ရခိုင္ျပည္နယ္ဘက္မွ ခိုး၀င္လာသည့္ ဘဂၤါလီမ်ားအား မင္းလွတြင္ (၁၈)ရက္အတြင္း (၄)ႀကိမ္ေျမာက္ ဖမ္းမိ

ရခိုင္ျပည္နယ္ဘက္မွ ခိုး၀င္လာသည့္ ဘဂၤါလီမ်ားအား မင္းလွတြင္ (၁၈)ရက္အတြင္း (၄)ႀကိမ္ေျမာက္ ဖမ္းမိ
မတ် 18, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္အတြင္း ရခိုင္ျပည္နယ္ဘက္မွ ခိုးဝင္လာသည့္ ဘဂၤါလီ(၂)ဦးအား မတ္လ(၁၈)ရက္ေန႔က ဖမ္းမိရာ (၁၈)ရက္အတြင္း (၄)ႀကိမ္ေျမာက္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

" အမာခံသတင္းေပးေတြနဲ႔ အၿမဲမျပတ္ခိ်တ္ဆက္ သတင္းရယူစံုစမ္းေစခဲ႔တဲ႔ အက်ိဳးရလဒ္ေၾကာင္႔ ခိုးဝင္ဘဂၤါလီေတြကို (၁၈) ရက္အတြင္း (၄)ႀကိမ္ေျမာက္ ဖမ္းဆီးႏိုင္ခဲ႔တာပါ။ ဖမ္းဆီးေရးတပ္ဖဲြ႔ဝင္ေတြက လည္း ကၽြန္ေတာ့္ရဲ႕ လမ္းညႊန္ခ်က္အတိုင္း အပင္ပန္းခံၿပီး ရရိွတဲ႔သတင္းအေပၚ ေန႔မအား ညမနား ေဆာင္ ရြက္ၾကတဲ႔ အက်ိဳးဆက္ပါပဲ။ ဘယ္ေလာက္ပဲပင္ပန္းပင္ပန္း ျပည္သူ႔ဘဝလံုျခံဳေရးအတြက္ေတာ႔ တတ္စြမ္း သမွ် ေပးဆပ္ေနၾကဦးမွာပါ"ဟု မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမာခံသတင္းေပး၏ သတင္းေပးပို႔ခ်က္အရ မတ္လ (၁၈) ရက္ေန႔ နံနက္(၁၁)နာရီအခ်ိန္ခန္႔တြင္ မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး၏ ညႊန္ၾကားမႈျဖင့္ ေရနံမနယ္ေျမရဲစခန္းမွဴး ရဲအုပ္မ်ိဳးမင္းထြန္း၊ ႐ွမ္းတပ္ရဲကင္းမွဴး ရဲအုပ္သက္ႏိုင္ဦး၊ ေရႊေခ်ာင္းရဲကင္းမွဴး ဒုရဲအုပ္တင္ေအာင္စန္းတို႔သည္ နယ္ေျမခံသတင္းတပ္ဖဲြ႔၊ စရဖ ပူးေပါင္းအဖဲြ႔တို႔ႏွင္႔အတူ ဆံုကုန္းရြာ၊ ေရႊေခ်ာင္းရဲကင္းအပိုင္အတြင္း ပုသိမ္-မံုရြာလမ္းႏွင့္ (၁၀)မိုင္ခန္႔ အကြာတြင္ ခိုးဝင္လာသည့္ ဘဂၤါလီ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ေတြ႔ရိွဖမ္းဆီးႏိုင္ခဲ႔ျခင္း ဖစ္ေၾကာင္း သိရသည္။

၎တို႔မွာ ရခိုင္ျပည္နယ္ဘက္မွ တစ္ရြာတည္းေန ဘဂၤါလီလူမ်ိဳး ေရွာဘီဆိုသူက ရန္ကုန္အေရာက္ တစ္ဦးလွ်င္ က်ပ္(၁၆)သိန္းရယူ၍ ပို႔ေဆာင္ေပးမည္ဟုဆိုကာ စက္ေလွျဖင္႔သယ္ေဆာင္လာခဲ႔ၿပီး ရိုးမ ေတာသို႔ အေရာက္တြင္ ရခိုင္စကားႏွင္႔ ခ်င္းစကားတတ္ေသာ လူ(၃)ဦးထံအပ္ႏွံခဲ႔ၿပီး ေတာလမ္းခရီး အတိုင္း ရက္(၂၀)ေက်ာ္ ေျခက်င္ေလွ်ာက္လာခဲ႔ရာမွ လြန္ခဲ႔သည္႔(၃)ရက္က အဆိုပါလမ္းျပ(၃)ဦးႏွင္႔ လူစုကဲြၿပီး ယခုကဲ႔သို႔ အဖမ္းခံခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိခဲ႔သည္႔ ဘဂၤါလီလူမ်ိဳး(၂)ဦးအား ၿမိဳ႕နယ္ လဝက အဖဲြ႔ႏွင္႔ပူးေပါင္း၍ ၁၉၄၉ခုႏွစ္ ျမန္မာ ႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပံုတင္ေရးအက္ဥပေဒပုဒ္မအရ တရားရံုးသို႔ ဦးတိုက္ေလွ်ာက္ထား တရား စဲြဆိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ(၂)ဦးအား မတ်လ(၁၈)ရက်နေ့က ဖမ်းမိရာ (၁၈)ရက်အတွင်း (၄)ကြိမ်မြောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

" အမာခံသတင်းပေးတွေနဲ့ အမြဲမပြတ်ချိတ်ဆက် သတင်းရယူစုံစမ်းစေခဲ့တဲ့ အကျိုးရလဒ်ကြောင့် ခိုးဝင်ဘင်္ဂါလီတွေကို (၁၈) ရက်အတွင်း (၄)ကြိမ်မြောက် ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးရေးတပ်ဖွဲ့ဝင်တွေက လည်း ကျွန်တော့်ရဲ့ လမ်းညွှန်ချက်အတိုင်း အပင်ပန်းခံပြီး ရရှိတဲ့သတင်းအပေါ် နေ့မအား ညမနား ဆောင် ရွက်ကြတဲ့ အကျိုးဆက်ပါပဲ။ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ပြည်သူ့ဘဝလုံခြုံရေးအတွက်တော့ တတ်စွမ်း သမျှ ပေးဆပ်နကြေဦးမှာပါ"ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမာခံသတင်းပေး၏ သတင်းပေးပို့ချက်အရ မတ်လ (၁၈) ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း၊ ရှမ်းတပ်ရဲကင်းမှူး ရဲအုပ်သက်နိုင်ဦး၊ ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ်တင်အောင်စန်းတို့သည် နယ်မြေခံသတင်းတပ်ဖွဲ့၊ စရဖ ပူးပေါင်းအဖွဲ့တို့နှင့်အတူ ဆုံကုန်းရွာ၊ ရွှေချောင်းရဲကင်းအပိုင်အတွင်း ပုသိမ်-မုံရွာလမ်းနှင့် (၁၀)မိုင်ခန့် အကွာတွင် ခိုးဝင်လာသည့် ဘင်္ဂါလီ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်း ဖစ်ကြောင်း သိရသည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်ဘက်မှ တစ်ရွာတည်းနေ ဘင်္ဂါလီလူမျိုး ရှောဘီဆိုသူက ရန်ကုန်အရောက် တစ်ဦးလျှင် ကျပ်(၁၆)သိန်းရယူ၍ ပို့ဆောင်ပေးမည်ဟုဆိုကာ စက်လှဖြေင့်သယ်ဆောင်လာခဲ့ပြီး ရိုးမ တောသို့ အရောက်တွင် ရခိုင်စကားနှင့် ချင်းစကားတတ်သော လူ(၃)ဦးထံအပ်နှံခဲ့ပြီး တောလမ်းခရီး အတိုင်း ရက်(၂၀)ကျော် ခြေကျင်လျှောက်လာခဲ့ရာမှ လွန်ခဲ့သည့်(၃)ရက်က အဆိုပါလမ်းပြ(၃)ဦးနှင့် လူစုကွဲပြီး ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီလူမျိုး(၂)ဦးအား မြို့နယ် လဝက အဖွဲ့နှင့်ပူးပေါင်း၍ ၁၉၄၉ခုနှစ် မြန်မာ နိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မအရ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရား စွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~