တာခ်ီလိတ္ၿမိဳ႕ ဖတ္ဟိ(အာခါ)ရြာအတြင္း မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာမွ ထြက္ေျပးသူအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဖတ္ဟိ(အာခါ)ရြာအတြင္း မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာမွ ထြက္ေျပးသူအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 28, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ဖတ္ဟိ(အာခါ)ရြာတြင္ မူးယစ္ေဆး၀ါးေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ၀င္ေရာက္ရွာေဖြရာ သတင္းရရွိထားသူမွာ ထြက္ေျပးေသာ္လည္း ဖမ္းဆီးရမိခဲ့ၿပီး ၎ထံက မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဖတ္ဟိ(အာခါ)ရြာရွိ အားစူေနအိမ္တြင္ မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၈)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ျဖင့္ အဆိုပါ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ သတင္း ရရွိထားသူ အားစူမွာ ေနအိမ္ေနာက္ေဖးေပါက္မွ ထြက္ေျပးေၾကာင္း သိရသည္။

ထြက္ေျပးသည့္ အားစူအား အဆိုပါ ပူးေပါင္းအဖြဲ႔မွ လိုက္လံဖမ္းဆီးရာတြင္ ေနအိမ္ေနာက္ေဖးေပါက္အနီး ၿခံ၀င္းအတြင္း ဖမ္းဆီးရမိခဲ့ၿပီး ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ ၎ကိုင္ေဆာင္ထားသည့္ ဂ်င္းအိတ္ အတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၃၁၀)ျပား ႏွင့္ အေလးခ်ိန္ (၅၀)ဂရမ္၀န္းက်င္ရွိသည့္ ဘိန္းစိမ္းအမဲေရာင္အေစးတို႔ကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၅၃)ႏွစ္အရြယ္ အားစူအား ၀မ္ပံုနယ္ေျမ ရဲစခန္းတြင္ မယ(ပ)၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

 




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဖတ်ဟိ(အာခါ)ရွာတွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိ၍ ဝင်ရောက်ရှာဖွေရာ သတင်းရရှိထားသူမှာ ထွက်ပြေးသော်လည်း ဖမ်းဆီးရမိခဲ့ပြီး၎င်းထံက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖတ်ဟိ(အာခါ)ရွာရှိ အားစူနေအိမ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိ၍ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နေ့လယ်(၂)နာရီခွဲ ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ သတင်း ရရှိထားသူ အားစူမှာ နေအိမ်နောက်ဖေးပေါက်မှ ထွက်ပြေးကြောင်း သိရသည်။

ထွက်ပြေးသည့် အားစူအား အဆိုပါ ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရာတွင် နေအိမ်နောက်ဖေးပေါက်အနီး ခြံဝင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ၎င်းကိုင်ဆောင်ထားသည့် ဂျင်းအိတ် အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၂၃၁၀)ပြား နှင့် အလေးချိန် (၅၀)ဂရမ်ဝန်းကျင်ရှိသည့် ဘိန်းစိမ်းအမဲရောင်အစေးတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၃)နှစ်အရွယ် အားစူအား ဝမ်ပုံနယ်မြေ ရဲစခန်းတွင် မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~