အေမရိကန္ သံအမတ္ႀကီး H.E Mr.Scott Marciel ကယားျပည္နယ္တြင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေလ့လာ

အေမရိကန္ သံအမတ္ႀကီး H.E Mr.Scott Marciel ကယားျပည္နယ္တြင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေလ့လာ
ဖေဖော်ဝါရီ 22, 2018
By Tachileik News Agency

ကယားျပည္နယ္တြင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ အေမရိကန္အစိုးရအေထာက္အပံ့ျဖင့္ ေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ား အေျခအေနကို ေလ့လာရန္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး HE Mr.Scott Marciel ႏွင့္အဖြဲ႔မွ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕သို႔ ေရာက္ရိွလာေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕သို႔ ေရာက္ရိွေနသည့္  သံအမတ္ႀကီးဦးေဆာင္သည့္အဖြဲ႕သည္ မနက္ပိုင္းတြင္ ကရင္နီ အမ်ိဳးသား တိုးတက္ေရးပါတီ(KNPP) ဆက္ဆံေရး႐ုံးတြင္ တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆုံခဲ့ၿပီး ညေနပိုင္းတြင္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္ေသာ အစိုးရအဖြဲ႔ျဖင့္ ေတြ႔ဆံုေၾကာင္း သိရသည္။

ကယားျပည္နယ္အစုိးရအဖြဲ႔ႏွင့္ ေတြ႔ဆုံရာတြင္ ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ အသြင္ ကူးေျပာင္းေရးႏွင့္ အေမရိကန္အစုိးရ၏ ေထာက္ပံ႔မွဳျဖင့္ ေဆာင္ရြက္ေနသည့္ စီမံကိန္းမ်ား အေျခအေနႏွင့္ အဆိုပါ လုပ္ငန္းမ်ားႏွင့္ သက္ဆိုင္ေသာ ကိစၥရပ္မ်ား ၊ မူဝါဒမ်ား ၊ INGOs၊ CSOs အခန္းက႑မ်ားႏွင့္ က်န္းမာေရး က႑၊ food security က႑တို႔အား ေဆြးေႏြးခဲ့ၾကေၾကာင္း ကယားျပည္နယ္အစိုးရက သတင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမေရိကန်အစိုးရအထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေကို လေ့လာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး HE Mr.Scott Marciel နှင့်အဖွဲ့မှ ဖေဖော်ဝါရီလ (၂၁)ရက်နေ့က လွိုင်ကော်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

လွိုင်ကော်မြို့သို့ ရောက်ရှိနေသည့် သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့သည် မနက်ပိုင်းတွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ဆက်ဆံရေးရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဖြင့် တွေ့ဆုံကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်၊ အသွင် ကူးပြောင်းရေးနှင့် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများ အခြေအနေနှင့် အဆိုပါ လုပ်ငန်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ မူဝါဒများ၊ INGOs၊ CSOs အခန်းကဏ္ဍများနှင့် ကျန်းမာရေး ကဏ္ဍ၊ food security ကဏ္ဍတို့အား ဆွေးနွေးခဲ့ကြကြောင်း ကယားပြည်နယ်အစိုးရက သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~