Mytel ၏ First Call Announcement အျဖစ္ ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီးထံ Video Call ေခၚဆို

Mytel ၏ First Call Announcement အျဖစ္ ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီးထံ Video Call ေခၚဆို
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency
ဗီယက္နမ္ဆက္သြယ္ေရးကုမၸဏီႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းတို႔ ပူးေပါင္းေဆာင္ရြက္သည့္ ျမန္မာႏုိင္ငံ၏ စတုတၳေျမာက္ေအာ္ပေရတာ Mytel ၏ First Call Announcement ကို ေဖေဖၚဝါရီလ (၁၂)ရက္ေန႔က ေနျပည္ေတာ္ရိွ Kempinski Hotel ၌ က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္သည္။

(၇၁)ႏွစ္ေျမာက္ျပည္ေထာင္စုေန႔အား ႀကိဳဆုိဂုဏ္ျပဳကာ ဖြင့္လွစ္သည့္ အဆိုပါ အခမ္းအနားတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဗီယက္နမ္ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ထံ Mytel ျဖင့္ Video Call ျဖင့္ ဆက္သြယ္ေခၚဆုိ၍ ႏႈတ္ခြန္းဆက္ စကားေျပာၾကားျခင္း၊ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ ကမ္း႐ုိးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္တုိ႔အား Video Call ျဖင့္ ဆက္သြယ္ေခၚဆုိခဲ့ေၾကာင္း သိရသည္။

ျမန္မာ-ဗီယက္နမ္ ပူးေပါင္းေဆာင္ရြက္သည့္ Telecom International Myanmar Company Limited(Mytel) သည္ ႏုိင္ငံအ၀ွမ္းေအာ္ပေရတာအျဖစ္ လုပ္ေဆာင္ႏုိင္ရန္အတြက္ (Nationwide Telecommunication License) ကို ၂၀၁၇ ခုႏွစ္၊ ဇန္န၀ါရီလ (၁၂) ရက္ေန႔တြင္ ရရိွထားျခင္းျဖစ္ၿပီး ျပည္ပဆက္သြယ္ေရး ကုမၸဏီ Viettel Global Investment Joint Stock Company Limited ႏွင့္ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္းပုိင္ Star High Company ႏွင့္ MNTH Public Limited တုိ႔သည္ Joint Venture Agreement က၂၀၁၆ ခုႏွစ္တြင္ လက္မွတ္ေရးထုိးႏုိင္ခဲ့ၿပီးေနာက္ တစ္ႏွစ္ႏွင့္ ငါးလအတြင္း လုပ္ငန္းမ်ား စတင္ႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Mytel တြင္ ျမန္မာဘက္မွ ပုဂၢလိကအမ်ားပုိင္အဖြဲ႕(၁၁)ဖြဲ႕ ပါ၀င္ဖြဲ႕စည္းထားရွိၿပီး အစုရွယ္ယာ (၅၁) ရာခုိင္ႏႈန္း ပါ၀င္္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျမန္မာႏုိင္ငံ၌ ျပည္ပေအာ္ပေရတာႏွစ္ခုျဖစ္သည့္ Ooredoo Myanmar Ltd ၊ Telenor Myanmar Ltd ႏွင့္ ျပည္တြင္းေအာ္ပေရတာမ်ားျဖစ္သည့္ MPT ႏွင့္ KDDI Summit Global Myanmar Company Limited တုိ႔က ဆက္သြယ္ေရး၀န္ေဆာင္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

Mytel ၏ First Call Announcement အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ႏုိင္ငံသံအမတ္ႀကီး H.E. Dr. Luan Thuy Duong ၊ Telecom International Myanmar Company Limited (Mytel) ဥကၠ႒ ဦးခင္ေမာင္စုိးႏွင့္ တာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ဓါတ္ပံု #တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာ Mytel၏ First Call Announcement ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့က နပြေည်တော်ရှိ Kempinski Hotel၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

(၇၁)နှစ်မြောက်ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုကာ ဖွင့်လှစ်သည့် အဆိုပါ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ထံ Mytel ဖြင့် Video Call ဖြင့် ဆက်သွယ်ခေါ်ဆို၍ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်တို့အား Video Call ဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့ကြောင်း သိရသည်။

မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်သည့် Telecom International Myanmar Company Limited(Mytel) သည် နိုင်ငံအဝှမ်းအော်ပရေတာအဖြစ် လုပ်ဆောင်နိုင်ရန်အတွက် (Nationwide Telecommunication License) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ရရှိထားခြင်းဖြစ်ပြီး ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ Viettel Global Investment Joint Stock Company Limited နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် MNTH Public Limited တို့သည် Joint Venture Agreement က၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် တစ်နှစ်နှင့် ငါးလအတွင်း လုပ်ငန်းများ စတင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Mytel တွင် မြန်မာဘက်မှ ပုဂ္ဂလိကအများပိုင်အဖွဲ့(၁၁)ဖွဲ့ ပါဝင်ဖွဲ့စည်းထားရှိပြီး အစုရှယ်ယာ (၅၁) ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် Ooredoo Myanmar Ltd၊ Telenor Myanmar Ltd နှင့် ပြည်တွင်းအော်ပရေတာများဖြစ်သည့် MPT နှင့် KDDI Summit Global Myanmar Company Limited တို့က ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နကြခြေင်းဖြစ်သည်။

Mytel၏ First Call Announcement အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Duong၊ Telecom International Myanmar Company Limited (Mytel) ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ #တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~