တာခ်ီလိတ္တြင္ လူငယ္မ်ား အုပ္စုဖြဲ႔ ခိုက္ရန္ျဖစ္ပြားေသာ္လည္း ရဲစခန္းသို႔ မတိုင္ၾကား

တာခ်ီလိတ္တြင္ လူငယ္မ်ား အုပ္စုဖြဲ႔ ခိုက္ရန္ျဖစ္ပြားေသာ္လည္း ရဲစခန္းသို႔ မတိုင္ၾကား
မတ် 3, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရိွ နဂါးႏွစ္ေကာင္ ေက်ာင္းတုိက္ အနီးတြင္ မတ္လ (၃)ရက္ေန႔ နံနက္ (၁)နာရီခြဲဝန္းက်င္က အုပ္စုဖြဲ႕ ရန္ျဖစ္မႈ ျဖစ္ပြားေသာ္လည္း အမႈဖြင့္တုိင္ၾကားျခင္း မရိွေၾကာင္း သိရသည္။

“ဟိုတယ္အတြင္းမွာ ျဖစ္တာမဟုတ္ဘူး။ အျပင္မွာ ကိုးထပ္ (မဲေခါင္ျမစ္ဟိုတယ္)ရဲ႕ေဘး နဂါးႏွစ္ေကာင္ ေက်ာင္းဘက္မွာ သူတို႔ႏွစ္ဖြဲ႕ျဖစ္ၾကတာ။ ဆယ္ေယာက္၊ ဆယ့္ငါးေယာက္ေလာက္ ရိွလိမ့္မယ္။ ဓါးနဲ႔ခုတ္ခံရတဲ့ တစ္ေယာက္က ကိုးထပ္ထဲကို ဝင္ေျပးလာတာ။ အဲဒီလူကို ဟိုတယ္က လံုၿခံဳေရးေတြက ေဆးရံုသြားရမယ္ေျပာေတာ့ သူတို႔လူေတြပဲ ေဆးရံုပို႔မယ္ဆိုၿပီး ကားနဲ႔လာေခၚသြားတယ္”ဟု မဲေခါင္ျမစ္ဟိုတယ္မွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။

အဆိုပါ အုပ္စုဖြဲ႕ရန္ျဖစ္သည့္ ေနရာအနီးရိွ မဲေခါင္ျမစ္ဟိုတယ္ အနီးလမ္းတြင္ ယာဥ္တုိက္မႈ မၾကာခဏ ျဖစ္ပြားေလ့ရိွသျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က မဲေခါင္ျမစ္ဟိုတယ္မွ လမ္းမဘက္ျမင္ကြင္း အတြက္ စီစီတီဗီ တပ္ဆင္ထားရန္ တုိက္တြန္းခ်က္အရ တပ္ဆင္ထားျခင္းျဖစ္ၿပီး အဆိုပါ စီစီတီဗီမ်ားတြင္ အုပ္စုဖြဲ႕ ရန္ျဖစ္မႈအား ေတြ႔ရိွရျခင္းျဖစ္သည္ဟု မဲေခါင္ျမစ္ဟိုတယ္ တာဝန္ရိွသူထံမွ သိရသည္။

“ရန္ျဖစ္တယ္လို႔ ၾကားတယ္။ ျဖစ္စဥ္ကိုေတာ့ ကၽြန္ေတာ္တုိ႔ ၾကားထားေပမဲ့ အမႈလာဖြင့္တာေတာ့ မရိွပါဘူး”ဟု တာခ်ီလိတ္ၿမိဳ႕မွ ရဲတပ္ဖြဲ႕တာဝန္ရိွသူတစ္ဦးက အတည္ျပဳေျပာၾကားသည္။

အဆိုပါ စီစီတီဗီမွတ္တမ္းအား တာဝန္ရိွသူမ်ားက စစ္ေဆးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ




~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် အနီးတွင် မတ်လ (၃)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်က အုပ်စုဖွဲ့ ရန်ဖြစ်မှု ဖြစ်ပွားသော်လည်း အမှုဖွင့်တိုင်ကြားခြင်း မရှိကြောင်း သိရသည်။

“ဟိုတယ်အတွင်းမှာ ဖြစ်တာမဟုတ်ဘူး။ အပြင်မှာ ကိုးထပ် (မဲခေါင်မြစ်ဟိုတယ်)ရဲ့ဘေး နဂါးနှစ်ကောင် ကျောင်းဘက်မှာ သူတို့နှစ်ဖွဲ့ဖြစ်ကြတာ။ ဆယ်ယောက်၊ ဆယ့်ငါးယောက်လောက် ရှိလိမ့်မယ်။ ဓားနဲ့ခုတ်ခံရတဲ့ တစ်ယောက်က ကိုးထပ်ထဲကို ဝင်ပြေးလာတာ။ အဲဒီလူကို ဟိုတယ်က လုံခြုံရေးတွေက ဆေးရုံသွားရမယ်ပြောတော့ သူတို့လူတွေပဲ ဆေးရုံပို့မယ်ဆိုပြီး ကားနဲ့လာခေါ်သွားတယ်”ဟု မဲခေါင်မြစ်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ အုပ်စုဖွဲ့ရန်ဖြစ်သည့် နေရာအနီးရှိ မဲခေါင်မြစ်ဟိုတယ် အနီးလမ်းတွင် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က မဲခေါင်မြစ်ဟိုတယ်မှ လမ်းမဘက်မြင်ကွင်း အတွက် စီစီတီဗီ တပ်ဆင်ထားရန် တိုက်တွန်းချက်အရ တပ်ဆင်ထားခြင်းဖြစ်ပြီး အဆိုပါ စီစီတီဗီများတွင် အုပ်စုဖွဲ့ ရန်ဖြစ်မှုအား တွေ့ရှိရခြင်းဖြစ်သည်ဟု မဲခေါင်မြစ်ဟိုတယ် တာဝန်ရှိသူထံမှ သိရသည်။

“ရန်ဖြစ်တယ်လို့ ကြားတယ်။ ဖြစ်စဉ်ကိုတော့ ကျွန်တော်တို့ ကြားထားပေမဲ့ အမှုလာဖွင့်တာတော့ မရှိပါဘူး”ဟု တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ စီစီတီဗီမှတ်တမ်းအား တာဝန်ရှိသူများက စစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~