ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း စစ္ေဆးေရးဂိတ္တြင္ ဒီတိုေနတာႏွင့္ ယမ္းေပ်ာ့မ်ား သယ္လာသည့္ယာဥ္ ဖမ္းဆီးရမိ

ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း စစ္ေဆးေရးဂိတ္တြင္ ဒီတိုေနတာႏွင့္ ယမ္းေပ်ာ့မ်ား သယ္လာသည့္ယာဥ္ ဖမ္းဆီးရမိ
မတ် 7, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ (၁၆)မိုင္ ေက်ာက္ေခ်ာစစ္ေဆးေရး ဂိတ္၌ ေက်ာက္မီးေသြး မ်ားျဖင့္ ဖံုးအုပ္ သယ္ေဆာင္လာသည့္ လွ်ပ္စစ္ဒီတိုေနတာ၊ ယမ္းေပ်ာ့ႏွင့္ ယမ္းႀကိဳးပါ မီးရိႈ႕ဒီတိုေနတာမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ တာဝန္ရိွသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၆ ) ရက္ေန႔ ေန႔လယ္ (၁၁)နာရီဝန္းက်င္တြင္  ပုသိမ္ႀကီးၿမိဳ႕နယ္ (၁၆)မိုင္ ေက်ာက္ေခ်ာ စစ္ေဆးေရးဂိတ္၌ Nissan (၆) ဘီးယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚတြင္ ေက်ာက္မီးေသြးမ်ားျဖင့္ ဖုံးအုပ္လ်က္ ဆာလာအိတ္မ်ား အတြင္းထည့္လာကာ ေပါက္ကြဲေစေသာ ပစၥည္းမ်ားျဖစ္သည့္ လွ်ပ္စစ္ဒီတိုေနတာ(ကတ္သီး)ႀကိဳး (၆၆၇၀၀) ေခ်ာင္း၊ ယမ္းေပ်ာ့ (၁၉၁၉၀) ေခ်ာင္း၊ ယမ္းႀကိဳးပါမီးရႈိ႕ဒီတိုေနတာ (၄၅၀၀) ေခ်ာင္းေတြ႕ရွိ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲေစသည့္ ပစၥည္းမ်ား သယ္ေဆာင္လာသည့္ ယာဥ္ေမာင္း ဝင္းတင္အား အုန္းေခ်ာနယ္ေျမ ရဲစခန္းတြင္ (ပ)၃၅/၂၀၁၈ ေပါက္ကြဲပုဒ္မ ၅ ျဖင့္ အမႈဖြင့္ၿပီး ကြင္းဆက္တရားခံဖမ္းဆီးရမိေရး စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

ဓါတ္ပံု - ျပည္ထဲေရး




~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး ဂိတ်၌ ကျောက်မီးသွေး များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် လျှပ်စစ်ဒီတိုနေတာ၊ ယမ်းပျော့နှင့် ယမ်းကြိုးပါ မီးရှို့ဒီတိုနေတာများ ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၆ ) ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်တွင် ပုသိမ်ကြီးမြို့နယ် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးဂိတ်၌ Nissan (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်လျက် ဆာလာအိတ်များ အတွင်းထည့်လာကာ ပေါက်ကွဲစေသော ပစ္စည်းများဖြစ်သည့် လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး (၆၆၇၀၀) ချောင်း၊ ယမ်းပျော့ (၁၉၁၉၀) ချောင်း၊ ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ (၄၅၀၀) ချောင်းတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲစေသည့် ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်း ဝင်းတင်အား အုန်းချောနယ်မြေ ရဲစခန်းတွင် (ပ)၃၅/၂၀၁၈ ပေါက်ကွဲပုဒ်မ ၅ ဖြင့် အမှုဖွင့်ပြီး ကွင်းဆက်တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~