Writen by
Web Admin
2:20:00 PM
-
0
Comments
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္ နားေဘာ္ခိုင္ေက်းရြာတြင္ ဟင္းခ်က္ရန္ကိစၥျဖင့္ သားအမိႏွစ္ဦး စကားမ်ား ရန္ျဖစ္ရာမွ မိခင္ျဖစ္သူ ေသဆံုးသြားသျဖင့္ ေတာင္ယာတဲကိုပါ မီးရိႈ႕ခဲ့သည့္ သားျဖစ္သူအား ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
နားေဘာ္ခိုင္ေက်းရြာရိွ ဦးက်အီ၏ ေတာင္ယာတဲတြင္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔က ညေန (၄)နာရီခန္႔က ဦးက်အီ၏ဇနီး ေဒၚနာေထာႏွင့္ အသက္ (၂၂)ႏွစ္အရြယ္ သားျဖစ္သူ ယားဖူတို႔သည္ ဟင္းခ်က္ခိုင္းသည့္ ကိစၥႏွင့္ ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္ရာ ယားဖူက ေပါက္ျပားျဖင့္ ခုတ္ခဲ့သျဖင့္ ေဒၚနာေထာသည္ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ရာ ယားဖူက ေတာင္ယာအား မီးရိႈ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ေဖေဖာ္ဝါရီလ (၁၃) ရက္ေန႔တြင္ ယားဖူအား မိုင္းခုတ္ နယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၄၃၆/၂၀၁(လူသတ္မွု/ မီးရိႈ႕မႈ/ အေလာင္း ေဖ်ာက္ဖ်က္မႈ)ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် နားဘော်ခိုင်ကျေးရွာတွင် ဟင်းချက်ရန်ကိစ္စဖြင့် သားအမိနှစ်ဦး စကားများ ရန်ဖြစ်ရာမှ မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် တောင်ယာတဲကိုပါ မီးရှို့ခဲ့သည့် သားဖြစ်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
နားဘော်ခိုင်ကျေးရွာရှိ ဦးကျအီ၏ တောင်ယာတဲတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ညနေ (၄)နာရီခန့်က ဦးကျအီ၏ဇနီး ဒေါ်နာထောနှင့် အသက် (၂၂)နှစ်အရွယ် သားဖြစ်သူ ယားဖူတို့သည် ဟင်းချက်ခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး စကားများရန်ဖြစ်ရာ ယားဖူက ပေါက်ပြားဖြင့် ခုတ်ခဲ့သဖြင့် ဒေါ်နာထောသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ရာ ယားဖူက တောင်ယာအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ယားဖူအား မိုင်းခုတ် နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆/၂၀၁(လူသတ်မှု/ မီးရှို့မှု/ အလောင်း ဖျောက်ဖျက်မှု)ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
⊰❂ #TachileikNewsAgency #TachileikOnlineNews #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net ❂⊱
~~~~~~ ေၾကာ္ျငာ ~~~~~~

No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::