ေတာင္ႀကီးၿမိဳ႕ YGW ပရဟိတမိဘမဲ့ေက်ာင္းမွ ရွင္ျပဳနားသ (၃၀၀)ဦး အတြက္ အလွဴေငြမ်ား ပါဝင္လွဴဒါန္းႏုိင္

ေတာင္ႀကီးၿမိဳ႕ YGW ပရဟိတမိဘမဲ့ေက်ာင္းမွ ရွင္ျပဳနားသ (၃၀၀)ဦး အတြက္ အလွဴေငြမ်ား ပါဝင္လွဴဒါန္းႏုိင္
မတ် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ကံႀကီးရပ္ကြက္ ဂႏုိင္ေရးရပ္ရိွ ေမတၱာဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတြင္ ဖြင့္လွစ္ထားသည့္ YGW ပရဟိတမိဘမဲ့ေက်ာင္းမွ ကေလးမ်ားအား ရွင္အပါး (၁၀၀)ႏွင့္ နားသအပါး (၂၀၀) စုေပါင္းရွင္ျပဳပြဲအား မတ္လ (၂၄)ရက္ေန႔ႏွင့္ (၂၅)ရက္ေန႔မ်ားတြင္ က်င္းပမည္ျဖစ္ရာ  အလွဴေငြမ်ား ထည့္ဝင္လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ ကေလးေတြအတြက္ အမာခံအလွဴရွင္ေတာ့ မရိွဘူးေပါ့။ ရွင္တစ္ပါးျဖစ္ျဖစ္ နားသ တစ္ပါးျဖစ္ျဖစ္ (၃၀,၀၀၀)က်ပ္ႏႈန္းနဲ႔ လွဴဒါန္းတာေတြေတာ့ရိွေနပါတယ္။ တစ္ခ်ိဳ႕လည္း အေဝးကေန လွမ္းလွဴတာတို႔ ဘာတုိ႔ေတာ့ ရိွပါတယ္”ဟု ေမတၱာဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ဦးဣႏၵာစာရက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မိန္႔သည္။

အဆိုပါ ပရဟိတေက်ာင္းတြင္ မိဘမဲ့ကေလး (၃၀၀)ကို ေစာင့္ေရွာက္ေပးထားျခင္းျဖစ္ေၾကာင္း သိရၿပီး ကေလးမ်ားအား ရွင္ျပဳနားသကို ျပဳလုပ္ေပးမည္ျဖစ္ရာ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ရွင္တစ္ပါး သို႔မဟုတ္ နားသ တစ္ပါးလွ်င္ က်ပ္သံုးေသာင္းႏႈန္းျဖင့္ ဆရာေတာ္ ဦးဣႏၵာစာရက ဖုန္းနံပါတ္ ၀၉၄၀၂၇၁၆၀၀၄ သို႔ လည္းေကာင္း ကေမၻာဇဘဏ္ေငြစုစာအုပ္အမွတ္ (KBZ Bank Account) 00130100103313801 သို႔ လည္းေကာင္း ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

အဝါေရာင္မ်ိဳးဆက္သစ္လူငယ္ပရဟိတအသင္း ( YGW Yellow Generation Wave ) က ေဒသ အသီးသီးတြင္ မိဘမဲ့ကေလးမ်ားႏွင့္ ဆင္းရဲႏြမ္းပါးကေလးမ်ား ေစာင့္ေရွာက္ေရးေက်ာင္း (၁၄)ေက်ာင္းႏွင့္ ဘိုးဘြားမ်ား ေစာင့္ေရွာက္ေရးေက်ာင္းႏွင့္ ထာဝရတရားရိပ္သာ (၆) ခုုတို႔အား ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕ ဂႏုိင္ေရးရပ္မွ ေမတၱာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွာလည္း အဆိုပါအသင္းက ဖြင့္လွစ္ထားသည့္ ေက်ာင္းတစ္ေက်ာင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - YGW



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံကြီးရပ်ကွက် ဂနိုင်ရေးရပ်ရှိ မေတ္တာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဖွင့်လှစ်ထားသည့် YGW ပရဟိတမိဘမဲ့ကျောင်းမှ ကလေးများအား ရှင်အပါး (၁၀၀)နှင့် နားသအပါး (၂၀၀) စုပေါင်းရှင်ပြုပွဲအား မတ်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် ကျင်းပမည်ဖြစ်ရာ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

“လောလောဆယ် ကလေးတွေအတွက် အမာခံအလှူရှင်တော့ မရှိဘူးပေါ့။ ရှင်တစ်ပါးဖြစ်ဖြစ် နားသ တစ်ပါးဖြစ်ဖြစ် (၃၀,ဝဝဝ)ကျပ်နှုန်းနဲ့ လှူဒါန်းတာတွေတော့ရှိနေပါတယ်။ တစ်ချို့လည်း အဝေးကနေ လှမ်းလှူတာတို့ ဘာတို့တော့ ရှိပါတယ်”ဟု မေတ္တာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဣန္ဒါစာရက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

အဆိုပါ ပရဟိတကျောင်းတွင် မိဘမဲ့ကလေး (၃၀၀)ကို စောင့်ရှောက်ပေးထားခြင်းဖြစ်ကြောင်း သိရပြီး ကလေးများအား ရှင်ပြုနားသကို ပြုလုပ်ပေးမည်ဖြစ်ရာ လှူဒါန်းလိုသူများအနဖြေင့် ရှင်တစ်ပါး သို့မဟုတ် နားသ တစ်ပါးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဆရာတော် ဦးဣန္ဒါစာရက ဖုန်းနံပါတ် ဝ၉၄၀၂၇၁၆၀၀၄ သို့ လည်းကောင်း ကမ္ဘောဇဘဏ်ငွေစုစာအုပ်အမှတ် (KBZ Bank Account) 00130100103313801 သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း ( YGW Yellow Generation Wave ) က ဒေသ အသီးသီးတွင် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများ စောင့်ရှောက်ရေးကျောင်း (၁၄)ကျောင်းနှင့် ဘိုးဘွားများ စောင့်ရှောက်ရေးကျောင်းနှင့် ထာဝရတရားရိပ်သာ (၆) ခုတို့အား ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တောင်ကြီးမြို့ ဂနိုင်ရေးရပ်မှ မေတ္တာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာလည်း အဆိုပါအသင်းက ဖွင့်လှစ်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - YGW

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~