တာခ်ီလိတ္တြင္ က်င္းပမည့္ အလြတ္တန္းႏွင့္ ၂၀ ႏွစ္ေအာက္ လူသစ္တန္း စစ္တုရင္ၿပိဳင္ပြဲမ်ားအတြက္ စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္တြင္ က်င္းပမည့္ အလြတ္တန္းႏွင့္ ၂၀ ႏွစ္ေအာက္ လူသစ္တန္း စစ္တုရင္ၿပိဳင္ပြဲမ်ားအတြက္ စာရင္းေပးသြင္းႏိုင္
မတ် 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အလြတ္တန္းႏွင့္ အသက္ (၂၀)ႏွစ္ေအာက္ လူသစ္တန္း စစ္တုရင္ၿပိဳင္ပြဲမ်ားကို မတ္လ (၂၆)ရက္ေန႔တြင္ စတင္ က်င္းပမည္ျဖစ္၍ ၿပိဳင္ပြဲဝင္လုိသူမ်ား ဆက္သြယ္စာရင္းေပးသြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ အရင္က သိထားတာ (၂၅)ႏွစ္ေအာက္ေပါ့ေနာ္။  ဒါေပမဲ့ ဒီေန႔ပဲ ျပည္နယ္က စာဝင္လာတာက အသက္ (၂၀)ႏွစ္ေအာက္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္တို႔ဘက္ကို အစက စာမထြက္ေပးထားေတာ့ အသက္ (၂၅)ႏွစ္ေအာက္ပဲလို႔ သိထားတာ။ ေနာက္တစ္ခုက ျပည္နယ္နဲ႔ တုိင္းအဆင့္ ၿပိဳင္ပြဲမွာလည္း အလြတ္တန္းေရာ၊ အသက္ (၂၀)ႏွစ္ေအာက္ေရာ ၿပိဳင္ပြဲရိွမယ္လို႔လည္း သိရပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၿမိဳ႕နယ္တာဝန္ခံ ဦးသန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အဆင့္ စစ္တုရင္ၿပိဳင္ပြဲတြင္ အလြတ္တန္းႏွင့္ အသက္ (၂၅)ႏွစ္ေအာက္ဟု ေၾကညာခဲ့ ေသာ္လည္း ျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ညြန္ၾကားခ်က္အရ အသက္ (၂၀)ႏွစ္ေအာက္သို႔ ေျပာင္းလဲ ေၾကညာျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ စစ္တုရင္ၿပိဳင္ပြဲဝင္လိုသူမ်ား အေနျဖင့္ ဦးသန္းလိႈင္ ၀၉ ၂၅၀၈၄၁၁၄၁ ႏွင့္ ဦးၿဖဳိးမင္းဦး ၀၉ ၂၆၀၈၉၅၅၅၄ တို႔သို႔ မတ္လ (၂၅)ရက္ေန႔ ေနာက္ဆံုးထား၍ စာရင္းေပးသြင္းနိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ က်င္းပမည့္ ၿမိဳ႕နယ္အဆင့္ စစ္တုရင္ၿပိဳင္ပြဲမ်ားျဖစ္သည့္ အသက္(၂၀)ႏွစ္ေအာက္ႏွင့္ အလြတ္တန္းၿပိဳင္ပြဲမ်ားမွ အႏုိင္ရသူမ်ားအေနျဖင့္ ေတာင္ႀကီးတြင္က်င္းပမည့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္ေပါင္းစံုၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနက ဦးစီးက်င္းပသည့္ အဆိုပါၿပိဳင္ပြဲမ်ားကို တာခ်ီလိတ္ၿမိဳ႕ရိွ အားကစားရံုတြင္ မတ္လ (၂၆)ရက္ေန႔မွ ဧၿပီ (၁)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား စစ္တုရင္ၿပိဳင္ပြဲတြင္ ျမန္မာ့ရိုးရာႏွင့္ အျပည္ျပည္ဆုိင္ရာ စစ္တုရင္ၿပိဳင္ပြဲ ႏွစ္ခုခြဲက်င္းပခဲ့ရာ တာခ်ီလိတ္ၿမိဳ႕မွ စစ္တုရင္ကစားသမား (၃၀) ေက်ာ္ပါဝင္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ယင္းတုိ႔အနက္ ကစားသမား (၄)ဦးက ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အလြတ္တန္းအဆင့္ ၿပိဳင္ပြဲတြင္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းနှင့် အသက် (၂၀)နှစ်အောက် လူသစ်တန်း စစ်တုရင်ပြိုင်ပွဲများကို မတ်လ (၂၆)ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသူများ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်က သိထားတာ (၂၅)နှစ်အောက်ပေါ့နော်။ ဒါပေမဲ့ ဒီနေ့ပဲ ပြည်နယ်က စာဝင်လာတာက အသက် (၂၀)နှစ်အောက်လို့ ပြောပါတယ်။ ကျွန်တော်တို့ဘက်ကို အစက စာမထွက်ပေးထားတော့ အသက် (၂၅)နှစ်အောက်ပဲလို့ သိထားတာ။ နောက်တစ်ခုက ပြည်နယ်နဲ့ တိုင်းအဆင့် ပြိုင်ပွဲမှာလည်း အလွတ်တန်းရော၊ အသက် (၂၀)နှစ်အောက်ရော ပြိုင်ပွဲရှိမယ်လို့လည်း သိရပါတယ်”ဟု တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲတွင် အလွတ်တန်းနှင့် အသက် (၂၅)နှစ်အောက်ဟု ကြေညာခဲ့ သော်လည်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွန်ကြားချက်အရ အသက် (၂၀)နှစ်အောက်သို့ ပြောင်းလဲ ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းမှ စစ်တုရင်ပြိုင်ပွဲဝင်လိုသူများ အနဖြေင့် ဦးသန်းလှိုင် ဝ၉ ၂၅၀၈၄၁၁၄၁ နှင့် ဦးဖြိုးမင်းဦး ဝ၉ ၂၆၀၈၉၅၅၅၄ တို့သို့ မတ်လ (၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲများဖြစ်သည့် အသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်းပြိုင်ပွဲများမှ အနိုင်ရသူများအနဖြေင့် တောင်ကြီးတွင်ကျင်းပမည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးကျင်းပသည့် အဆိုပါပြိုင်ပွဲများကို တာချီလိတ်မြို့ရှိ အားကစားရုံတွင် မတ်လ (၂၆)ရက်နေ့မှ ဧပြီ (၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား စစ်တုရင်ပြိုင်ပွဲတွင် မြန်မာ့ရိုးရာနှင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ နှစ်ခုခွဲကျင်းပခဲ့ရာ တာချီလိတ်မြို့မှ စစ်တုရင်ကစားသမား (၃၀) ကျော်ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းတို့အနက် ကစားသမား (၄)ဦးက ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~