ရွမ္းျပည္နယ္အေရွ႕ပုိင္းေဒသအတြင္း ၿမိဳ႕နယ္ (၆)ခုတြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ား ကြင္းဆင္း ဖြဲ႕စည္းမည္

ရွမ္းျပည္နယ္အေရွ႕ပုိင္းေဒသအတြင္း ၿမိဳ႕နယ္ (၆)ခုတြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ား ကြင္းဆင္း ဖြဲ႕စည္းမည္
မတ် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္ (၆)ၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ေရြးခ်ယ္ဖြဲ႕စည္းျခင္းကို မတ္လ (၁၂)ရက္ေန႔မွစ၍ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က သက္ဆုိင္ရာေဒသ အားကစားႏွင့္ ကာယပညာဦးစီးဌာန တာဝန္ရိွသူမ်ားျဖင့္ ကြင္းဆင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ကေန တစ္ႏုိင္ငံလံုးအတုိင္းအတာနဲ႔ လိုက္ဖြဲ႕ေနတာပါ။ အရင္ကေတာ့ ေဒသေတြမွာ ၿမိဳ႕နယ္ေဘာလံုးေကာ္မတီဆိုတာပဲရိွတယ္။ ဆပ္ေကာ္မတီေတြေပါ့။ ေဒသအာဏာပိုင္ေတြနဲ႔ လုပ္ငန္းအတြက္ အဆင့္ဆင့္ ဖြဲ႕ေပးထားတဲ့ ေကာ္မတီေပါ့။ ဒီေနရာမွာ အစားထိုးတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၿမိဳ႕နယ္တာဝန္ခံ ဦးသန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္အလိုက္ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားဖြဲ႕စည္းေရးတြင္ သက္ဆိုင္ရာေဒသအလုိက္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမ်ားအေနျဖင့္ ပူးေပါင္းေဆာင္ရြက္ေပးႏုိင္ရန္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က ညႊန္ၾကားေပးထားေၾကာင္း သိရသည္။

“အဓိကကေတာ့ ေဘာလံုးအဖြဲ႕ခ်ဳပ္ကို ျပင္ဆင္ဖြဲ႕စည္းတာေပါ့ေနာ္။ လုပ္ေဆာင္မႈေတြ ပိုေကာင္း လာေအာင္ ျပန္ဖြဲ႕ခ်င္တယ္ဆိုေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ကလည္း ခြင့္ျပဳၿပီးျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ကေန ေဒသအလိုက္ အား/ကာတာဝန္ရိွသူေတြအေနနဲ႔ ေပါင္းစပ္ေဆာင္ရြက္ေပးဖုိ႔ဆိုၿပီး စာထြက္ေပးထားပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ၿမိဳ႕နယ္အလုိက္ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား အစုအဖြဲ႕(၆)ခုျဖင့္ ဖြဲ႕စည္းသြားမည္ျဖစ္ၿပီး ယခင္ေဘာလံုး အားကစားသမားေဟာင္း အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားလည္း ပါဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။

“သူတို႔က အစုအဖြဲ႕(၆)ဖြဲ႕နဲ႔ ဖြဲ႕စည္းမွာပါ။ ဌာနဆိုင္ရာအစုအဖြဲ႕မွာဆိုရင္ ပညာေရး၊ က်န္းမာေရး၊ ရဲတပ္ဖြဲ႕၊ အား/ကာ၊ အုပ္ခ်ဳပ္ေရး ဒီဌာနငါးခုကေတာ့ မျဖစ္မေနပါရမွာေပါ့။ ေနာက္ ၿမိဳ႕မိၿမိဳ႕ဖအစုအဖြဲ႕ပါမယ္။ ဒိုင္အဖြဲ႕၊ ဖူဆယ္အစုအဖြဲ႕နဲ႔ အမ်ိဳးသမီးေဘာလံုးအစုအဖြဲ႕ေပါ့။ တာခ်ီလိတ္မွာကေတာ့ ဒါေတြကို စည္းရံုးထားပါတယ္။ ေဘာလံုးသမားအစုအဖြဲ႕အတြက္လည္း စည္းရံုးထားပါတယ္” ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၿမိဳ႕နယ္တာဝန္ခံ ဦးသန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ႏွင့္ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕နယ္ (၆)ခုတြင္ ကြင္းဆင္း၍ ၿမိဳ႕နယ္အလုိက္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ား ေရြးခ်ယ္ဖြဲ႔စည္းမည္ျဖစ္ရာ မတ္လ (၁၂)ရက္ေန႔ နံနက္ (၉)နာရီတြင္ မိုင္းတံုၿမိဳ႕၊ မတ္လ (၁၃)ရက္ေန႔ နံနက္ (၉)နာရီတြင္ မိုင္းဆတ္ၿမိဳ႕၊ မတ္လ (၁၄)ရက္ေန႔ နံနက္ (၉)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ေန႔လယ္ (၂)နာရီတြင္ မုိင္းျဖတ္ၿမိဳ႕၊ မတ္လ (၁၅)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ မိုင္းခတ္ၿမိဳ႕ႏွင့္ ညေန (၃)နာရီတြင္ က်ိဳင္းတံုၿမိဳ႕တုိ႔၌ အသီးသီး ေရြးခ်ယ္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ ႔နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္မ်ား အေနျဖင့္ မိမိတို႔ၿမိဳ႕နယ္အလုိက္ ေဘာလံုးအားကစားဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ေဆာင္ႏုိင္ရန္ျဖစ္ၿပီး ၿမိဳ႕နယ္မ်ားအလုိက္ဖြဲ႕စည္းရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ေဘာလုံးနည္းျပမ်ား၊ အားကစားသမားေဟာင္းမ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ေဘာလုံး ဝါသနာရွင္မ်ား ပါဝင္ေရြးခ်ယ္ခံနိုင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် (၆)မြို့နယ်တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များအား ရွေးချယ်ဖွဲ့စည်းခြင်းကို မတ်လ (၁၂)ရက်နေ့မှစ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာဒေသ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုက်ဖွဲ့နေတာပါ။ အရင်ကတော့ ဒေသတွေမှာ မြို့နယ်ဘောလုံးကော်မတီဆိုတာပဲရှိတယ်။ ဆပ်ကော်မတီတွေပေါ့။ ဒေသအာဏာပိုင်တွေနဲ့ လုပ်ငန်းအတွက် အဆင့်ဆင့် ဖွဲ့ပေးထားတဲ့ ကော်မတီပေါ့။ ဒီနေရာမှာ အစားထိုးတာပါ”ဟု တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များဖွဲ့စည်းရေးတွင် သက်ဆိုင်ရာဒေသအလိုက် အားကစားနှင့် ကာယပညာဦးစီးဌာနများအနဖြေင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားပေးထားကြောင်း သိရသည်။

“အဓိကကတော့ ဘောလုံးအဖွဲ့ချုပ်ကို ပြင်ဆင်ဖွဲ့စည်းတာပေါ့နော်။ လုပ်ဆောင်မှုတွေ ပိုကောင်း လာအောင် ပြန်ဖွဲ့ချင်တယ်ဆိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ကနေ ဒေသအလိုက် အား/ကာတာဝန်ရှိသူတွေအနေနဲ့ ပေါင်းစပ်ဆောင်ရွက်ပေးဖို့ဆိုပြီး စာထွက်ပေးထားပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များအား အစုအဖွဲ့(၆)ခုဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခင်ဘောလုံး အားကစားသမားဟောင်း အမျိုးသား၊ အမျိုးသမီးများလည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

“သူတို့က အစုအဖွဲ့(၆)ဖွဲ့နဲ့ ဖွဲ့စည်းမှာပါ။ ဌာနဆိုင်ရာအစုအဖွဲ့မှာဆိုရင် ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ အား/ကာ၊ အုပ်ချုပ်ရေး ဒီဌာနငါးခုကတော့ မဖြစ်မနေပါရမှာပေါ့။ နောက် မြို့မိမြို့ဖအစုအဖွဲ့ပါမယ်။ ဒိုင်အဖွဲ့၊ ဖူဆယ်အစုအဖွဲ့နဲ့ အမျိုးသမီးဘောလုံးအစုအဖွဲ့ပေါ့။ တာချီလိတ်မှာကတော့ ဒါတွေကို စည်းရုံးထားပါတယ်။ ဘောလုံးသမားအစုအဖွဲ့အတွက်လည်း စည်းရုံးထားပါတယ်” ဟု တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ် (၆)ခုတွင် ကွင်းဆင်း၍ မြို့နယ်အလိုက်ဘောလုံးအဖွဲ့ချုပ်များ ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ရာ မတ်လ (၁၂)ရက်နေ့ နံနက် (၉)နာရီတွင် မိုင်းတုံမြို့၊ မတ်လ (၁၃)ရက်နေ့ နံနက် (၉)နာရီတွင် မိုင်းဆတ်မြို့၊ မတ်လ (၁၄)ရက်နေ့ နံနက် (၉)နာရီတွင် တာချီလိတ်မြို့နှင့် နေ့လယ် (၂)နာရီတွင် မိုင်းဖြတ်မြို့၊ မတ်လ (၁၅)ရက်နေ့ နံနက် (၁၀)နာရီတွင် မိုင်းခတ်မြို့နှင့် ညနေ (၃)နာရီတွင် ကျိုင်းတုံမြို့တို့၌ အသီးသီး ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ အနဖြေင့် မိမိတို့မြို့နယ်အလိုက် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး မြို့နယ်များအလိုက်ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးနည်းပြများ၊ အားကစားသမားဟောင်းများ၊ လုပ်ငန်းရှင်များနှင့် ဘောလုံး ဝါသနာရှင်များ ပါဝင်ရွေးချယ်ခံနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~