လက္ေနာက္ျပန္ႀကိဳးတုပ္ကာ ေသနတ္ဒဏ္ရာျဖင့္ ပုပ္ပြေသဆံုးေနသည့္ အမ်ဳိးသား အေလာင္းေတြ႔ရွိ

လက္ေနာက္ျပန္ႀကိဳးတုပ္ကာ ေသနတ္ဒဏ္ရာျဖင့္ ပုပ္ပြေသဆံုးေနသည့္ အမ်ဳိးသား အေလာင္းေတြ႔ရွိ
မတ် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ စံေလာင္းေက်းရြာႏွင့္ ကံုးမံုေက်းရြာအၾကား ပိေတာက္စိုက္ခင္း အတြင္း၌ လက္ေနာက္ျပန္ ႀကိဳးတုပ္၍ ေသနတ္ဒဏ္ရာျဖင့္ အသတ္ခံထားရေသာ ပုပ္ပြေနသည့္ အမ်ဳိးသားအေလာင္းအား ေတြ႕ရွိရေၾကာင္း သိရသည္။

"သက္ဆိုင္ရာကေန အေၾကာင္းၾကားလာတာနဲ႔ သြားၿပီးေတာ့ သယ္ေဆာင္ေပးခဲ့တာပါ၊ အေလာင္းကေတာ့ လည္ဂုတ္မွာ အေပါက္တစ္ေပါက္နဲ႔ ပုပ္ပြျပီး ေလာက္တက္ေနတဲ့ အေနအထားနဲ႔ ေတြ႔ရတယ္၊ လက္ေနာက္ျပန္ ႀကိဳးတုပ္ထားတယ္”ဟု နယ္စည္းမျခားပရဟိတ လူမႈကူညီေရးအသင္း (သီေပါ) မွ ကိုမ်ိဳးက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးေနသူမွာ အမ်ဳိးသားတစ္ဦးျဖစ္ၿပီး သီေပါ - လားရိႈး ျပည္ေထာင္စုလမ္းမႀကီး စံေလာင္း ေက်းရြာႏွင့္ ကံုးမုံေက်းရြာအၾကား လမ္း၏လက္ယာဘက္ရွိ ပိေတာက္စိုက္ခင္းအတြင္းမွ သစ္ပင္ငယ္ တစ္ပင္တြင္ ဒူးေထာက္လ်က္ လက္ေနာက္ျပန္ ႀကိဳးခ်ည္ထားသည့္ အေနအထားျဖင့္ မတ္လ (၂၁)ရက္ေန႔ ေန႔လယ္ (၂)နာရီ ၀န္းက်င္က ေတြ႔ရွိရျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

“ေလာေလာဆယ္ေတာ့ လူသတ္မႈနဲ႔ အမႈဖြင့္ထားပါတယ္၊ က်ဴးလြန္သူကိုေတာ့ စံုစမ္းေနဆဲပါ၊ က်န္တာေတာ့ ေျပာျပဖို႔မျဖစ္ႏိုင္ေသးပါဘူး” ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရံုးမွ တာဝန္က်အရာရွိတစ္ဦးက တာခီ်လိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အေလာင္းမွာ ဦးေခါင္းေနာက္တြင္ က်ည္ဆံေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ မ်က္နာညိဳမဲဖူးေရာင္ ဒဏ္ရာ ပါးစပ္ႏွင့္ႏႈတ္ခမ္းတို႔တြင္ ဖူးေရာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနျခင္းျဖစ္ၿပီး အေလာင္းအား ရဲေဆးစာျဖင့္ နယ္စည္းမျခားပရဟိတ လူမႈကူညီေရးအသင္း (သီေပါ)က သီေပါ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီးျဖစ္ေၾကာင္း သီေပါၿမိဳ႕မရဲတပ္ဖြဲ႔ထံက သိရသည္။

ေသဆံုးမႈႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄/၂၀၁၈၊ ပုဒ္မ ၃၀၂ ျဖင့္ အမႈ ဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

သတင္း - #ေနၿဖဳိးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတ လူမႈကူညီေရးအသင္း (သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာအကြား ပိတောက်စိုက်ခင်း အတွင်း၌ လက်နောက်ပြန် ကြိုးတုပ်၍ သေနတ်ဒဏ်ရာဖြင့် အသတ်ခံထားရသော ပုပ်ပွနေသည့် အမျိုးသားအလောင်းအား တွေ့ရှိရကြောင်း သိရသည်။

"သက်ဆိုင်ရာကနေ အကြောင်းကြားလာတာနဲ့ သွားပြီးတော့ သယ်ဆောင်ပေးခဲ့တာပါ၊ အလောင်းကတော့ လည်ဂုတ်မှာ အပေါက်တစ်ပေါက်နဲ့ ပုပ်ပွပြီး လောက်တက်နေတဲ့ အနေအထားနဲ့ တွေ့ရတယ်၊ လက်နောက်ပြန် ကြိုးတုပ်ထားတယ်”ဟု နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်း (သီပေါ) မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးနေသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး သီပေါ - လားရှိုး ပြည်ထောင်စုလမ်းမကြီး စံလောင်း ကျေးရွာနှင့် ကုံးမုံကျေးရွာအကြား လမ်း၏လက်ယာဘက်ရှိ ပိတောက်စိုက်ခင်းအတွင်းမှ သစ်ပင်ငယ် တစ်ပင်တွင် ဒူးထောက်လျက် လက်နောက်ပြန် ကြိုးချည်ထားသည့် အနေအထားဖြင့် မတ်လ (၂၁)ရက်နေ့ နေ့လယ် (၂)နာရီ ဝန်းကျင်က တွေ့ရှိရခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

“လောလောဆယ်တော့ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်၊ ကျူးလွန်သူကိုတော့ စုံစမ်းနေဆဲပါ၊ ကျန်တာတော့ ပြောပြဖို့မဖြစ်နိုင်သေးပါဘူး” ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျအရာရှိတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ အလောင်းမှာ ဦးခေါင်းနောက်တွင် ကျည်ဆံဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ မျက်နာညိုမဲဖူးရောင် ဒဏ်ရာ ပါးစပ်နှင့်နှုတ်ခမ်းတို့တွင် ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနခြေင်းဖြစ်ပြီး အလောင်းအား ရဲဆေးစာဖြင့် နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်း (သီပေါ)က သီပေါ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သီပေါမြို့မရဲတပ်ဖွဲ့ထံက သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ သီပေါမြို့မရဲစခန်းတွင် (ပ)၄၄/၂၀၁၈၊ ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်း (သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~