မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္ေထာင္ေက်ာ္သယ္လာသည့္ လူငယ္အား ဖမ္းမိ

မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္ေထာင္ေက်ာ္သယ္လာသည့္ လူငယ္အား ဖမ္းမိ
မတ် 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ မုိင္းဆတ္ - တာခ်ီလိတ္ လမ္းတြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္ (၁၆ ႏွစ္အရြယ္ လူငယ္ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၄၀)အား မတ္လ (၇)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ခုႏွစ္ မတ္လ(၇)ရက္ေန႔ ည(၆)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စု၊ မိုင္းဆတ္ - တာခ်ီလိတ္သြား ကားလမ္း၊ ေဟြရဲၿမိဳ႕ေရွာင္လမ္းမွ တာခ်ီလိတ္ၿမိဳ႕တြင္း ဝမ္မုိင္ (ေက်ာက္ေတာင္)ရြာသို႔ သြားသည့္ ေတာလမ္းတြင္ ဆိုင္ကယ္ေမာင္းနွင္လာသည့္ လူငယ္အား စစ္ေဆးရွာေဖြရာ ၎၏ အက်ႌအိတ္ကတ္ႏွင့္ ဆုိင္ကယ္ေရွ႕ျခင္းအတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၂၀၄၀)ျပားအား ရွာေဖြ ေတြ႔ရိွျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားေရွာင္အား တာခ်ီလိတ္ၿမိဳ႕မရဲခစန္းတြင္ မယ(ပ) ၁၈/၂၀၁၈ ၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္ မူးယစ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဆတ် - တာချီလိတ်လမ်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၆ နှစ်အရွယ် လူငယ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၄၀)အား မတ်လ (၇)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ခုနှစ် မတ်လ(၇)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ မိုင်းဆတ် - တာချီလိတ်သွား ကားလမ်း၊ ဟွေရဲမြို့ရှောင်လမ်းမှ တာချီလိတ်မြို့တွင်း ဝမ်မိုင် (ကျောက်တောင်)ရွာသို့ သွားသည့် တောလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်အား စစ်ဆေးရှာဖွေရာ၎င်း၏ အင်္ကျီအိတ်ကတ်နှင့် ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၀၄၀)ပြားအား ရှာဖွေ တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားရှောင်အား တာချီလိတ်မြို့မရဲခစန်းတွင် မယ(ပ) ၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ် မူးယစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~