ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား (၈၅)ဦးကျော်မှ မိုင်းဖုန်းဆရာတော် ကျောင်းတိုက်သို့ ဦးတည်၍ အပျော်တမ်းခရီးစဉ်အဖြစ် စက်ဘီးစီး

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား (၈၅)ဦးကျော်မှ မိုင်းဖုန်းဆရာတော် ကျောင်းတိုက်သို့ ဦးတည်၍ အပျော်တမ်းခရီးစဉ်အဖြစ် စက်ဘီးစီး
မတျ 4, 2018
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ (၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား စုစုပေါင်း (၈၅)ဦး ကျော်က မတ်လ(၄)ရက်နေ့ နံနက်(၇း၂၀)နာရီအချိန်က စ၍  တာချီလိတ်မြို့တွင်းမှ  မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ သွားရောက်နေကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့မှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့မှ စက်ဘီးစီးသမား (၈၀)ဦး ကျော် နှင့် တာချီလိတ်မှ စက်ဘီးစီးသမားများ အပါအ၀င် (၈၅)ဦး ကျော် တို့က အပျော်စီးခရီး အနေဖြင့် လာရောက်ကာ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်တွင် အလှူငွေများ စုပေါင်းလှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ (၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား စုစုပေါင်း (၈၅)ဦး ကျော်က မတ်လ(၄)ရက်နေ့ နံနက်(ရး၂၀)နာရီအချိန်က စ၍ တာချီလိတ်မြို့တွင်းမှ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ သွားရောက်နေကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့မှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့မှ စက်ဘီးစီးသမား (၈၀)ဦး ကျော် နှင့် တာချီလိတ်မှ စက်ဘီးစီးသမားများ အပါအဝင် (၈၅)ဦး ကျော် တို့က အပျော်စီးခရီး အနဖြေင့် လာရောက်ကာ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်တွင် အလှူငွေများ စုပေါင်းလှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။

"အခုလို စက်ဘီးစီးတာက ဒုတိယအကြိမ်ပါ ပထမအကြိမ်က ၂၀၁၆ခုနှစ် (၁၁)လပိုင်းတုန်းကလည်း သွားခဲ့ကြပါတယ်။ အားလုံး တစ်ဦးချင်းစီ ပိုက်ဆံစုကြပြီး မိုင်းဖုန်းဆရာတော်ကျောင်းမှာ အလှူငွေ စုပေါင်းလှူဒါန်းကြတယ်၊ အခုတစ်ခေါက်လည်း အဲ့လိုပါပဲ စုပေါင်းလှူဒါန်းတာတွေ လုပ်မယ်၊ ပြီးရင် ဇွဲသာယာကိုလည်း ဝင်မှာပါ၊ ဒီအဖွဲ့တွေထဲမှာ တာချီလိတ်မှာ ကျင်းပခဲ့တဲ့ ဆေးလိပ်ငွေ့ ကင်းစင် စက်ဘီးစီးပွဲတို့ စက်ဘီးပြိုင်ပွဲတို့မှာ ပါဝင်ဆင်နွှဲခဲ့ကြသူတွေ ပါ ပါတယ်။"ဟု အဆိုပါ ခရီးစဉ်အား ဦးဆောင်သူ မြန်မာဘက်မှ စက်ဘီးစီးသမား ကိုစိုင်းလုံတစ်က ပြောသည်။

ယနေ့ လာရောက်သည့် စက်ဘီးစီးအဖွဲ့များတွင် ချင်းရိုင်းမြို့အတွင်းမှ စက်ဘီးစီးသမားများ ပါဝင်မှု အများဆုံးဖြစ်ပြီး၎င်းတို့သည် နံနက်(၅)နာရီက ထကာ စက်ဘီးများကို ကားဖြင့် တင်ဆောင်၍ ကားများအား မယ်ဆိုင်ဘက်တွင် ထားရှိပြီး မယ်ဆိုင် - တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တစ်ဆင့် ဝင်ရောက်လာကြခြင်း ဖြစ်ကာ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်တွင် ဘုရားဖူးပြီး ဇွဲသာယာကမ်းခြေ၌ ခဏနားကာ နေ့လယ်ပိုင်းတွင် မယ်ဆိုင်သို့ ပြန်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~