ရြာအျပင္ ေတာင္ေျခတြင္ ပံုထားသည့္ သစ္ပံုအား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

ရြာအျပင္ ေတာင္ေျခတြင္ ပံုထားသည့္ သစ္ပံုအား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
ဖေဖော်ဝါရီ 23, 2018
By Tachileik News Agency

ရြာအျပင္ဖက္ ေတာင္ေျခတြင္ ပံုထားသည့္ သစ္မ်ားအား သတင္းေပးခ်က္အရ သြားေရာက္စစ္ေဆးရာမွ သစ္မ်ားအား ပိုင္ရွင္မဲ့အျဖစ္ ဖမ္းဆီးရမိသည့္အတြက္ သစ္ေတာဥပေဒမ်ားႏွင့္ စံုစမ္းမႈမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ထီးဖိုးကလိုးေက်းရြာအုပ္စု၊ ထီးသဲကလိုးေက်းရြာ ႏွင့္ လာလီလဲေက်းရြာအနီးတြင္ ပံုထားသည့္ ပိေတာက္သစ္ခြဲသား အတံုး(၁၀၀)အား သတင္းေပးခ်က္အရ သြားေရာက္စစ္ေဆးရာမွ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔ ညပိုင္းက ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္သည္။

"ကြ်န္ေတာ္တို႔ မေန႔ညက ကြ်န္ေတာ့္သစ္ေတာက အဖြ႔ဲေတြနဲ႔ တျခားပူးေပါင္းအဖြဲ႔ေတြ သြားဖမ္းၾကတာ၊ ရြာအျပင္ဖက္ ဒီတိုင္း လမ္းေဘးေတာင္ေျခနားမွာပဲ ပံုထားတယ္။ သူမ်ားသတင္းေပးေတာ့ ဒီအတိုင္းသြားဖမ္းရံုပဲေပါ့၊ ရြာအျပင္မွာ ဒီအတိုင္းပံုထားတာဆိုေတာ့ ပိုင္ရွင္မဲ့အေနနဲ႔ပဲ ဖမ္းမိတာပါ"ဟု ကယားျပည္နယ္ သဘာ၀သယံဇာတႏွင့္သတၱဳတြင္း၀န္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ ပိေတာက္ခြဲသား စုစုေပါင္း အတံုး(၁၀၀)၏ အေလးခ်ိန္မွာ တန္ခ်ိန္ေပါင္း (၁၂.၆၃၈၂)တန္ရွိေၾကာင္းႏွင့္ အဆိုပါသစ္မ်ားအား သက္ဆိုင္ရာသို႔ လႊဲေျပာင္းေပးထားေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရွာအပြင်ဖက် တောင်ခြေတွင် ပုံထားသည့် သစ်များအား သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာမှ သစ်များအား ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့်အတွက် သစ်တောဥပဒေများနှင့် စုံစမ်းမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ထီးသဲကလိုးကျေးရွာ နှင့် လာလီလဲကျေးရွာအနီးတွင် ပုံထားသည့် ပိတောက်သစ်ခွဲသား အတုံး(၁၀၀)အား သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာမှ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ညပိုင်းက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ မနေ့ညက ကျွန်တော့်သစ်တောက အဖွဲ့တွေနဲ့ တခြားပူးပေါင်းအဖွဲ့တွေ သွားဖမ်းကြတာ၊ ရွာအပြင်ဖက် ဒီတိုင်း လမ်းဘေးတောင်ခြေနားမှာပဲ ပုံထားတယ်။ သူများသတင်းပေးတော့ ဒီအတိုင်းသွားဖမ်းရုံပဲပေါ့၊ ရွာအပြင်မှာ ဒီအတိုင်းပုံထားတာဆိုတော့ ပိုင်ရှင်မဲ့အနေနဲ့ပဲ ဖမ်းမိတာပါ"ဟု ကယားပြည်နယ် သဘာဝသယံဇာတနှင့်သတ္တုတွင်းဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် ပိတောက်ခွဲသား စုစုပေါင်း အတုံး(၁၀၀)၏ အလေးချိန်မှာ တန်ချိန်ပေါင်း (၁၂.၆၃၈၂)တန်ရှိကြောင်းနှင့် အဆိုပါသစ်များအား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးထားကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~