ေရွးေဟာင္းသံေခတ္သခ်ဳႋင္းတစ္ခု ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္း ေတြ႔ရွိ

ေရွးေဟာင္းသံေခတ္သခ်ဳႋင္းတစ္ခု ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္း ေတြ႔ရွိ
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္ ပေဒါင္းေက်းရြာအနီး ရန္ကုန္-မႏၲေလး အျမန္လမ္းေဘး၌ ေတြ႔ရသည့္ သံေခတ္က သခၤ်ဳိင္းေဟာင္းေနရာအား ေရွးေဟာင္းယဥ္ေက်းမႈေနရာေဒသအျဖစ္ သတ္မွတ္ႏုိင္ေရး တုိင္းေဒသႀကီး အစိုးရအဖြဲ႕ထံ တင္ျပထားေၾကာင္း သိရသည္။

ပေဒါင္းေက်းရြာအနီး ရန္ကုန္ - မႏၲေလး အျမန္လမ္း မိုင္တိုင္(၃၂၉/၇) ဝဲဘက္လမ္းေဘး ေပ (၁၅၀၀) ခန္႔ အကြာ၌  ေျမမ်ားတူးေဖာ္ထားသည္ကို မသကၤာဖြယ္ ေတြ႕ရွိရ၍ ႏြားထိုးႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ႏွင့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူးေပါင္း အဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔တြင္ သြားေရာက္စစ္ေဆးခဲ့ရာ သံေခတ္ကဟု ယူဆရသည့္ ေျမအိုးကြဲ၊ သံလက္နက္၊ လူအရိုး၊ လူသြား၊ ဦးေခါင္းအခြံ၊ ေျမထည္၊ ေျမပန္းကန္ အပိုင္းအစမ်ား ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနရာမွာ သံေခတ္က သခၤ်ိဳင္းေဟာင္း တစ္ခုျဖစ္နိုင္သည္ဟု ယူဆရသည့္အတြက္ ပေဒါင္း ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူးႏွင့္အဖြဲ႕က ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိၿပီး ေရွးေဟာင္း ယဥ္ေက်းမွုေနရာေဒသ တစ္ခုအျဖစ္ သတ္မွတ္နိုင္ေရးအတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - MHAM 

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပဒေါင်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေး၌ တွေ့ရသည့် သံခေတ်က သင်္ချိုင်းဟောင်းနေရာအား ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသအဖြစ် သတ်မှတ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ပဒေါင်းကျေးရွာအနီး ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်(၃၂၉/၇) ဝဲဘက်လမ်းဘေး ပေ (၁၅၀၀) ခန့် အကွာ၌ မြေများတူးဖော်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိရ၍ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ သံခေတ်ကဟု ယူဆရသည့် မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းအခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအစများ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာမှာ သံခေတ်က သင်္ချိုင်းဟောင်း တစ်ခုဖြစ်နိုင်သည်ဟု ယူဆရသည့်အတွက် ပဒေါင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ရှေးဟောင်း ယဉ်ကျေးမှုနေရာဒေသ တစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - MHAM

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~