တာချီလိတ်မြို့တွင် ပစ္စည်းဂိုဒေါင် အပေါ်ထပ် လူနေခန်းအတွင်း မီးလောင်မှုဖြစ်ရာမှ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရ

တာချီလိတ်မြို့တွင် ပစ္စည်းဂိုဒေါင် အပေါ်ထပ် လူနေခန်းအတွင်း မီးလောင်မှုဖြစ်ရာမှ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရ
မတျ 4, 2018
By Tachileik News Agency


ဆန်ဆိုင်း(ခ)ရပ်ကွက်အနီး ရွှေကျွန်းညို မိုတယ် နှင့် အိမ်ခန်းငှား ဘေးရှိ ပစ္စည်းဂိုဒေါင် အပေါ်ထပ်တွင် ၂၀၁၈ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၉)နာရီ မထိုးမီ အချိန်က မီးလောင်မှုဖြစ်ပွားရာတွင် နေအိမ်အခန်း အတွင်း တည်ထားသည့် ရေနွေးအိုးမှာ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်အခန်းအတွင်းရှိ တီဗွီင်္နှင့်မွေယာစသည့် အသုံးအဆောင် ပစ္စည်းများ အားလုံးမှာ မီးလောင်ကျွမ်းသွားပြီး နေအိမ်အခန်းတွင် နေထိုင်သူ အသက်(၆၅)နှစ်ဝန်းကျင်ရှိ ဦးစိုင်းလုံမှာ လက်နှစ်ဖက် နှင့် မျက်နှာတို့တွင် မီးလောင်ဒဏ်ရာများရရှိကာ တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း တို့ဦးဆောင်သည့် ခရိုင်/မြို့မီးသတ် တပ်ဖွဲ့ဝင်များ၊ အနီးနေပြည်သူများမှ ၀ိုင်းဝန်းကာ စုပေါင်း ငြိမ်းသတ်ခဲ့ကြပြီး တာချီလိတ်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊  တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အနီး ရွှေကျွန်းညို မိုတယ် နှင့် အိမ်ခန်းငှါးဘေးရှိ ပစ္စည်းဂိုဒေါင် အပေါ်ထပ်တွင် ရေနွေးလျှပ်စစ်အိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားရာ အသက်(၆၅)နှစ် ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ ရရှိကာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အနီး ရွှေကျွန်းညို မိုတယ် နှင့် အိမ်ခန်းငှါး ဘေးရှိ ပစ္စည်းဂိုဒေါင် အပေါ်ထပ်တွင် ၂၀၁၈ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၉)နာရီ မထိုးမီ အချိန်က မီးလောင်မှုဖြစ်ပွားရာတွင် နေအိမ်အခန်း အတွင်း တည်ထားသည့် ရေနွေးအိုးမှာ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်အခန်းအတွင်းရှိ တီင်္ဗွီနှင့်မွေယာစသည့် အသုံးအဆောင် ပစ္စည်းများ အားလုံးမှာ မီးလောင်ကျွမ်းသွားပြီး နေအိမ်အခန်းတွင် နေထိုင်သူ အသက်(၆၅)နှစ်ဝန်းကျင်ရှိ ဦးစိုင်းလုံမှာ လက်နှစ်ဖက် နှင့် မျက်နှာတို့တွင် မီးလောင်ဒဏ်ရာများရရှိကာ တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း တို့ဦးဆောင်သည့် ခရိုင်/မြို့မီးသတ် တပ်ဖွဲ့ဝင်များ၊ အနီးနပြေည်သူများမှ ဝိုင်းဝန်းကာ စုပေါင်း ငြိမ်းသတ်ခဲ့ကြပြီး တာချီလိတ်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်သည် ပစ္စည်းများသိုလှောင်သည့် ဂိုဒေါင်ဖြစ်ပြီး အပေါ်ထပ်ရှိ လူနေခန်းတွင် မီးလောင်မှုဖြစ်ပွားရာ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~