဆုံးသူရဲ့ အလောင်းကို ပထမက တာလေဆေးရုံကို ပို့တယ်၊ အဲ့ဒီမှာ ဆရာဝန်မရှိလို့ ကျိုင်းလပ်ကို ပို့တယ်၊ ကျိုင်းလပ်ဆေးရုံမှာ စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် သေဆုံးသူရဲ့ မိသားစုတွေနေတဲ့ မိုင်းဖြတ်မြို့ နားမွန်းရွာကို သွားပို့ပေးခဲ့ ပါတယ်၊ သေဆုံးသူကတော့ နဖူးလည်း ချိုင့်ဝင်သွားပြီး၊ နောက်စေ့လည်း ဒဏ်ရာကြီးရသွားတယ်။ ဇက်ကျိုးသွားသလိုမျိုးပဲ"ဟု  တာလေမြို့မှ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့ဦးဆောင်သူဖြစ်သည့် ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။


သတင်း - #စိုင်းဇေယျာ



~~~~~~~~⊰❂ unicode ~~~~~~~~


ကျိုင်းလပ်မြို့တွင် ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီ၏ မြေသယ်ယာဉ်(၁)စီးသည် အနက်ပေ(၁၅၀)ဝန်းကျင်ရှိသည့် တောင်အောက်သို့ ရုတ်တရက် တိမ်းမှောက်လိမ့်ကျသွားရာမှ ယာဉ်မောင်းဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားမှု မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ဝဲ(အောက်)ကျေးရွာနှင့် (၃)မိုင်ဝန်းကျင် ကွောဝးသည့် ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်(၄၃)တွင် အသက်(၃၆)နှစ် ဝန်းကျင်ရှိ ဦးထွန်းအောင်(ခ)ဦးနှုတ်ခမ်းမွှေး မောင်းသည့် မြေသည်ယာဉ်(၁)စီးသည် မတ်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က တောင်ပေါ်မှ တဆင့် အနက်ပေ(၁၅၀)ဝန်းကျင်ရှိသည့် တောင်အောက်သို့ တိမ်းမှောက်လိမ့်ကျသွားမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြင့်စိုးအောင် နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မြင့်မြတ်နှင့် အဖွဲ့တို့က သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး တာလမြေို့ရှိ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့(တာလေ)မှ အလောင်းအား ကူညီသယ်ဆောင်ကာ ကျိုင်းလပ်ဆေးရုံသို့ ပို့ဆောင်ပေးပြီးနောက် ထိုမှ တဆင့် မိုင်းဖြတ်နေအိမ်သို့ သွားရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"သေဆုံးသူရဲ့ အလောင်းကို ပထမက တာလေဆေးရုံကို ပို့တယ်၊ အဲ့ဒီမှာ ဆရာဝန်မရှိလို့ ကျိုင်းလပ်ကို ပို့တယ်၊ ကျိုင်းလပ်ဆေးရုံမှာ စစ်ဆေးမှုတွပြေုလုပ်ပြီးတဲ့နောက် သေဆုံးသူရဲ့ မိသားစုတွေနေတဲ့ မိုင်းဖြတ်မြို့ နားမွန်းရွာကို သွားပို့ပေးခဲ့ ပါတယ်၊ သေဆုံးသူကတော့ နဖူးလည်း ချိုင့်ဝင်သွားပြီး၊ နောက်စေ့လည်း ဒဏ်ရာကြီးရသွားတယ်။ ဇက်ကျိုးသွားသလိုမျိုးပဲ"ဟု တာလမြေို့မှ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့ဦးဆောင်သူဖြစ်သည့် ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် သေဆုံးသွားသည့် ယာဉ်မောင်းဖြစ်သူအား ဥပဒေအရ ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့(တာလေ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~