လယ္ကြင္းအတြင္း ေရေျမာင္းတူးရာမွ ေရွးေဟာင္းေငြဒဂၤါးမ်ား ေတြ႔ရိွ

လယ္ကြင္းအတြင္း ေရေျမာင္းတူးရာမွ ေရွးေဟာင္းေငြဒဂၤါးမ်ား ေတြ႔ရိွ
ဖေဖော်ဝါရီ 17, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္၊ မင္းကုန္း ေက်းရြာေျမာက္ဘက္ရိွ လယ္ကြင္းတြင္ ေရပိုက္ သြယ္တန္းရန္ ေျမာင္းတူးရာမွ ေရွးေဟာင္းေငြဒဂၤါး (၂၂၄)ျပားကို တူးေဖၚေတြ႔ရိွရသျဖင့္ ေရွးေဟာင္း သုေတသနသို႔ အပ္ႏွံရန္ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

ဦးတိုင္းေက်ာ္၏ လယ္ကြင္းတြင္ ၿမိဳ႕နယ္ၾကက္ေျခနီအသင္းက ေသာက္သုံးေရအတြက္ အဝီစိတြင္း တူးေဖာ္ၿပီး ေရတြင္းႏွင့္ ေပ (၂၆၀၀) ခန္႔အကြာတြင္ ေရပိုက္သြယ္တန္းရန္  ေဖေဖၚဝါရီလ (၁၄)ရက္ေန႔က ေျမာင္းတူးေဖာ္ရာ အနက္တစ္ေပခြဲခန္႔တြင္ ေရွးေဟာင္းေငြဒဂၤါးဟုယူဆရသည့္ ဒဂၤါးျပားမ်ား အႀကီး/ အေသး (၂၂၄) ျပားေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဒဂၤါးျပားမ်ားအား မိတၳီလာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးမ်ိဳးလြင္က ဒဂၤါးျပားမ်ားေတြ႕ရွိသူ ဦးတိုးေအာင္ အပါအဝင္ (၅) ဦးႏွင့္ေတြ႕ဆုံ၍ ဒဂၤါးျပားမ်ားအား ေရွးေဟာင္း သုေတသန သို႔ အေၾကာင္းၾကားအပ္ႏွံရန္ ပညာေပးေျပာၾကားခဲ့ရာ ဒဂၤါးျပားမ်ားအား တူးေဖာ္ ေတြ႕ရွိသူမ်ားက ေရွးေဟာင္းသုေတသနသို႔ ဆက္သြယ္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - MHAF


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မင်းကုန်း ကျေးရွာမြောက်ဘက်ရှိ လယ်ကွင်းတွင် ရေပိုက် သွယ်တန်းရန် မြောင်းတူးရာမှ ရှေးဟောင်းငွေဒင်္ဂါး (၂၂၄)ပြားကို တူးဖော်တွေ့ရှိရသဖြင့် ရှေးဟောင်း သုတေသနသို့ အပ်နှံရန် အကြောင်းကြားထားကြောင်း သိရသည်။

ဦးတိုင်းကျော်၏ လယ်ကွင်းတွင် မြို့နယ်ကြက်ခြေနီအသင်းက သောက်သုံးရေအတွက် အဝီစိတွင်း တူးဖော်ပြီး ရေတွင်းနှင့် ပေ (၂၆၀၀) ခန့်အကွာတွင် ရေပိုက်သွယ်တန်းရန် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က မြောင်းတူးဖော်ရာ အနက်တစ်ပေခွဲခန့်တွင် ရှေးဟောင်းငွေဒင်္ဂါးဟုယူဆရသည့် ဒင်္ဂါးပြားများ အကြီး/ အသေး (၂၂၄) ပြားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒင်္ဂါးပြားများအား မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က ဒင်္ဂါးပြားများတွေ့ရှိသူ ဦးတိုးအောင် အပါအဝင် (၅) ဦးနှင့်တွေ့ဆုံ၍ ဒင်္ဂါးပြားများအား ရှေးဟောင်း သုတေသန သို့ အကြောင်းကြားအပ်နှံရန် ပညာပေးပြောကြားခဲ့ရာ ဒင်္ဂါးပြားများအား တူးဖော် တွေ့ရှိသူများက ရှေးဟောင်းသုတေသနသို့ ဆက်သွယ်ထားကြောင်း သိရသည်။

ဓာတ်ပုံ - MHAF

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~