ရခိုင္ျပည္နယ္ဘက္က ခိုး၀င္လာသည့္ ဘဂၤါလီမ်ားအား (၂၃)ရက္အတြင္း (၃၄)ဦး ဖမ္းဆီးရမိ

ရခိုင္ျပည္နယ္ဘက္က ခိုး၀င္လာသည့္ ဘဂၤါလီမ်ားအား (၂၃)ရက္အတြင္း (၃၄)ဦး ဖမ္းဆီးရမိ
မတ် 24, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ဘက္မွ မင္းလွၿမိဳ႕နယ္အတြင္းသို႔ ခိုး၀င္လာသည့္ ဘဂၤါလီ(၉)ဦးအား မတ္လအတြင္း (၆)ႀကိမ္ေျမာက္အျဖစ္ မတ္လ(၂၃)ရက္ေန႔ ညက ဖမ္းဆီးရမိရာ (၂၃)ရက္အတြင္း (၃၄)ဦး ဖမ္းဆီး ရမိခဲ့ေၾကာင္း ေရနံမနယ္ေျမရဲစခန္းက သိရသည္။

"ရခိုင္ျပည္နယ္ဘက္ကေန မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာတဲ႔ ဘဂၤါလီေတြကို မ်က္ေျခမျပတ္ သတင္းရယူ ေစာင့္ၾကည့္ႏိုင္ခဲ့တဲ့ အတြက္ မတ္လ(၁)ရက္ေန႔က (၅)ဦး၊ မတ္လ (၆)ရက္ေန႔မွာ (၇)ဦး၊ မတ္လ (၁၄)ရက္ေန႔မွာ (၁)ဦး၊ မတ္လ(၁၈)ရက္ေန႔မွာ (၂)ဦး၊ မတ္လ (၂၀)ရက္ေန႔မွာ (၁၀)ဦးနဲ႔ အခု မတ္လ (၂၃)ရက္ ေန႔မွာ (၉)ဦးကို ထပ္မံဖမ္းဆီးရမိခဲ႔တာ ျဖစ္ပါတယ္"ဟု ေရနံမ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ မ်ိဳးမင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မတ္လ(၂၃)ရက္ ညေန(၆)နာရီအခ်ိန္ခန္႔တြင္ ေရနံမနယ္ေျမရဲစခန္းမွဴး ရဲအုပ္မ်ိဳးမင္းထြန္း ဦးစီး အဖဲြ႔၊  ႐ွမ္းတပ္ရဲကင္းမွဴး ရဲအုပ္သက္ႏိုင္ဦး ဦးစီးအဖဲြ႔၊ စရဖ(လပခ)နယ္ေျမတာဝန္ခံ တပ္ၾကပ္ႀကီး စိုးမင္း ေအး၊သရက္ခရိုင္ ဒုစရိုက္ႏိွမ္နင္းေရးအဖဲြ႔မွ ဒုရဲအုပ္ သိန္းမင္းႏွင္႔ ေရႊေခ်ာင္းရဲကင္းမွဴး ဒုရဲအုပ္ တင္ေအာင္စန္း ဦးစီးအဖဲြ႔တို႔သည္ မဒိုင္းေက်းရြာႏွင္႔ သခြက္ရင္းေက်းရြာမွ ေဒသခံလူငယ္မ်ားႏွင္႔အတူ  သတင္းအရ မဒိုင္းေက်းရြာေျမာက္ဘက္(၃)ဖာလံုခန္႔အကြာရိွလွ်ိဴေျမာင္အတြင္းသို႔ ေတာနင္းရွာေဖြခဲ႔ရာ ဘဂၤါလီလူမ်ိဳး၊ အမ်ိဳးသားမ်ားျဖစ္ၾကသည္႔ အသက္(၁၄ႏွစ္)အရြယ္ (၆)ဦး၊ အသက္(၁၅ႏွစ္)အရြယ္ (၂)ဦး ႏွင္႔ အသက္ (၁၉ႏွစ္)အရြယ္(၁)ဦးတို႔ကို ေတြ႔ရိွဖမ္းဆီးႏိုင္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘဂၤါလီလူမ်ိဳးမ်ားသည္လည္း လြန္ခဲ့သာ (၂၈)ရက္ခန္႔က ရခိုင္ျပည္နယ္ဘက္မွ စက္ေလွႏွင့္ ထြက္ခြာခဲ့ၾကၿပီး ရိုးမေတာေတာင္ေျခအတိုင္း ေျခက်င္ဆင္းလာၾကရာမွ လမ္းျပေခၚေဆာင္လာသူမ်ားႏွင္႔ လူစုကဲြ၍ ဖမ္းဆီးခံခဲ့ၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသူမ်ားအား ရဲတပ္ဖြဲ႔က  ၿမိဳ႕နယ္ လဝက အဖဲြ႔ႏွင္႔ ပူးေပါင္း၍ ၁၉၄၉ ခုႏွစ္ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မအရ တရားရံုးသို႔ ဦးတိုက္ ေလွ်ာက္ထား တရားစဲြဆို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်ဘက်မှ မင်းလှမြို့နယ်အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ(၉)ဦးအား မတ်လအတွင်း (၆)ကြိမ်မြောက်အဖြစ် မတ်လ(၂၃)ရက်နေ့ ညက ဖမ်းဆီးရမိရာ (၂၃)ရက်အတွင်း (၃၄)ဦး ဖမ်းဆီး ရမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်းက သိရသည်။

"ရခိုင်ပြည်နယ်ဘက်ကနေ မင်းလှမြို့နယ်အတွင်း ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို မျက်ခြေမပြတ် သတင်းရယူ စောင့်ကြည့်နိုင်ခဲ့တဲ့ အတွက် မတ်လ(၁)ရက်နေ့က (၅)ဦး၊ မတ်လ (၆)ရက်နေ့မှာ (၇)ဦး၊ မတ်လ (၁၄)ရက်နေ့မှာ (၁)ဦး၊ မတ်လ(၁၈)ရက်နေ့မှာ (၂)ဦး၊ မတ်လ (၂၀)ရက်နေ့မှာ (၁၀)ဦးနဲ့ အခု မတ်လ (၂၃)ရက် နေ့မှာ (၉)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်"ဟု ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၂၃)ရက် ညနေ(၆)နာရီအချိန်ခန့်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း ဦးစီး အဖွဲ့၊ ရှမ်းတပ်ရဲကင်းမှူး ရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့၊ စရဖ(လပခ)နယ်မြေတာဝန်ခံ တပ်ကြပ်ကြီး စိုးမင်း အေး၊သရက်ခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ် သိန်းမင်းနှင့် ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ် တင်အောင်စန်း ဦးစီးအဖွဲ့တို့သည် မဒိုင်းကျေးရွာနှင့် သခွက်ရင်းကျေးရွာမှ ဒေသခံလူငယ်များနှင့်အတူ သတင်းအရ မဒိုင်းကျေးရွာမြောက်ဘက်(၃)ဖာလုံခန့်အကွာရှိလျှိူမြောင်အတွင်းသို့ တောနင်းရှာဖွေခဲ့ရာ ဘင်္ဂါလီလူမျိုး၊ အမျိုးသားများဖြစ်ကြသည့် အသက်(၁၄နှစ်)အရွယ် (၆)ဦး၊ အသက်(၁၅နှစ်)အရွယ် (၂)ဦး နှင့် အသက် (၁၉နှစ်)အရွယ်(၁)ဦးတို့ကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီလူမျိုးများသည်လည်း လွန်ခဲ့သာ (၂၈)ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ စက်လှေနှင့် ထွက်ခွာခဲ့ကြပြီး ရိုးမတောတောင်ခြေအတိုင်း ခြေကျင်ဆင်းလာကြရာမှ လမ်းပြခေါ်ဆောင်လာသူများနှင့် လူစုကွဲ၍ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများအား ရဲတပ်ဖွဲ့က မြို့နယ် လဝက အဖွဲ့နှင့် ပူးပေါင်း၍ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~