Telenor Myanmar က ျပည္ေထာင္စုေန႔တြင္ ျမန္မာႏိုင္ငံေျမပံုအား လူဦးေရ ၃၅၀၀ ျဖင္႔ ပံုေဖာ္၍ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္ ေဆာင္ရြက္

Telenor Myanmar က ျပည္ေထာင္စုေန႔တြင္ ျမန္မာႏိုင္ငံေျမပံုအား လူဦးေရ ၃၅၀၀ ျဖင္႔ ပံုေဖာ္၍ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္ ေဆာင္ရြက္
ဖေဖော်ဝါရီ 12, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕၌ ေဖေဖာ္ဝါရီ(၁၂)ရက္ ျပည္ေထာင္စုေန႔တြင္ Telenor Myanmar က လူဦးေရ (၃၅၀၀)ျဖင့္ ျမန္မာႏိုင္ငံေျမပံုပံုေဖာ္၍ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ရန္ ႀကိဳးပမ္းမႈတစ္ရပ္ ျပဳလုပ္ေၾကာင္း သိရသည္။
"မေကြးၿမိဳ႕မွာ လုပ္ရတဲ႔ အေၾကာင္းအခ်က္ေတြအမ်ားႀကီးရိွတဲ႔အထဲက အဓိကကေတာ႔ ႏုိင္ငံရဲ႕ လြတ္လပ္ေရးဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးရပ္ေျမ နတ္ေမာက္ၿမိဳ႕တည္ရိွရာတိုင္းၿမိဳ႕ ျဖစ္တာေၾကာင္႔ မေကြးၿမိဳ႕ကိုေရြးခ်ယ္လုပ္ရတာျဖစ္ၿပီး ျပည္ေထာင္စုေန႔အထိမ္းအမွတ္အေနနဲ႔ လုပ္တာလည္း ျဖစ္ပါတယ္"ဟု Telenor Myanmar Ltd Manager ၏ External Communication ျဖစ္သူ ေရႊယင္းမာဦးက တာခ်ီ လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးခရိုင္အားကစားကြင္းတြင္ အလ်ား (၂၃၄)ေပ၊ အနံ (၁၀၆)ေပ၊ စတုရန္းေပ (၂၄၈၀၄) အတြင္း ျမန္မာႏိုင္ငံေျမပံုသ႑ာန္ လူဦးေရ (၃၀၀၀)ေက်ာ္ျဖင္႔ ပံုေဖာ္ကာ (၆)မိနစ္ၿငိမ္သက္၍ ႏိုင္ငံေတာ္သီခ်င္းႏွင္႔အတူ ပံုေဖၚျခင္းအား ႏွစ္ႀကိမ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
"ျပည္ေထာင္စုေန႔ဟာ ျမန္မာႏိုင္ငံရဲ႕ေန႔ထူးေန႔ျမတ္ျဖစ္ၿပီး အဲဒီ ေန႔ရက္မွာ လူဦးေရအမ်ားအျပားနဲ႔ ျမန္မာႏိုင္ငံေျမပံုသ႑ာန္ပံုေဖာ္ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္သစ္တစ္ခုကို တယ္လီေနာျမန္မာကဦးေဆာင္ၿပီး ျမန္မာႏိုင္ငံအတြက္ သမိုင္းမွတ္တမ္းဝင္ေအာင္ေဆာင္ရြက္ၾကတဲ႔ ေဆာင္ရြက္မႈျဖစ္ပါတယ္။ ႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကတဲ႔ တိုင္းရင္းသားအားလံုး စုစည္းခိုင္မာမႈအေနနဲ႔ ေဖာ္က်ဴးတဲ႔လုပ္ေဆာင္ခ်က္တစ္ခုကို မေကြးတိုင္းေဒသႀကီးမွာ လက္ခံေဆာင္ရြက္ႏိုင္တဲ႔အတြက္ ဝမ္းေျမာက္ရပါတယ္။ မေကြးတိုင္းေဒသႀကီးကို ကမာၻ႔အလယ္မွာ ပိုမိုထင္ရွားလာေစမွာျဖစ္တယ္လို႔လည္း ယံုၾကည္ပါတယ္"ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားသည္။
အာဖရိကတိုက္ေျမပံုအား လူဦးေရ(၈၁၁)ဦးျဖင္႔ ပံုေဖာ္၍ ၂၀၁၆ခုႏွစ္ စက္တင္ဘာလတြင္ ကမာၻ႔ ဂင္းနစ္ စံခ်ိန္ကို ေနာက္ဆံုးတင္ထားခဲ႔ျခင္းျဖစ္ၿပီး ယင္းစံခ်ိန္အား ခ်ိဳးႏိုင္ရန္အတြက္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ ျမန္မာႏိုင္ငံေျမပံုကို လူဦးေရ(၃၅၀၀)ျဖင္႔ ပံုေဖာ္ႏိုင္ခဲ႔ျခင္းျဖစ္ေၾကာင္း Pastel Communications C.O.O/Creative Director Mona Mahmood ၏ ေျပာၾကားခ်က္အရ သိရသည္။
"ေက်ာင္းကိုဖိတ္ေခၚလို႔ ပါဝင္ခြင္႔ရခဲ႔ၿပီး အခုလိုျမန္မာကို ကမာၻက သိေအာင္လုပ္တဲ႔ ဂင္းနစ္စံ ခ်ိန္တင္ပဲြမွာပါဝင္ခြင္႔ရလို႔ ဝမ္းသာဂုဏ္ယူပါတယ္"ဟု ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူ ဝိုင္းေမျမင္႔က ေျပာသည္။
အဆိုပါ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ပဲြသို႔ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠဌ၊ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးမ်ား၊ တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းအဆင္႔ ဌာနဆိုင္ ရာတာဝန္ရိွသူမ်ား တက္ေရာက္ၿပီး ျမန္မာႏိုင္ငံေျမပံုကို ပံုေဖာ္ႏိုင္ရန္အတြက္ တကၠသိုလ္ႏွင္႔ ေက်ာင္းအသီးသီးမွ ေက်ာင္းသူေက်ာင္းသားမ်ား၊ အျခားစိတ္ပါဝင္စားသူမ်ားႏွင္႔ Telenor Myanmar မွ ဝန္ထမ္းမ်ား ပါဝင္ေၾကာင္း သိရသည္။
သတင္း #ဖီးနစ္
~~~~~~~~⊰❂ unicode ~~~~~~~~
Telenor Myanmar က  ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံမြေပုံအား လူဦးရေ ၃၅၀၀ ဖြင့် ပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန် ဆောင်ရွက်
************
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ဖေဖော်ဝါရီ(၁၂)ရက် ပြည်ထောင်စုနေ့တွင် Telenor Myanmar က လူဦးရေ (၃၅၀၀)ဖြင့် မြန်မာနိုင်ငံမြေပုံပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းမှုတစ်ရပ် ပြုလုပ်ကြောင်း သိရသည်။
"မကွေးမြို့မှာ လုပ်ရတဲ့ အကြောင်းအချက်တွေအများကြီးရှိတဲ့အထဲက အဓိကကတော့ နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်မြေ နတ်မောက်မြို့တည်ရှိရာတိုင်းမြို့ ဖြစ်တာကြောင့် မကွေးမြို့ကိုရွေးချယ်လုပ်ရတာဖြစ်ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ လုပ်တာလည်း ဖြစ်ပါတယ်"ဟု Telenor Myanmar Ltd Manager ၏ External Communication ဖြစ်သူ ရွှေယင်းမာဦးက တာချီ လိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးခရိုင်အားကစားကွင်းတွင် အလျား (၂၃၄)ပေ၊ အနံ (၁၀၆)ပေ၊ စတုရန်းပေ (၂၄၈၀၄) အတွင်း မြန်မာနိုင်ငံမြေပုံသဏ္ဍာန် လူဦးရေ (၃၀၀၀)ကျော်ဖြင့် ပုံဖော်ကာ (၆)မိနစ်ငြိမ်သက်၍ နိုင်ငံတော်သီချင်းနှင့်အတူ ပုံဖေါ်ခြင်းအား နှစ်ကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"ပြည်ထောင်စုနေ့ဟာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်ပြီး အဲဒီ နေ့ရက်မှာ လူဦးရေအများအပြားနဲ့ မြန်မာနိုင်ငံမြေပုံသဏ္ဍာန်ပုံဖော်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ခုကို တယ်လီနောမြန်မာကဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းဝင်အောင်ဆောင်ရွက်ကြတဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး စုစည်းခိုင်မာမှုအနေနဲ့ ဖော်ကျူးတဲ့လုပ်ဆောင်ချက်တစ်ခုကို မကွေးတိုင်းဒေသကြီးမှာ လက်ခံဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းမြောက်ရပါတယ်။ မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ်မှာ ပိုမိုထင်ရှားလာစေမှာဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်"ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
အာဖရိကတိုက်မြေပုံအား လူဦးရေ(၈၁၁)ဦးဖြင့် ပုံဖော်၍ ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ ဂင်းနစ် စံချိန်ကို နောက်ဆုံးတင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်အား ချိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မြန်မာနိုင်ငံမြေပုံကို လူဦးရေ(၃၅၀၀)ဖြင့် ပုံဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Pastel Communications C.O.O/Creative Director Mona Mahmood ၏ ပြောကြားချက်အရ သိရသည်။
"ကျောင်းကိုဖိတ်ခေါ်လို့ ပါဝင်ခွင့်ရခဲ့ပြီး အခုလိုမြန်မာကို ကမ္ဘာက သိအောင်လုပ်တဲ့ ဂင်းနစ်စံ ချိန်တင်ပွဲမှာပါဝင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူပါတယ်"ဟု ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ ဝိုင်းမေမြင့်က ပြောသည်။
အဆိုပါ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာနိုင်ငံမြေပုံကို ပုံဖော်နိုင်ရန်အတွက် တက္ကသိုလ်နှင့် ကျောင်းအသီးသီးမှ ကျောင်းသူကျောင်းသားများ၊ အခြားစိတ်ပါဝင်စားသူများနှင့် Telenor Myanmar မှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
သတင်း #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~