ေမာ္ေတာ္ယာဥ္ဆီတုိင္ကီတြင္ ထည့္သြင္းလာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္သိန္းေက်ာ္အား ကြမ္းလံုၿမိဳ႕ ေကာင္းခါးရွာေဖြေရးစခန္းတြင္ ဖမ္းဆီးရမိ

ေမာ္ေတာ္ယာဥ္ဆီတုိင္ကီတြင္ ထည့္သြင္းလာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္သိန္းေက်ာ္အား ကြမ္းလံုၿမိဳ႕ ေကာင္းခါးရွာေဖြေရးစခန္းတြင္ ဖမ္းဆီးရမိ
မတ် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြမ္းလုံၿမိဳ႕ ေကာင္းခါးရွာေဖြစစ္ေဆးေရးစခန္းတြင္ ေမာ္ေတာ္ယာဥ္ ဆီတုိင္ကီအတြင္း ထည့္သြင္း သယ္ေဆာင္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္သိန္းေက်ာ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၁)ကြမ္းလုံမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ မတ္လ (၁၉) ရက္ေန႔ ေန႔လယ္ (၁၂)နာရီအခ်ိန္တြင္ စစ္ေဆးေနရာ ေက်ာက္ေခၚဟြ(ခ)အားေခၚ ေမာင္းႏွင္ၿပီး သိန္းထိုက္(ခ) ကိုထိုက္ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္၏ ဆီတိုင္ကီအံဝွက္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၃၉,၈၅၀) ျပားကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားသယ္လာသည့္ ေက်ာက္ေခၚဟြ(ခ)အားေခၚႏွင့္ သိန္းထိုက္(ခ)ကိုထိုက္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ကောင်းခါးရှာဖွေစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ် ဆီတိုင်ကီအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် မတ်လ (၁၉) ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စစ်ဆေးနေရာ ကျောက်ခေါ်ဟွ(ခ)အားခေါ် မောင်းနှင်ပြီး သိန်းထိုက်(ခ) ကိုထိုက် လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်၏ ဆီတိုင်ကီအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၉,၈၅၀) ပြားကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများသယ်လာသည့် ကျောက်ခေါ်ဟွ(ခ)အားခေါ်နှင့် သိန်းထိုက်(ခ)ကိုထိုက်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~