တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးတြင္ ဆိုင္ကယ္အစီးေရ (၇၉)စီးအား က်ပ္သိန္းေပါင္း (၇၇)သိန္းနီးပါးျဖင့္ ေလလံတင္ေရာင္းခ်မည္

တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးတြင္ ဆိုင္ကယ္အစီးေရ (၇၉)စီးအား က်ပ္သိန္းေပါင္း (၇၇)သိန္းနီးပါးျဖင့္ ေလလံတင္ေရာင္းခ်မည္
မတ် 24, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးတြင္  ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းရန္ အမိန္႔ခ်ထားၿပီး ျဖစ္သည့္ ဆိုင္ကယ္ အစီးေရ(၇၉)စီးအား ၾကမ္းခင္းေစ်း စုစုေပါင္း က်ပ္ (၇၇)သိန္းနီးပါးျဖင့္ ဧၿပီလ(၁)ရက္ေန႔တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္တရားရံုးတြင္ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းရန္ အမိန္႔ခ်ထားၿပီး ျဖစ္သည့္ ေမာ္ေတာ္ဆုိင္ကယ္(၇၉)စီးအား ၿမိဳ႕နယ္တရားရံုးဝင္း၌ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၁)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ေလလံတင္ေရာင္းခ်မည္ျဖစ္၍ ေလလံေလွ်ာက္လႊာမ်ားအား  ၿမိဳ႕နယ္ တရားရံုးတြင္ မတ္လ(၂၉)ရက္ေန႔ ညေန(၄)နာရီအခ်ိန္အထိ ၀ယ္ယူႏိုင္မည္ျဖစ္ၿပီး ေလွ်ာက္လႊာ ေပးသြင္းရမည့္ သတ္မွတ္ကာလအား မတ္လ(၃၀)ရက္ေန႔ ေန႔လည္(၁၂)အထိ  သတ္မွတ္ထားရွိေၾကာင္း သိရသည္။

ေလလံတင္ေရာင္းခ်ေပးမည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မ်က္ျမင္အေျခအေနအရ အိတ္ဖြင့္ ေလလံစနစ္ျဖင့္သာ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ဆိုင္ကယ္မ်ား တရား၀င္ မွတ္ပံုတင္(ယာဥ္လိုင္စင္)ရရွိေရး ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေလလံဆြဲ၀ယ္သူမွ မိမိအစီအစဥ္ျဖင့္ သက္ဆိုင္ရာ ကညန ႏွင့္ ဆက္သြယ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆိုင္ကယ္မ်ားမွာ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းေစရန္ အမိန္႔ခ်မွတ္ထားသည့္ သက္ေသခံ ပစၥည္းမ်ားျဖစ္ၿပီး ဆိုင္ကယ္ အစီးေရ (၅၉)စီးႏွင့္ သံရည္က်ိဳမည့္ (၂၀)စီးတို႔ ပါဝင္ေၾကာင္း သိရသည္။

ဆိုင္ကယ္မ်ားအား ေလလံတင္ေရာင္းခ်ေပးရာတြင္ (၁၀)စီး အုပ္စု (၁)စုစီျဖင့္ စုစုေပါင္း အုပ္စု(၇)စု သတ္မွတ္ထားသည့္ အတြက္ ေလလံဆြဲ၀ယ္ယူလိုသူမ်ား အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးသို႔ လာေရာက္ စံုစမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချထားပြီး ဖြစ်သည့် ဆိုင်ကယ် အစီးရေ(၇၉)စီးအား ကြမ်းခင်းဈေး စုစုပေါင်း ကျပ် (၇၇)သိန်းနီးပါးဖြင့် ဧပြီလ(၁)ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချထားပြီး ဖြစ်သည့် မော်တော်ဆိုင်ကယ်(၇၉)စီးအား မြို့နယ်တရားရုံးဝင်း၌ ၂၀၁၈ ခုနှစ် ဧပြီလ (၁)ရက်နေ့ နံနက်(၁၀)နာရီတွင် လေလံတင်ရောင်းချမည်ဖြစ်၍ လေလံလျှောက်လွှာများအား မြို့နယ် တရားရုံးတွင် မတ်လ(၂၉)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာ ပေးသွင်းရမည့် သတ်မှတ်ကာလအား မတ်လ(၃၀)ရက်နေ့ နေ့လည်(၁၂)အထိ သတ်မှတ်ထားရှိကြောင်း သိရသည်။

လေလံတင်ရောင်းချပေးမည့် မော်တော်ဆိုင်ကယ်များအား မျက်မြင်အခြေအနေအရ အိတ်ဖွင့် လေလံစနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်(ယာဉ်လိုင်စင်)ရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လေလံဆွဲဝယ်သူမှ မိမိအစီအစဉ်ဖြင့် သက်ဆိုင်ရာ ကညန နှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်များမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသည့် သက်သေခံ ပစ္စည်းများဖြစ်ပြီး ဆိုင်ကယ် အစီးရေ (၅၉)စီးနှင့် သံရည်ကျိုမည့် (၂၀)စီးတို့ ပါဝင်ကြောင်း သိရသည်။

ဆိုင်ကယ်များအား လေလံတင်ရောင်းချပေးရာတွင် (၁၀)စီး အုပ်စု (၁)စုစီဖြင့် စုစုပေါင်း အုပ်စု(၇)စု သတ်မှတ်ထားသည့် အတွက် လေလံဆွဲဝယ်ယူလိုသူများ အနဖြေင့် တာချီလိတ်မြို့နယ်တရားရုံးသို့ လာရောက် စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~